ချောမွေ့တောက်ပတဲ့ ဆံကေသာအလှကို ပိုင်ဆိုင်ဖို့ စိတ်ကူးရှိပါသလား။ ဆံကေသာ ခြောက်သွေ့ကြမ်းတမ်းရခြင်းရဲ့ အဓိကအရင်းအမြစ်ကို နားလည်နိုင်မှသာ သင့်တော်တဲ့ အဖြေတစ်ခုကို ရရှိမှာဖြစ်ပါတယ်။ ခြောက်သွေ့ကြမ်းတမ်းတဲ့ ဆံကေသာဟာ ထိတွေ့ကိုင်တွယ်လိုက်တာ (သို့) မျက်စိအမြင်နဲ့ ကြည့်လိုက်ရုံနဲ့ သိနိုင်ပါတယ်။ မျက်လုံးထဲ မြင်အောင်ပြောရရင်တော့ ခြောက်သွေ့ကြမ်းတမ်းတဲ့ ဆံကေသာဟာ ပြောင်းဖူးမွေးနဲ့ တူပါတယ်။

ဒါပေမယ့် ဒီလိုဆံကေသာ ခြောက်သွေ့ကြမ်းတမ်းနေတာကို ပြန်ပြီးကုသလို့ရပါတယ်။ အရင်ဆုံးတော့ ဆံပင်ဘာလို့ ခြောက်သွေ့ကြမ်းတမ်းရသလဲဆိုတာကို ကြည့်ရအောင်ပါ။

ရာသီဥတု

နေရောင်ခြည်ထိတွေ့မှု၊ ရေကူးခြင်း စတာတွေဟာ သင့်ဆံကေသာကို ရေဓာတ်ခမ်းခြောက်စေပါတယ်။ ဒါ့အပြင် အလွန်အမင်းအေးတာ၊ ပူလွန်းတာဟာလည်း သင့်ဆံကေသာကို ခြောက်သွေ့ကြမ်းတမ်းစေပါတယ်။လေထုညစ်ညမ်းမှုအပါအဝင် ဖုန်နဲ့ ကလိုရင်း အလွန်အကျွံထိတွေ့ခြင်းတွေကလည်း သင့်ဆံကေသာကို ခြောက်သွေ့ကြမ်းတမ်းစေပါတယ်။

ဟော်မုန်းအပြောင်းအလဲဖြစ်ခြင်း

ဟော်မုန်းအပြောင်းအလဲကြောင့်လည်း သင့်ဆံကေသာ ခြောက်သွေ့ကြမ်းတမ်းစေတယ်လို့ စိတ်ပညာရှင်တွေက ဆိုပါတယ်။

ခေါင်းလျှော်ရည် မှားယွင်းစွာ အသုံးပြုခြင်း

ကိုယ်ဆံကေသာအမျိုးအစားနဲ့ မသင့်တော်တဲ့ ခေါင်းလျှော်ရည်သုံးတာဟာ သင့်ဆံကေသာကို ပိုပြီးကြမ်းတမ်းစေပါတယ်။ ခြောက်သွေ့ကြမ်းတမ်းတဲ့ဆံသားပိုင်ရှင်တွေအနေနဲ့ ဆံကေသာကို အားဖြည့်ပေးတဲ့ အဆီတစ်ခုပဲ ပါဝင်တဲ့ ခေါင်းလျှော်ရည်အစား အဆီ ၂ မျိုး၊ ၃ မျိုးပါတဲ့ ခေါင်းလျှော်ရည်ကို အသုံးပြုပေးသင့်ပါတယ်။

Dove ရွှေရောင် ခေါင်းလျှော်ရည်မှာ အုန်းဆီ၊ ဗာဒံဆီ နဲ့ နေကြာဆီ ၃ မျိုးပါဝင်ပြီး ဆံကေသာ အတွင်းပိုင်းအထိ စိမ့်ဝင်နိုင်စွမ်းရှိလို့ ခြောက်သွေ့ကြမ်းတမ်းနေတဲ့ ဆံကေသာကို စေးကပ်မှုမရှိစေဘဲ ပြန်လည် ချောမွေ့ပျော့ပြောင်း တောက်ပြောင်စေပါတယ်။

ဆံပင်ရေစိုနေတဲ့အချိန်မှာ ခေါင်း ဖြီးခြင်း

သင့်ဆံပင် ရေစိုနေချိန်မှာ ခေါင်းဖြီးရင် ဆံပင်ပိုပြီး ကျိုကြေပျက်စီးစေတယ်ဆိုတာကို သတိရပါ။ ဆံကေသာ ခြောက်သွေ့ ကြမ်းတမ်းပျက်စီးခြင်းမှကာကွယ်ဖို့အတွက် ဘီးကျဲတဲ့ ခေါင်းဘီးကို အသုံးပြုပေးပါ။

နေ့စဉ်အသုံးပြုနေတဲ့ ဆံပင်အပူပေးစက်တွေ

ဆံပင်ခြောက်သွေ့ပျက်စီးရတဲ့ နောက်ထပ်အကြောင်းရင်းတစ်ခုကတော့ နေ့စဉ် ဆံပင်လေမှုတ်ခြင်း၊ ဆံပင်ဖြောင့်ခြင်း၊ ကောက်ခြင်းတွေပဲဖြစ်ပါတယ်။ မသက်သာလို့ လုပ်မယ်ဆိုရင်လည်း ဆံသားပျက်စီးမှုကို ကာကွယ်ဖို့ Serum ကို အနည်းငယ်လိမ်းပေးသင့်ပါတယ်။

သင့်ရဲ့ ဆံကေသာထိန်းသိမ်းမှုကို Serum လိမ်းပေးခြင်းဖြင့် အဆုံးသတ်ပါ

Serum ဟာ ဆံကေသာ ခြောက်သွေ့ကြမ်းတမ်းခြင်းအတွက် အထူးကောင်းမွန်ပါတယ်။ Dove ကထုတ်လုပ်ထားတဲ့ Serum ဟာ သာမန် Serum တွေနဲ့မတူဘဲ အုန်းဆီ၊ ဗာဒံဆီ၊ နေကြာဆီတို့ကို ပေါင်းစပ်ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဒါ့ကြောင့် ခေါင်းမလျှော်ခင်နဲ့ ခေါင်းလျှော်ပြီး ဘယ်အချိန်မဆို သင့်တော်သလို အသုံးပြုနိုင်ပါတယ်။