ဓာတ်ပုံရိုက်တဲ့အချိန်မှာ မိန်းကလေးတိုင်း ကြုံရတဲ့အခက်အခဲတစ်ခုကတော့ လက်ကို ဘယ်နားထားရမှန်းမသိတာပါ။ ကိုယ်ကတော့ ပို့စ်ပေးကြမ်းပြီး လက်တွေကို စတိုင်မိမိထားလိုက်ပါရဲ့။ ပုံထွက်လာတော့ မလှမပဖြစ်နေတတ်ပါတယ်။

ဒီလိုအခက်အခဲကို ကျော်လွှားနိုင်ဖို့ကတော့ သူများတွေဘယ်လိုရိုက်လဲ လိုက်ကြည့်ဖို့နဲ့ မှန်ရှေ့ရပ်ပြီး ကိုယ်ဘယ်လိုနေရင်လှလဲသိဖို့ လေ့ကျင့်ရမှာပါ။ Selfie ပုံတစ်ပုံထက် တစ်ကိုယ်လုံးပုံကို ကြည့်ရှုသူတွေပိုနှစ်သက်တာ အားလုံးသတိထားမိကြမှာပါ။

ဒီတော့လက်ဘယ်နားထားရမလဲ။ ဘယ်လိုနေလိုက်ရင်လှမလဲ သိစေဖို့ ပျိုမေတို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

၁။ သင့်လက်ကို ဘောင်းဘီအိတ်ထဲထည့်ထားပါ

သင်က ဂျင်းဘောင်းဘီတစ်ထည်ဝတ်ထားရင်တော့ ဘောင်းဘီအိတ်ကပ်ပါမှာပါ။ သင့်လက်မကိုအိတ်ကပ်ထဲထည့်ထားနိုင်ပါတယ်။ တကယ်လို့ အိတ်ကပ်မပါရင်လဲ ဘောင်းဘီမှာ ခါးပတ်ထည့်မယ့် အပေါက်ထဲထည့်ထားနိုင်ပါတယ်။

၂။ သင့်လက်မောင်းကို ပြေပြေလျော့လျော့လေး လွှဲပေးပါ

ဆိုလိုတာက လက်အကြောတွေကို တင်းမထားဖို့ပါ။ လက်ကို စိတ်လွတ်ကိုယ်လွတ်ပဲ လွှဲထားလိုက်ပါ။ ဒါက သဘာဝဆန်တဲ့ပုံတစ်ပုံရရှိစေပါတယ်။

၃။ သင့်လက်မှာပစ္စည်းတစ်ခုခုကိုင်ထားပါ

သင့်လက်ကို ငြိမ်ငြိမ်မနေပါနဲ့။ အအေးခွက်တစ်ခွက်၊ အိတ်တစ်အိတ် ဒါမှမဟုတ် ပုလင်းတစ်ပုလင်းကိုင်ထားတာက သင့်ကိုပိုစတိုင်ကျစေပါတယ်။ မုန့်ထုပ်လေးကိုင်ထားလဲရပါတယ်။ တချို့တွေဆိုရင် လက်မှာတစ်ခုခုမကိုင်ထားရင် မနေတတ်ပါဘူး။ ကော်ဖီခွက်လေးနဲ့ဆိုရင်လည်း သင့်စိတ်တင်းမနေတော့ပါဘူး။ ရေခဲမုန့်လေးကိုင်ထားရင်လည်း ဖြစ်ပါတယ်။

၎။ သင့်လက်ကို ကစားနေပါ

ဆံပင်လေးကို ကိုင်ထားတာမျိုး၊ လက်တစ်ဖက်ပေါ်မှာ ကျန်လက်တစ်ဖက်ကို တွဲထားတာမျိုး အိုက်တင်ထုတ်ပါ။

၅။ သင့်လက်နဲ့ သင့်မျက်နှာကို ပံ့ပိုးပေးပါ

ပြထားတဲ့ပုံမှာဆိုရင် လက်နဲ့ မေးစေ့ကို ထိထားပါတယ်။

၆။ သင့်ရဲ့တင်ပါးဆုံကို လက်ထောက်တဲ့ပုံစံလုပ်ပါ

ခါးအောက်မှာရှိပါတယ်။ ခါးကို ထောက်တာက သင့်ခန္ဓာကိုယ်ကို တောင့်ထားတဲ့ပုံစံပေါ်ပါတယ်။ ပုံထဲမှာဆိုရင် လက်တစ်ဖက်ကို နံရံကို မှီထားပြီး ကျန်တစ်ဖက်က တင်ပါးဆုံကို ထောက်ထားတာပါ။

Source: emmasedition.com

By MyStyle Myanmar