[Zawgyi]

ကေလးေတြဆိုတာ စူးစမ္း သိလိုစိတ္ သိပ္ကို ျပင္းထန္ၾကတဲ့အရြယ္ပါ။ လူ႕ေလာကႀကီးထဲမွာ သူတို႔ ထက္အရင္ ေရာက္နင့္ေနၿပီးသားသူ အထူးသျဖင့္ မိဘေတြဆီက သူတို႔ သိခ်င္ စူးစမ္းခ်င္တဲ့ အရာေတြ အမ်ားႀကီးရွိပါတယ္။

ဒါ့ေၾကာင့္ သင့္ကေလးက သင့္ကို ေမးခြန္းေတြ ခဏခဏေမးတာမ်ိဳး ေဆာ့ကစားတာမ်ိဳး စသျဖင့္ အျပဳအမူ မ်ားစြာလုပ္တတ္ၾကပါတယ္။ အခုလို ကေလးေတြရဲ႕ အျပဳအမူနဲ႔ ပတ္သတ္လို႔ ဘယ္ေတာ့မွ မတားျမစ္သင့္တဲ႔ အရာေတြကို မွ်ေ၀ေပးခ်င္ပါတယ္။

၁။ ေမးခြန္းေတြ ေမးလာတဲ့အခါ

ကေလးဆိုတာ ကမၻာႀကီးအေၾကာင္း သိလို စိတ္ သိပ္ကိုမ်ားၾကပါတယ္။ သင့္ကို ေမးခြန္းေတြ အမ်ားႀကီး ေမးလာပါတယ္။ အဲဒီအခါ ႀကိဳးစားၿပီး ေျဖေပးပါ။ စိတ္မရွည္တဲ့ေလသံနဲ႔ မသိဘူး။ ညည္းအေမကို သြားေမးပါလားဆိုၿပီး ေျပာတာက ကေလးေတြရဲ႕ သိလိုစိတ္ကို တားျမစ္ရာေရာက္ၿပီး ေနာက္ဆို အဆူအေငါက္ခံရမွာေၾကာက္လို႔ လူေရွ႕ထြက္ရမွာ ေမးခြန္းေမးရမွာမ်ိဳးကို မလုပ္ရဲေတာ့ပါဘူး။

၂။ ကေလးေတြ ငိုတဲ့အခါ

ကေလးေတြ ငိုတဲ့အခါ မငိုနဲ႔ ရပ္စမ္းလို႔ ဘယ္ေတာ့မွ မတားျမစ္လိုက္ပါနဲ႔။ ငိုပါေစ။ အဲဒီလိုငိုတာဟာ သူတို႔ ဘာလို႔ ငိုရသလဲ၊ မ်က္ရည္က်ရသလဲဆိုတဲ့အခ်က္ကို နားလည္သြားေစပါတယ္။

၃။ ကေလးက ေလာဘႀကီးတဲ့အခါ

ငယ္ငယ္တုးန္ကေတာ့ အရာရာကို ေလာဘႀကီးၿပီး လိုခ်င္ၾကပါတယ္။ လူတိုင္း ေလာဘနဲ႔မကင္းပါဘူး။ ဒါေပမယ့္ ႀကီးလာတဲ့အခါ အလြန္အကၽြံ ေလာဘႀကီးတဲ့သူတစ္ေယာက္မျဖစ္ေစဖို႔ ငယ္စဥ္ကတည္းက သင္ၾကားျပသဖို႔လိုပါတယ္။

၄။ No လို႔ေျပာလာတဲ့အခါ

လူတိုင္းမွာ ကိုယ့္အခြင့္အေရးနဲ႔ သူရွိပါတယ္။ ကေလးေတြမွာလည္း သူ႕အခြင့္အေရးနဲ႔ သူပါ။ တခုခုဆိုရင္ ျငင္းလိုက္တာမ်ဳိးလုပ္လာတဲ့အခါ မရဘူး လုပ္ရမယ္ဆိုတာမ်ိဳး အတင္းအၾကပ္မခိုင္းပါဘူး။ အဲဒီအစား သေဘာတူညီမႈရေအာင္ ဘယ္လုိလုပ္မလဲဆိုတဲ့ နည္းလမ္းကို ရွာေဖြပါ။ ဘာလို႔ မလုပ္ခ်င္တာလဲဆိုတာကိုလည္းေသခ်ာ ရွာေဖြပါ။

၅။ ကေလးေတြ ဆူဆူညံညံလုပ္တဲ့အခါ

ကေလးေတြ သီခ်င္းဆိုတဲ့အခါ ဆူဆူညံညံေဆာ့ၾကတဲ့အခါ ဘယ္ေတာ့မွ မတားျမစ္လိုက္ပါနဲ႔။ သူတို႔ရဲ႕ လြတ္လပ္မႈ အရသာကို အျပည့္အ၀ ခံစားပါေစ။

၆။ လွ်ိဳ႕၀ွက္ခ်က္ထားျခင္း

ကေလးက သင့္အေပၚ တစ္ခုခု လွ်ိဳ႕၀ွက္ထားတယ္။ Privacy ထားတဲ့အခါ သင့္အေနနဲ႔ မပိတ္ပင္လိုက္ပါနဲ႔။ သူတို႔ အခြင့္အေရးနဲ႔ သူတို႔ ရွိပါေစ။

၇။ အမွားလုပ္တဲ့အခါ

မိဘေတြအေနနဲ႔ ကေလးေတြရဲ႕ အျပဳအမူနဲ႔ပတ္သက္ၿပီး ဘယ္ေတာ့မွ မတားျမစ္သင့္တဲ့ အရာေတြ

ကေလးေတြ အမွားလုပ္တဲ့အခါ ေအာ္တာ၊ ေငါက္တာမ်ိဳး မလုပ္ပါနဲ႔။ အမွားနားကေန အမွန္ကို သင္ယူႏိုင္ေအာင္ လမ္းျပေပးပါ။ မဟုတ္ရင္ သူတို႔ကိုယ္သူတို႔ ယံုၾကည္မႈ ေလ်ာ့သြားႏိုင္ပါတယ္။

[Unicode]

ကလေးတွေဆိုတာ စူးစမ်း သိလိုစိတ် သိပ်ကို ပြင်းထန်ကြတဲ့အရွယ်ပါ။ လူ့လောကကြီးထဲမှာ သူတို့ ထက်အရင် ရောက်နင့်နေပြီးသားသူ အထူးသဖြင့် မိဘတွေဆီက သူတို့ သိချင် စူးစမ်းချင်တဲ့ အရာတွေ အများကြီးရှိပါတယ်။

ဒါ့ကြောင့် သင့်ကလေးက သင့်ကို မေးခွန်းတွေ ခဏခဏမေးတာမျိုး ဆော့ကစားတာမျိုး စသဖြင့် အပြုအမူ များစွာလုပ်တတ်ကြပါတယ်။ အခုလို ကလေးတွေရဲ့ အပြုအမူနဲ့ ပတ်သတ်လို့ ဘယ်တော့မှ မတားမြစ်သင့်တဲ့ အရာတွေကို မျှဝေပေးချင်ပါတယ်။

၁။ မေးခွန်းတွေ မေးလာတဲ့အခါ

ကလေးဆိုတာ ကမ္ဘာကြီးအကြောင်း သိလို စိတ် သိပ်ကိုများကြပါတယ်။ သင့်ကို မေးခွန်းတွေ အများကြီး မေးလာပါတယ်။ အဲဒီအခါ ကြိုးစားပြီး ဖြေပေးပါ။ စိတ်မရှည်တဲ့လေသံနဲ့ မသိဘူး။ ညည်းအမေကို သွားမေးပါလားဆိုပြီး ပြောတာက ကလေးတွေရဲ့ သိလိုစိတ်ကို တားမြစ်ရာရောက်ပြီး နောက်ဆို အဆူအငေါက်ခံရမှာကြောက်လို့ လူရှေ့ထွက်ရမှာ မေးခွန်းမေးရမှာမျိုးကို မလုပ်ရဲတော့ပါဘူး။

၂။ ကလေးတွေ ငိုတဲ့အခါ

ကလေးတွေ ငိုတဲ့အခါ မငိုနဲ့ ရပ်စမ်းလို့ ဘယ်တော့မှ မတားမြစ်လိုက်ပါနဲ့။ ငိုပါစေ။ အဲဒီလိုငိုတာဟာ သူတို့ ဘာလို့ ငိုရသလဲ၊ မျက်ရည်ကျရသလဲဆိုတဲ့အချက်ကို နားလည်သွားစေပါတယ်။

၃။ ကလေးက လောဘကြီးတဲ့အခါ

ငယ်ငယ်တုးန်ကတော့ အရာရာကို လောဘကြီးပြီး လိုချင်ကြပါတယ်။ လူတိုင်း လောဘနဲ့မကင်းပါဘူး။ ဒါပေမယ့် ကြီးလာတဲ့အခါ အလွန်အကျွံ လောဘကြီးတဲ့သူတစ်ယောက်မဖြစ်စေဖို့ ငယ်စဉ်ကတည်းက သင်ကြားပြသဖို့လိုပါတယ်။

၄။ No လို့ပြောလာတဲ့အခါ

လူတိုင်းမှာ ကိုယ့်အခွင့်အရေးနဲ့ သူရှိပါတယ်။ ကလေးတွေမှာလည်း သူ့အခွင့်အရေးနဲ့ သူပါ။ တခုခုဆိုရင် ငြင်းလိုက်တာမျိုးလုပ်လာတဲ့အခါ မရဘူး လုပ်ရမယ်ဆိုတာမျိုး အတင်းအကြပ်မခိုင်းပါဘူး။ အဲဒီအစား သဘောတူညီမှုရအောင် ဘယ်လိုလုပ်မလဲဆိုတဲ့ နည်းလမ်းကို ရှာဖွေပါ။ ဘာလို့ မလုပ်ချင်တာလဲဆိုတာကိုလည်းသေချာ ရှာဖွေပါ။

၅။ ကလေးတွေ ဆူဆူညံညံလုပ်တဲ့အခါ

ကလေးတွေ သီချင်းဆိုတဲ့အခါ ဆူဆူညံညံဆော့ကြတဲ့အခါ ဘယ်တော့မှ မတားမြစ်လိုက်ပါနဲ့။ သူတို့ရဲ့ လွတ်လပ်မှု အရသာကို အပြည့်အ၀ ခံစားပါစေ။

၆။ လျှို့ဝှက်ချက်ထားခြင်း

ကလေးက သင့်အပေါ် တစ်ခုခု လျှို့ဝှက်ထားတယ်။ Privacy ထားတဲ့အခါ သင့်အနေနဲ့ မပိတ်ပင်လိုက်ပါနဲ့။ သူတို့ အခွင့်အရေးနဲ့ သူတို့ ရှိပါစေ။

၇။ အမှားလုပ်တဲ့အခါ

မိဘတွေအနေနဲ့ ကလေးတွေရဲ့ အပြုအမူနဲ့ပတ်သက်ပြီး ဘယ်တော့မှ မတားမြစ်သင့်တဲ့ အရာတွေ

ကလေးတွေ အမှားလုပ်တဲ့အခါ အော်တာ၊ ငေါက်တာမျိုး မလုပ်ပါနဲ့။ အမှားနားကနေ အမှန်ကို သင်ယူနိုင်အောင် လမ်းပြပေးပါ။ မဟုတ်ရင် သူတို့ကိုယ်သူတို့ ယုံကြည်မှု လျော့သွားနိုင်ပါတယ်။