ဓာတ်ပုံရိုက်ရတာဝါသနာပါတဲ့ လူငယ်ကောင်မလေးတွေအတွက် စတိုင်လ်ကျပြီးလှနေစေမယ့် ပို့စ်ပေးနည်းအိုင်ဒီယာတွေကို မျှဝေပေးလိုက်ပါတယ်။ ဓာတ်ပုံရိုက်တဲ့အခါ ပို့စ်တွေထွေထွေထူးထူး စဉ်းစားနေစရာမလိုအောင် ဒီပို့စ်အိုင်ဒီယာလေးတွေကို အသုံးချကြည့်လိုက်နော်။

ဖုန်းကိုင်ထားတဲ့လက်ပုံစံကြောင့် အမြင်ဆန်းပြီး ပိုလှသွားစေတာပါ။ ဖက်ရှင်ကျကျလေး ဝတ်စားထားပြီး ရိုက်တဲ့အခါမှာ ပိုပြီးတော့ စတိုင်လ်ကျလှပနေစေမယ့် ပို့စ်အိုင်ဒီယာလေးပဲ ဖြစ်ပါတယ်။

လမ်းမမှာ ဒီလိုလေးထိုင်ပြီး ပို့စ်ပေးကြည့်ပါ။ ချစ်ဖို့ကောင်းပါတယ်။

ဒီတိုင်းပဲမတ်တပ်ရပ်ရိုက်ရတာ ရိုးလာပြီဆိုတော့ ခြေထောက်ကိုဒီလိုလေးထားပြီး ရိုက်ကြည့်ပါ။ စတိုင်လ်ကျပြီးလှပါတယ်။

ဖက်ရှင်ကျကျဝတ်စားထားတဲ့အခါမှာ ကိုယ့်ဖက်ရှင်ကို ပိုပေါ်လွင်ပြီး စတိုင်လ်ကျလှပနေစေမယ့် ပို့စ်အိုင်ဒီယာလေးပါ။

ခုံမှာတည့်တည့်ထိုင်ရိုက်ရတာ ရိုးလာပြီဆိုတော့ ဒီလိုလေးထိုင်ပြီးရိုက်ကြည့်နော်။ ဝတ်ထားတဲ့ဖက်ရှင်လည်း ပေါ်လွင်ပြီး စတိုင်လ်ကျလှပနေမှာပါ။

ဓာတ်ပုံရိုက်ရင်လက်ဘယ်နားထားရမှန်း မသိတဲ့သူတွေအတွက် လက်နှစ်ဖက်လုံး အသုံးဝင်စေမယ့် ပို့စ်ပေးနည်းလေးပါ။

လှေကားထစ်အကြီးတွေမှာ ထိုင်ရိုက်တဲ့အခါ ဒီပို့စ်လေးက အရမ်းလှပါတယ်။ ဝတ်ထားတဲ့ဖက်ရှင်လည်းပေါ်လွင်ပြီး မိုက်နေစေမှာပါ။

ဖက်ရှင်ကျကျ စတိုင်လ်ကျကျဖြစ်နေစေမယ့် ပို့စ်အိုင်ဒီယာအသစ်လေးပါ။ လက်ဘယ်နားထားရမှန်းမသိတဲ့သူတွေဆို ဒီလိုလေးရိုက်ကြည့်နော်။

ကင်မရာမကြည့်ပဲရိုက်မယ်ဆိုရင် အသုံးဝင်မယ့် ပို့စ်ပေးနည်းလေးပါ။

လှေကားမှာရိုက်တဲ့အခါ အမြင်တစ်မျိုးဆန်းစေမယ့် ပို့စ်ပေးနည်းလေးပါ။ ဒီလိုလေးလည်း ရိုက်ကြည့်နော်။

Cute type လေးတွေဝတ်ထားတဲ့အခါမှာ ပိုချစ်ဖို့ကောင်းသွားစေမယ့် ပို့စ်ပေးနည်းလေးပါ။ ကိုယ်ဝတ်ထားတဲ့ ဖက်ရှင်နဲ့ အပြင်အဆင်ကိုလည်း ပိုပြီးပေါ်လွင်စေပါတယ်။