ဒီတစ်ခါမှာတော့ မိန်းကလေးတိုင်းအတွက် အသုံးဝင်စေမယ့် ဓာတ်ပုံရိုက်နည်းအိုင်ဒီယာတွေကို မျှဝေပေးလိုက်ပါတယ်။ ဓာတ်ပုံရိုက်ရင် ဘယ်လိုနေရမှန်းမသိတာ၊ ဘယ်လိုပို့စ်ပေးရမှန်းမသိတာနဲ့ပဲ ပုံကောင်းကောင်းမရဘူးဖြစ်နေတယ်ဆိုရင်တော့ ဒီပုံလေးတွေအတိုင်းသာ Try ကြည့်လိုက်တော့နော်။

ခရီးသွားတဲ့အခါ လေယာဉ်ပေါ်တက်ခါနီး ဓာတ်ပုံရိုက်ချင်တဲ့သူတွေအတွက် အသုံးဝင်စေမယ့် ဓာတ်ပုံရိုက်နည်းလေးပါ။ မျက်နှာမပေါ်ချင်တဲ့သူတွေအတွက်လည်း အဆင်ပြေတဲ့ပို့စ်လေးပါ။

ခရီးသွားတဲ့အခါမှာပဲဖြစ်ဖြစ်၊ ရှုခင်းလှတဲ့နေရာလေးတွေမှာ ရိုက်ရင်ပဲဖြစ်ဖြစ် ဒီလိုပုံစံလေးရိုက်တာက Freedom ပုံစံလေးနဲ့ ချစ်ဖို့ကောင်းပါတယ်။

မြင်ခင်းပြင်လေးမှာ ထိုင်ရိုက်တဲ့အခါ၊ ပန်းပင်လေးတွေနား ထိုင်ရိုက်တဲ့အခါမှာတော့ ဒီပို့စ်လေးနဲ့ ပုံရိုက်နည်းလေးက အရမ်းအသုံးဝင်ပါလိမ့်မယ်။ ချစ်ဖို့ကောင်းပြီး လှလည်းလှတဲ့ ပုံကောင်းလေးရလာပါလိမ့်မယ်။

ဆိုင်ထိုင်တဲ့အခါ၊ ခရီးသွားရင်းဆိုင်တွေထိုင်တဲ့အခါမှာ ရိုက်လို့ကောင်းတဲ့ ဓာတ်ပုံရိုက်နည်းနဲ့ ပို့စ်လေးဖြစ်ပါတယ်။

ခရီးသွားတဲ့အခါ ခုံတန်းလျားတွေမှာထိုင်ပြီး အမှတ်တရအနေနဲ့ ဓာတ်ပုံရိုက်ဖြစ်ရင် ဒီပုံလေးအတိုင်း ရိုက်ကြည့်ပါ။

ဆိုဖာမှာထိုင်ရိုက်တဲ့အခါ ဒီပို့စ်လေးက အရမ်းချစ်ဖို့ကောင်းပြီး လှလည်းလှပါတယ်။ Perfect ဖြစ်တဲ့ ပုံကောင်းတစ်ပုံ ထွက်လာမှာသေချာပါတယ်။

ပန်းစည်းလေးကိုင်ပြီး တစ်ကိုယ်လုံးပုံလေး ဓာတ်ပုံရိုက်မယ်ဆိုရင် ဒီပို့စ်လေးက အသုံးဝင်ပါလိမ့်မယ်။ ပို့စ်သိပ်မလုပ်တတ်တဲ့သူတွေအတွက်လည်း လွယ်ကူလွန်းတဲ့ ပို့စ်အိုင်ဒီယာလေးပါ။

ဂါဝန်လေးနဲ့ ခုံမှာထိုင်ရိုက်တဲ့အခါ၊ ဒန်းမှာထိုင်ရိုက်တဲ့အခါ အသုံးဝင်စေမယ့် ပို့စ်ပေးနည်းလေးပါ။ အရမ်းလှပါတယ်။

Beach သွားတဲ့အခါမှာ သူများနဲ့မတူတဲ့ပုံလေးတွေ ရိုက်ချင်တယ်ဆိုရင်တော့ ဒီပုံလေးတေါအတိုင်းသာ ရိုက်ကြည့်လိုက်နော်။

Ebike နဲ့ ဓာတ်ပုံရိုက်မယ့် ကောင်မလေးတွေအတွက် ချစ်ဖို့ကောင်းတဲ့ ပို့စ်ပေးနည်းအိုင်ဒီယာလေးပဲ ဖြစ်ပါတယ်။