Converse ရှူးတွေကို ကျန်းမာရေးဖိနပ်တွေအဖြစ် လူသိများပါတယ်။ မနက်ဘက်တွေမှာ ကျန်းမာရေးအရ လမ်းလျှောက်တာပဲဖြစ်ဖြစ် အပြေးလေ့ကျင့်တာပဲဖြစ်ဖြစ် Converse ရှူးတွေက သိပ်အသုံးဝင်ပါတယ်။

Converse ရှူးတွေဟာ အစီးများတဲ့ Footwear တွေဖြစ်လို့ သန့်ရှင်းရေးကောင်းကောင်းလုပ်ပေးဖို့လည်း လိုပါတယ်။ Converse ရှူးတွေ သန့်ရှင်းရေးလုပ်ရတာ မခက်ပါဘူး။ အခုပြောမယ့်နည်းလမ်းလေးတွေနဲ့ Converse ရှူးတွေ သန့်ရှင်းပေးလို့ရပါတယ်။

(၁) မုန့်ဖုတ်ဆိုဒါ သုံးပါ

အိမ်မှာ မုတ်ဖုတ်ဆိုဒါနဲ့ ဗင်နီကာရှိရင် Converse ရှူးတွေ သန့်ရှင်းရေး လုပ်နိုင်ပါတယ်။ ရှာလကာရည်နဲ့ မုန်ဖုတ်ဆိုဒါက အနံ့ဆိုးတွေပျောက်စေပြီး မှိုပေါက်ပွားမှုကို သတ်ပေးနိုင်စွမ်းရှိပါတယ်။

ရှာလကာရည် ခွက်တစ်ဝက်နဲ့ မုန့်ဖုတ်ဆိုဒါ ခွက်တစ်စိတ်စာလောက်ကို ခွက်တစ်လုံးထဲမှာ ရောမွှေပြီး ဘရပ်နဲ့ ဖိနပ်ကို တိုက်ပေးရုံပါပဲ။ မိနစ်အနည်းငယ်ကြာအောင် တိုက်ပေးပြီးတာနဲ့ နာရီဝက်အနည်းဆုံး ရေစစ်ထားလိုက်ပါ။ ပြီးရင် ရေအေးအေးနဲ့ ဆေးချလိုက်ရင် အသစ်အတိုင်း ဖြစ်သွားပါလိမ့်မယ်။

(၂) လက်သည်းချွတ်ဆေး သုံးပါ

အမျိုးသမီးတွေ သုံးတဲ့ လက်သည်းချွတ်ဆေး Nail Polish Remover နဲ့လည်း ဖိနပ်မှာ စွန်းထင်းပေကျံနေတာတွေ ရှင်းလင်းနိုင်ပါတယ်။ ဝါဂွမ်းလိပ်လေးထဲ လက်သည်းချွတ်ဆေးဆွတ်ပြီး ဖိနပ်ပေါ်က စွန်းပေနေတာတွေကို လိုက်ပွတ်ပေးပါ။ လက်သည်းချွတ်ဆေး မသုံးချင်ရင် ဖိနပ်သန့်ရှင်းရေးအတွက် Magic Eraser သုံးနိုင်ပါတယ်။

(၃) သွားတိုက်ဆေး

တကယ်လို့ အပေါ်က ပြောခဲ့တာတွေ အလွယ်မရှိရင် အိမ်မှာသုံးတဲ့ သွားတိုက်ဆေးနဲ့လည်း ဖိနပ်သန့်ရှင်းရေး လုပ်နိုင်ပါတယ်။ သွားတိုက်တံဟောင်းတစ်လက်နဲ့ သွားတိုက်ဆေးရှိရင် Converse ရှူးတွေ သန့်ရှင်းရေးလုပ်လို့ ရပါတယ်။ ချည်သားအနုစားနဲ့ အရင်ဆုံး ဖိနပ်ကို ပွတ်တိုက်ပါ။ ရေနည်းနည်းဆွတ်ပြီး တိုက်လို့လည်း ရပါတယ်။ ပြီးရင် သွားတိုက်ဆေးကို ဖိနပ်ပေါ်က အစွန်းအထင်းတွေပေါ် သုတ်လိမ်းပြီး သွားတိုက်တံနဲ့ စက်ဝိုင်းပုံစံ တိုက်ပေးပါ။

၁၀ မိနစ်အနည်းဆုံးထားပြီး တိုက်ပေးရမှာပါ။ သွားတိုက်ဆေးက Gel မဟုတ်တဲ့ သွားတိုက်ဆေးမျိုးဖြစ်ဖို့ လိုပါတယ်။ မဟုတ်ရင် ကာလာတွေ ပေကျံသွားနိုင်လို့ ဖြစ်ပါတယ်။ ပြီးရင် သွားတိုက်ဆေးကို အဝတ်စသန့်သန့်နဲ့ သုတ်ပြီး ဖိနပ်ကို လေဝင်လေထွက်ကောင်းတဲ့နေရာမှာ လေသလပ်ပြီး ခြောက်သွားအောင် ထားလိုက်ရုံပါပဲ။