လူတွေက တစ်ယောက်နဲ့တစ်ယောက် တွေ့ကြတယ်။ ချစ်သွားကြတယ်။ လက်ထပ်ကုန်ကြတယ်။ ဒါက ပြောရင် ကြားရင်တော့ တော်တော်ရိုးရှင်းနေသလိုပဲ။ အခုတစ်ခါမှာတော့ သင့်ကို တစ်ဖက်သားက ဆွဲဆောင်မှုမရှိဘူးလို့ ထင်သွားစေမယ့် အချက်လေးတွေကို ပြောပြပေးသွားမှာဖြစ်လို့ ဒီအချက်လေးတွေကို အတတ်နိုင်ဆုံး မလုပ်မိအောင် ရှောင်ရှားနိုင်အောင်ကြိုးစားပါ။

တစ်ဖက်သားက သဘောကျဖို့ အရမ်းကြိုးစားတာ

လူတယောက်ရဲ့အချစ်ကို ရဖို့ နေ့ညမအား ကြိုးစားနေတာ အဖြေတစ်ခုမဟုတ်ပါဘူး။ တဖက်သားအတွက် စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။ ပြီးတော့ သင့်ကို အလုပ်မရှိအကိုင်နဲ့ အားနေတဲ့သူလို့ ထင်သွားပါလိမ့်မယ်။

တစ်ယောက်တည်းနေတာ

တစ်ယောက်တည်းနေတာက ကျန်းမားရေးနဲ့စိတ်ခံစားမှုတချို့အတွက် ကောင်းကျိုးတွေရှိတာအမှန်ပါ။ ဒါပေမယ့် ကိုယ့်ရဲ့လက်တွဲဖော်ကို ရှာတော့မယ်ဆိုရင်တော့ ဒီလိုနေတာ အခက်အခဲတစ်ခုဖြစ်လာနိုင်ပါတယ်။

လေ့လာသူတွေကတော့ သူငယ်ချင်းအဖွဲ့တွေနဲ့ အချိန်ဖြုန်းတတ်တဲ့သူတွေက အများအမြင်မှာပိုပြီး ကြည့်ကောင်းတယ်လို့ ပြောထားပါတယ်။

ဟာသညဏ်မရှိတာ

လေ့လာသူတွေကတော့ ဟာသညဏ်ရှိတဲ့ သူတွေက မာနကြီးတဲ့သူတွေထက် ပိုပြီးဆွဲဆောင်မှုရှိတယ်လို့ ဖော်ပြထားပါတယ်။

အိပ်ရေးဝဝ မအိပ်တာ

အိပ်ရေးမဝခြင်းရဲ့ ဆိုးကျိုးတွေကို တော်တော်များများ သိကြမယ်ထင်ပါတယ်။ မျက်လုံးနီတာ၊ မျက်နှာဖောင်းပွလာတာ သို့ မျက်နှာကျသွားတာ၊ အသားအရေ မွဲခြောက်သွားတာတွေက အိပ်ရေးမဝခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေပါ။ တရက်ကို ၇-၈ နာရီထိအိပ်ပြီး ဆွဲဆောင်မှု ရှိအောင်နေကြပါ။