အသက်အရွယ်လေးရလာရင် တစ်နည်းနည်းနဲ့ ဆံပင်တွေ ကျွတ်တာ ကြုံရပါလိမ့်မယ်။ အခုခေတ်မှာ အင်တာနက် ကျေးဇူးနဲ့ဆံပင်မကျွတ်အောင် ကာကွယ်တားဆီးတဲ့ အလွယ်နည်းတွေ ပေါ်လာပြီ ဖြစ်ပေမယ့် အကုန်လုံးကတော့ စိတ်ချရတယ်လို့ပြောလို့မရပါဘူး။

အခုပြောမိတဲ့ နည်းလမ်းအမှားတွေနဲ့ ဆံပင်ကျွတ်တာကို ဖြေရှင်းနေရင် ရပ်တန်ဖို့အကြံပေးချင်ပါတယ်။

(၁) ဆေးသုံးခြင်း

ဆံပင်အကျွတ် သက်သာအောင် ဆိုပြီး Supplement တွေ ဝယ်သုံးကြတာကို တကယ့်နည်းမှားလို့ပြောချင်ပါတယ်။ ဟိုလူဒီလူညွှန်းတဲ့ ဆေးတွေ သောက်တာဟာ အန္တရာယ်ရှိပါတယ်။ အကောင်းဆုံးက Hair Treatment ပေးနိုင်မယ့် ဆရာဝန်နဲ့တွေ့ပြီး ကုသမှူ ခံယူတာပါပဲ။

(၂) Chocolate Massage

ဒါလည်း သိပ္ဗံနည်းကျ လက်ခံလို့မရတဲ့ နည်းလမ်းဖြစ်ပါတယ်။ ခန္ဓာကိုယ်ကို ချောကလက်နဲ့နှိပ်နယ်ပေးတာဟာ ဆံပင် ကောင်းလာမယ်ဆိုတဲ့ အယူအဆတွေ ရှိပါတယ်။ ချောကလက်ဟာ အသားအရေအတွက် ကောင်းတာနဲ့ပဲ ဆံပင်အတွက် ကောင်းမယ်လို့ပြောလို့မရပါဘူး။

(၃) Shampoo အလွန်အကျွံ သုံးခြင်း

ဆံပင်ကျွတ်တာကို ကာကွယ်ပေးနိုင်တယ်ဆိုတဲ့ Shampoo နဲ့ Conditionersတွေကို အများကြီး သုံးနေမိပြီလား။ ဒါဆိုရင် ဆံပင်ပိုကျွတ်ဖို့ရှိပါတယ်။ Anti-Hair Fall Productsအများစု ဟာ ဆံပင်ကျွတ်ခြင်းကို နှေးကွေးစေပေမယ့် ဉာဏ်ရှိရှိ သုံးသင့်ပါတယ်။

(၄) ဆံပင်ပျော့ဆေးကို ခေါင်းပေါ်မှာ အကြာကြီး ထားခြင်း

ခေါင်းလျှော်ရည် အများကြီး သုံးတာလိုပဲ Conditioners တွေကို ၅ မိနစ် ၁၀ မိနစ်ကြာအောင် ခေါင်းပေါ်မှာ မလျှော်ဘဲ ထားမယ်ဆိုရင် ဒီထဲမှာပါတဲ့ ဓါတုပစ္စည်းတွေကြောင့် ဆံသားပျက်စီးနိုင်ပါတယ်။

(၅) Hair Spray သုံးခြင်း

ဆံပင်ပျက်စီးမှူ ဖြစ်စပြုပြီ ဆိုတာနဲ့ ဂျယ်လ်တို့ Wax တို့သုံးတာက အစ လျှော့သင့်ပါတယ်။ နောက်တစ်ခုက Hair Spray သုံးတာကလည်း ဆံပင်မွေးညင်းပေါက်တွေ ပိတ်ပြီး ဆံသား ပျက်စေတာကြောင့် ရှောင်သင့်ပါတယ်။