တစ်ချိန်က Sneaker တွေကို အပျော်ခရီးထွက်ချိန် စီးဖို့နဲ့ အားကစားသမားတွေအတွက် ပေါ့ပါးတဲ့ ဖိနပ်အဖြစ် သတ်မှတ်ခဲ့ကြတာပါ။

ဒီဘက်ခေတ်မှာတော့ Sneaker တွေဟာ နေရာတိုင်းမှာ စီးဖို့ အသင့်ဆုံး ဖိနပ်အမျိုးအစားအဖြစ် လက်ခံလာကြပါတယ်။

Sneaker တွေ ခေတ်စားလာပြီး လူတိုင်း စီးလာချိန်မှာ ဒီဖိနပ်တွေ စီးချိန် သိထားသင့်တာလေးတွေ မျှဝေချင်ပါတယ်။

(၁) အသက်အရွယ်မရွေး စီးနိုင်တယ်

အသက် ၃၀ ကျော် ၄၀ အရွယ် ရောက်နေလို့ Sneaker စီးလို့ ကောင်းပါ့မလားလို့ တွေးပူမနေပါနဲ့။ Sneaker စီးဖို့ အသက်ကန့်သတ်ချက် မရှိပါဘူး။ Sneaker တွေဟာ Sport Shoes ကနေ လာတာပါ။

ပေါ့ပါးတယ်။ လူငယ်ဆန်တယ်။ အပြင်ထွက်ပြီး အညောင်းအညာပြေ လမ်းလျှောက်တာပဲ ဖြစ်ဖြစ် ၊ Gym သွားပြီး Workout လုပ်ချိန်မှာ ဖြစ်ဖြစ် စီးလို့ ရပါတယ်။

(၂) Formal ပွဲတွေမှာ သတိထားပါ

သင်စီးတဲ့ ဖိနပ်ဟာ သင့်အဝတ်အစားရဲ့ ပုံရိပ်ကို မဖျက်ဆီးသင့်ပါဘူး။ Sneaker တွေဟာ ပေါ့ပေါ့ပါးပါး စီးရတဲ့ Casual Type ဖြစ်လို့ Formal ပွဲတွေမှာ ဝတ်တာမျိုးက မသင့်လျောဘူးလို့ ပြောချင်ပါတယ်။

Suit နဲ့ ပွဲတက်ချိန်မှာ Sneaker ကို ရွေးတာ မှားပါတယ်။ Sneaker နဲ့ ဝတ်စုံပြည့်ဝတ်လို့ရတဲ့အထဲမှာ အလွန်ဆုံးမှ Business Casual ပွဲတွေမှာ ဖြစ်ပါတယ်။

(၃) အမြဲသန့်ရှင်းအောင် ထားပါ

Sneaker တွေထဲမှာ ခေတ်အစားဆုံးအရောင်က အဖြူရောင် ဖြစ်ပါတယ်။ အင်မတန် ညစ်ပတ်လွယ်တဲ့ အရောင် ဖြစ်ပါတယ်။ ညစ်ပတ်ပေရေနေတဲ့ Sneaker တစ်ရံဟာ သန့်ရှင်းရေးလုပ်ဖို့ နည်းနည်း ပိုခက်ပါတယ်။

အထူးသဖြင့် ဖိနပ်မှာ အစွန်းထင်နေရင် တစ်ခါတစ်လေ ချွတ်မရအောင် စွဲကျန်နေတတ်လို့ပါ။ ဒီတော့ Sneaker အဖြူစီးရင် ဂရုစိုက်ပါ။ သန့်ရှင်းရေး လုပ်ဖို့ အချိန်မရရင် တစ်ခြားအရောင်ရွေးဝယ်ပါ။

(၄) Sneaker နဲ့ တွဲဝတ်စရာတွေ သိပါ‌စေ

Sneaker နဲ့ ဝတ်လို့ အကောင်းဆုံးက Casual ဖြစ်တဲ့ ဘောင်းဘီတွေပါ။ ဘောင်းဘီတိုတွေလည်း အဆင်ပြေသလို Chino နဲ့ ကာကီဘောင်းဘီတွေလည်း အဆင်ပြေပါတယ်။ တကယ်လို့ သင်ဟာ Jeans ဘောင်းဘီကြိုက်ရင် Jeans Pant နဲ့လည်း တွဲဝတ်လို့ ရပါတယ်။

(၅) Sneaker နဲ့ လိုက်တဲ့ အရောင် သိအောင် လုပ်ပါ

ဘယ်လိုအရောင်နဲ့မှ Sneaker တွေ တွဲဝတ်ရမယ်ဆိုတာတော့ တရားသေ မရှိပါဘူး။ Sneaker ကို နွေရာသီစီးရင် အရောင်လွင်လွင် ဖျော့ဖျော့လေးတွေနဲ့ တွဲဖက်သင့်ပါတယ်။ ညဘက်လိုမျိုး ခပ်မှိုင်းမှိုင်း အချိန်တွေမှာဆို အရောင်ရင့်ရင့်နဲ့ တွဲဝတ်သင့်ပါတယ်။

Sneaker နဲ့ ဘောင်းဘီကို တစ်ခြားစီ ဖြစ်အောင် အသားပေးပြီး ဖော်ပြချင်ရင် အရောင်ကွဲတွေ ဝတ်ပါ။ အပေါ်မှာ ဝတ်ထားတဲ့ အင်္ကျီကို ထင်ပေါ်စေချင်ရင် Sneaker နဲ့ ဘောင်းဘီအရောင် ဟပ်နေဖို့ လိုပါတယ်။