ဒီတစ်ခါမှာတော့ ဓာတ်ပုံရိုက်ရတာဝါသနာပါတဲ့ လူငယ်ကောင်မလေးတွေအတွက် လှလှပပလေးနဲ့ ချစ်ဖို့ကောင်းနေစေမယ့် Photo Idea, Pose Idea လေးတွေကို မျှဝေပေးလိုက်ပါတယ်။ ဘယ်လိုနေရာမှာ ဘယ်လိုအနေအထား၊ ဘယ်လိုပုံစံ Pose တွေနဲ့ရိုက်ရမလဲဆိုတာကိုပါ ပြောပြပေးလိုက်ပါတယ်။

အိပ်ယာပေါ်မှာ အိပ်ယာခင်းအဖြူခင်းပြီး ဒီလိုပုံလေးရိုက်ကြည့်ပါ။ ချစ်ဖို့ကောင်းတဲ့ပုံစံလေးနဲ့ ဆွဲဆောင်မှုရှိစေမယ့် ပုံကောင်းလေးရလာပါလိမ့်မယ်။

မြက်ခင်းမှာဆိုရင် ဒီတိုင်းထိုင်ရိုက်ရတာ ရိုးလာပြီဆိုတော့ ခုံလေးယူပြီး ဒီလိုလေးထိုင်ရိုက်ကြည့်နော်။ လက်ထဲမှာ ပန်းစည်း (သို့) စာအုပ်လေးကိုင်ထားရင်တော့ ပိုပြီး Perfect ဖြစ်သွားမှာပါ။ အဝတ်အစားကတော့ Cute Type နဲ့ မိန်းကလေးဆန်တာလေးတွေပဲ ဝတ်ပါ။

ခုနကလို ထိုင်ခုံနဲ့ရိုက်ဖို့ အဆင်မပြေတဲ့အခါမှာတော့ မြက်ခင်းမှာ အခင်းလေးခင်းပြီး ဒီ Pose လေးအတိုင်းနေပြီး ရိုက်ကြည့်ပါ။ အရမ်းလှတဲ့ပုံလေး ရလာပါလိမ့်မယ်။ အဝတ်အစားကိုလည်း မိန်းကလေးဆန်တဲ့ ဂါဝန်လေးတွေဝတ်ရင် ပိုလှမှာပါ။

ကော်ဖီဆိုင်တွေမှာ ခုံတန်းလေးဆိုရင် ဒီ Pose လေးနဲ့ ရိုက်ကြည့်ပါ။ လှပတဲ့ပုံကောင်းလေး ရလာပါလိမ့်မယ်။

အောက်မှာဒီတိုင်းထိုင်ရိုက်တဲ့အခါ ဒီ Pose အနေအထားလေးနဲ့ ရိုက်ကြည့်ပါ။ လှပပြီး ဆွဲဆောင်မှုရှိပါတယ်။

ကော်ဖီဆိုင်လေးတွေမှာ ထိုင်ရိုက်တဲ့အခါ အသုံးဝင်မယ့် Pose လေးပါ။ ဒီလိုပုံလေးတွေရိုက်တဲ့အခါ ခြေထောက်အနေအထားက အသက်ပါပဲ။ ခြေထောက်ထားပုံလေးလှနေရင် အားလုံးအဆင်ပြေပါတယ်။

 

ပန်းစည်းလေးကိုင်ပြီး မတ်တပ်ရပ်ရိုက်တဲ့အခါမှာ လှပပြီး ချစ်ဖို့ကောင်းနေစေမယ့် Pose လေးပါ။

 

ကိုယ်ဝတ်စားထားတဲ့ Fashion တွေအားလုံး ခေါင်းအစခြေအဆုံး ပေါ်လွင်ချင်တယ်ဆိုရင်တော့ ဒီပုံလေးအတိုင်းသာ Pose ပေးကြည့်လိုက်နော်။

 

ဒါကတော့ လူငယ်ကောင်မလေးတွေအတွက် ချစ်ဖို့ကောင်းနေစေမယ့် Cute Type Pose လေးပါပဲ။

 

Snap ပုံစံလေးနဲ့ ချစ်ဖို့ကောင်းတဲ့ Pose Idea လေးဖြစ်လို့ ဒီလိုလေးလည်း ရိုက်ကြည့်နော်။

 

တည်ငြိမ်တဲ့အဝတ်အစား Fashion လေးတွေနဲ့ ရိုက်ဖြစ်တဲ့အခါမှာတော့ ဒီလိုလေး Pose ပေးရိုက်ကြည့်ပါ။ လှပနေပါလိမ့်မယ်။ အလယ်တည့်တည့်မှာရပ်ပြီး မနေပဲ ဘေးဘက်လေးတိုးပြီး ရိုက်ပါ။ ဒါဆိုရင် ပိုလှပါတယ်။