အဖြူရောင်ရှုးဖိနပ် အများစုဟာ ဝတ်ရတာစမတ်ကျသလောက် ထိန်းသိမ်းရလည်းခက်ပါတယ်။ အဖြူရောင်ဆိုတဲ့အတိုင်း ညစ်ပေးစွန်းထင်းဖို့လည်း အရမ်းကိုလွယ်ပါတယ်။

ဒါပေမယ့် စိတ်မပူပါနဲ့ အဖြူရောင်ရှုးဖိနပ်တွေကို အသစ်တိုင်းပြန်လည် သစ်လွင်တောင်ပြောင်အောင် သန့်ရှင်းရေးလုပ်လို့ရတဲ့ နည်းလမ်းလေးတွေရှိပါတယ်။

ခဲဖျက်နဲ့ သန့်ရှင်းရေးလုပ်နည်း

ခဲဖျက်တွေကိုအသုံးပြုပြီးလည်း အဖြူရောင်ဖိနပ်တွေကို သန့်ရှင်းရေးလုပ်နိုင်ပါတယ်။ အသုံးပြုနည်းကတော့ ဖိနပ်ပေါ်က အစွန်းအထင်းနေရာတွေကို ရေလေးနည်းနည်းစွတ်ပြီး ခဲဖျက်နဲ့ သေချာလေးပွတ်တိုက်ပေးရပါမယ်။ ဖိနပ်ပေါ်က အစွန်းအထင်း/အညစ်အကြေးတွေ မပျောက်မချင်း သေချာစိတ်ရှည်ရှည်နဲ့ ပွတ်တိုက်ပေးရုံပါပဲ။

အစွန်းချွတ်ဆေးနဲ့ သန့်ရှင်းရေးလုပ်လို့ရလား

အဖြူရောင်ရှုးဖိနပ်တွေကို အစွန်းချွတ်ဆေးသုံးပြီး သန့်ရှင်းရေးလုပ်လို့ရလားလို့ တော်တော်များများမေးကြပါတယ်။ အတိုချူံးဖြေရရင်တော့ ရပါတယ်။ ဒါပေမယ့် အစွန်းချွတ်ဆေးသုံးတဲ့အခါ အထူးသတိထားဖို့တော့လိုမှာပါ။

ဘာကြောင့်လဲဆိုရင် အစွန်းချွတ်ဆေးတွေမှာ အပြင်းစားအက်စစ်တွေပါဝင်တဲ့အတွက် ဖိနပ်တွေကိုပျက်စီးစေပြီး အဖြူရောင်ကနေ အဝါရောင်ဘက်ကိုပြောင်းသွားစေနိုင်ပါတယ်။ ဒါကြောင့် အစွန်းချွတ်ဆေးတွေနဲ့ သန့်ရှင်းရေး လုပ်မယ်ဆိုရင် အစွန်ချွတ်ဆေးတစ်စ ရေ ၅ စရောစပ်ပြီးသုံးသင့်ပါတယ်။

နောက်တစ်ခုသတိထားရမှာက အသားကိုတိုက်ရိုက်မထိအောင် လက်အိတ်ဝတ်ဖို့နဲ့ မျက်လုံး ၊ ပါးစပ်တွေထဲ မဝင်အောင်သတိထားဖို့ပါပဲ။ အကောင်းဆုံးကတော့ အစွန်းအထင်းကြီးကြီးမားမားမဟုတ်ရင် အထက်ပါသန့်ရှင်းရေးလုပ်နည်း ၃ မျိုးအပြင် သာမာန်ဆပ်ပြာမှုန်နဲ့ ရေကိုအသုံးပြုပြီး ပွတ်တိုက်ဆေးကြောတာကောင်းပါတယ်။ ချွတ်ရခက်တဲ့အစွန်းအထင်းတွေမှသာ အစွန်းချွတ်ဆေးကိုအသုံးပြုပေးပါ။

အမြဲဂရုစိုက်ပါ

White Shoes တွေကို Crazy ဖြစ်သူတစ်ယောက်ဆိုရင်တော့ ဖိနပ်တွေကို သေချာဂရုတစိုက်လေး စီးသင့်ပါတယ်။ ကြိုတင်ကာကွယ်ခြင်းဟာ ကုသခြင်းထက်ထိရောက်မှုရှိတယ်ဆိုသလို White Shoes တွေစီးတဲ့အခါ အစွန်းအထင်းတွေ ညစ်ပေမှုတွေမဖြစ်အောင် သေချာဂရုစိုက်သင့်ပြီး သွားမယ့်နေရာ ၊ ရာသီဥတု စတဲ့အချက်တွေကိုလည်း ကြည့်ပြီး ထိန်းထိန်းသိမ်းသိမ်းစီးဖို့ အကြံပြုချင်ပါတယ်။