နည်းပညာက တစ်စထက်တစ်စ တိုးတက်လာတာ မျက်မြင်ကိုယ်တွေ့ပါပဲ။ နောင်လာမဲ့ အနှစ် ၂၀ မှာ ဘယ်အရာတွေက ပျောက်ကွယ်သွားပြီး အစားထိုးဝင်ရောက်လာမလဲ၊ လူနေမှုဘဝကို ဘယ်လိုအထောက်အကူပေးပြီး အသုံးပြုရတာလွယ်ကူမလဲဆိုတဲ့ အရာတစ်ချို့ကို ဖော်ပြပေးလိုက်ပါရပါတယ်။

ရီမုတ်

ရီမုတ်တွေအစား Smart Phone တွေ Tablet တွေနဲ့ အစားထိုး ထိန်းချုပ်နိုင်မှာဖြစ်တဲ့ အတွက်ကြောင့် ရီမုတ်တွေက အသုံးလိုမှာ မဟုတ်တော့ပါဘူး။

ပိုက်ဆံ (သို့မဟုတ်) ကတ်ဖြင့် ငွေပေးချေခြင်း

၂၀၁၇ ခုနှစ်မှာ ကောက်ယူတဲ့စစ်တမ်းအရ လူအယောက်တစ်ထောင်မှာ ၁၂၀ ယောက်ကသာ ငွေသားပေးချေမှုစနစ်ကို သဘောကျပြီး ကျန်တဲ့သူများကတော့ ကတ်နဲ့ ငွေပေးချေကြပါတယ်။ အခုခေတ်မှာတော့ လူတော်တော်များများက ဖုန်းအသုံးပြုပြီးတော့ ငွေပေးချေတာတွေ ပြုလုပ်လာကြတဲ့အတွက် ၂၀၃၈ လောက်ဆိုရင်တော့ ပိုက်ဆံ ဒါမှမဟုတ် ကတ်နဲ့ ငွေပေးချေတဲ့စနစ်တွေ ပျောက်သွားတော့မှာပါ။

သော့

သင့်အိမ်သော့အစား ဖုန်းထဲက Application အသုံးပြုခြင်း၊ အသံစနစ်ဖြင့် အမိန့်ပေးခြင်း၊ မျက်ကြည်လွှာကို Scan ဖတ်ပြီး သင့်တိုက်ခန်းတံခါးကို ဖွင့်လာနိုင်တော့မှာပါ။

ဝါယာကြိုးများ

သီချင်းနားထောင်ခါနီး ရှုပ်ထွေးပြီး ဖြည်ရခက်တာမျိုးတွေ ကြုံရတော့မှာ မဟုတ်ပါဘူး။

ဆေးထိုးအပ်

ဆေးထိုးအပ်ကြောက်တဲ့ သူတွေ အတွက်ကတော့ သတင်းကောင်းပါပဲ။ သိပ္ပံပညာရှင်တွေကတော့ ဆေးထိုးမလား၊ ဆေးသောက်မလားစတဲ့ ရွေးချယ်ဖို့ နည်းလမ်း ၂ မျိုးပေးထားပါတယ်။

အိမ်အရောက် ဝန်ဆောင်မှုပေးခြင်း

အွန်လိုင်းရှော့ပင်းကပဲဖြစ်ဖြစ်၊ ဆိုင်တစ်ဆိုင်က ပစ္စည်းဝယ်ယူတဲ့အခါ လူကိုယ်တိုင် လာရောက်ပို့ပေးမှာ မဟုတ်တော့ဘဲ ဒရုန်းနဲ့ ပို့ဆောင်ပေးခြင်းတွေ ပေါ်လာတော့မှာပါ။

လက်မှတ်ရေးထိုးခြင်း

လက်မှတ်ထိုးမဲ့အစား ကိုယ့်မျက်နှာကို မှတ်ထားပြီး Scan ဖတ်ပေးတဲ့ နည်းပညာအသစ် ပေါ်ပေါက်လာတော့မှာပါ။

ပလပ်စတစ်အိတ်

ပလပ်စတစ်အိတ်တွေက တစ်ခါဆွေးမြည့်ဖို့ဆိုရင် နှစ်ပေါင်းရာချီကြာမြင့်ပါတယ်။ အချို့နိုင်ငံတွေမှာဆို ပလပ်စတစ်အိတ်ကို အသုံးပြုတာတွေ ပိတ်ပင်ထားလိုက်ပါပြီ

ကွန်ပျူတာမောက်စ်

ကွန်ပျူတာမောက်စ်အစား လက်ရွေ့လျားမှု၊ မျက်လုံးရွေ့လျားမှုကို အသုံးပြုတဲ့ နည်းပညာတွေပေါ်ပေါက်လာတော့မှာပါ။

Source: Brightside.me