တစ်ခါတလေ ဆွဲဆောင်မှုရှိတဲ့ Selfie ပုံကောင်းကောင်း ရိုက်ချင်ပေမယ့် ဘယ်လိုမှ အဆင်မပြေဘူးဖြစ်နေလား ? အိမ်မှာဖြစ်ဖြစ် Selfie ရိုက်တဲ့အခါ ၁၀ ပုံလောက်ရိုက်မှ စိတ်တိုင်းကျတာ တစ်ပုံလောက်ဘဲရတာမျိုးဖြစ်နေရင် အခုပြောမယ့်အချက်တွေကို သတိထားပြီး ရိုက်ကြည့်ပါ။

1 – ကင်မရာကို တတ်နိုင်သမျှ အဝေးမှာထားပါ

ဖုန်းကို မျက်နှာနီးအနီးမှာထားပြီးရိုက်တာထက် အဝေးမှာထားပြီးရိုက်တာက ပုံထွက်ပိုလှစေပါတယ်။

2 – မျက်လုံးအပေါ်မှာ ကင်မရာကို ကိုင်ထားပါ

ကင်မရာကိုကိုင်တဲ့အခါ မျက်နှာနဲ့တန်းတန်းကြီးထားတာထက် ကင်မရာက မျက်လုံးရဲ့အပေါ်မှာထားပြီး ရိုက်ပေးပါ။

3 – အလင်းအမှောင်ကိုစစ်ပါ

ဓာတ်ပုံရိုက်တဲ့အခါ အလင်းအမှောင်က အရေးကြီးတာမလို့ အရမ်းကြီးလင်းတဲ့နေရာ မှောင်တဲ့နေရာမျိုးကို ရှောင်ပါ။ အပြင်မှာဆိုရင် Selfie ရိုက်ဖို့ သစ်ပင်အောက် အရိပ်ရတဲ့နေရာကို ရှာကြည့်ပါ။

4 -The Rule of Thirds ကို သုံးပါ

ဓာတ်ပုံရိုက်တဲ့အခါ The Rule of Thirds ကိုသုံးတာက ပုံကောင်းကောင်းရဖို့ ပိုပြီး ကူညီပေးပါတယ်။ ဒါ့အပြင် Selfie ရိုက်တာက မျက်နှာကို အဓိကထားရိုက်တာမလို့ စိတ်အနှောင့်အယှက်မဖြစ်စေတဲ့ နောက်ခံကို ရွေးပါ။

5 – Lens ကို ကြည့်ပါ

Selfie ရိုက်တဲ့အခါ အများစုက Screen ပေါ်ကို ကြည့်တတ်ကြပါတယ်။ Screen ကိုကြည့်တာထက် Lens ကိုကြည့်တာက ပိုကောင်းတဲ့ Selfie ပုံကို ရစေပါတယ်။

6 – ပြုံးပါ

ဓာတ်ပုံရိုက်ရင် ပြုံးတတ်ဖို့ကလည်း အရေးကြီးတာမလို့ အရင်ဆုံး Selfie မရိုက်မီ သဘာဝကျကျ ပြုံးတတ်အောင် လေ့ကျင့်ပါ။