အမြဲရယ်ပြုံးနေတတ်တဲ့ ကောင်မလေးတွေက ဓာတ်ပုံရိုက်တဲ့အခါ ပို့စ်မပေးတတ်ရင်တောင်မှ ရယ်လိုက်ပြုံးလိုက်ရင် အလိုလို ချစ်ဖို့ကောင်းနေတာပါ။ ဒါကြောင့် အမြဲရယ်ပြုံးနေတဲ့ ကောင်မလေးတွေအတွက် ပိုပြီးချစ်ဖို့ကောင်းသွားအောင်၊ ဓာတ်ပုံရိုက်ရင် ပိုလှသွားအောင် ပို့စ်ပေးနည်းအိုင်ဒီယာလေးတွေကို မျှဝေပေးလိုက်ပါတယ်။

ဒီပုံလေးဆိုရင် အရမ်းလှပါတယ်။ ရိုက်ပေးမယ့်သူမရှိရင်တောင်မှ ဖုန်းထောင်ပြီး တစ်ယောက်ထဲရိုက်လို့ရတဲ့ ပို့စ်ဖြစ်ပါတယ်။

ဆိုင်တွေမှာထိုင်ပြီး ဓာတ်ပုံရိုက်တဲ့အခါ အမြန်ပို့စ်ပေးလို့ရတဲ့ ပုံစံလေးပါ။ ပို့စ်သိပ်မလုပ်တတ်တဲ့သူတွေအတွက်လည်း အလွယ်ကူဆုံးဖြစ်ပါတယ်။

ဝိုင်ခွက်လေးကိုင်ပြီး ရိုက်တဲ့အခါမှာ ဒီလိုလေးပို့စ်ပေးလိုက်ရုံနဲ့တင် လှနေပါပြီ။ အဓိကက မျက်နှာလေးရယ်ပြုံးနေတော့ တစ်ဝက်လောက်ကို လှနေပါပြီ။

အမြဲရယ်ပြုံးနေတဲ့ ကောင်မလေးတွေက ဒီလိုပို့စ်လေးတွေနဲ့ဆို အရမ်းလိုက်ဖက်တာကြောင့် ရိုက်ကြည့်လိုက်နော်။

အရမ်းလှသလို ချစ်ဖို့လည်းကောင်းတဲ့ ပို့စ်ပေးနည်းလေးပါ။ လှလှပပလေး ရယ်ပြုံးနေရုံနဲ့ လှစေမယ့် ပို့စ်လေးပါ။

မုန့်ဆိုင်လေးတွေ ဓာတ်ပုံရိုက်တဲ့အခါ ပို့စ်သိပ်မလုပ်တတ်တဲ့သူတွေက ဒီပို့စ်လေးအတိုင်း ရိုက်ကြည့်ပါ။ အမြဲရယ်ပြုံးနေတတ်တာဆိုရင် ဒီပို့စ်လေးက အလွယ်ကူဆုံး ဖြစ်မှာပါ။

နေပူထဲရိုက်တဲ့အခါ ဒီပို့စ်လေးက အသုံးဝင်ပါလိမ့်မယ်။ အရမ်းလည်းလှတဲ့ ပို့စ်လေးပါ။

ခရီးသွားတဲ့အခါမှာ ရိုက်လို့ကောင်းတဲ့ ပို့စ်လေးဖြစ်ပါတယ်။ Face expression က အသက်ပါပဲ။ Happy vibes လေးရစေပါတယ်။ ဒါကြောင့် အမြဲရယ်ပြုံးနေတဲ့ ကောင်မလေးတွေဆို ဒါမျိုးလေးတွေ ရိုက်ကြည့်နော်။

တစ်ကိုယ်လုံးပုံလေးတွေ ရိုက်တဲ့အခါမှာ ရိုးရိုးလေးနဲ့လှနေစေမယ့် ပို့စ်ပေးနည်းလေးပဲ ဖြစ်ပါတယ်။

နေထိုးနေတဲ့နေရာမျိုးမှာ မျက်နှာလေး Glow အောင် ရိုက်တဲ့အခါမျိုးမှာ အသုံးဝင်စေမယ့် ပို့စ်ပေးနည်းလေးပါ။ မျက်နှာလေးရယ်ပြုံးပြီးရိုက်ရင် ပိုလှသွားမှာ သေချာပါတယ်။

;