မင်္ဂလာပါ… ပျိုမဒီတို့ရေ….. စာဖတ်သူတွေထဲမှာ ဒေါက်ဖိနပ်စီးရတာ ကြိုက်တဲ့လူတွေရှိလားရှင် ? ဒေါက်ဖိနပ်က စီးရတာတာ စမတ်ကျပေမယ့် သူပေးတဲ့ဒဏ်ရာကလည်း မသေးပါဘူးနော်။ တနေကုန် လမ်းလျှောက်ရတဲ့နေမှာများ စီးမိရင် ညနေဆို စီးမိတဲ့ ကိုယ့်ကိုယ်ကိုတောင် စိတ်တိုမိမှာ အမှန်ပါဘဲနော်။ ဒါပေမယ့်လည်း ဒေါက်ဖိနပ်ဆိုမှဒေါက်ဖိနပ် ဖြစ်နေတဲ့ မမ ညီမလေးတို့အတွက် ဒေါက်ဖိနပ်ကို သက်တောင့်သက်သာစီးနိုင်ဖို့ နည်းလမ်းလေးတွေ ဖော်ပြပေးလိုက်ပါတယ်နော်။

အံဝင်ဂွင်ကျမှု

ဖိနပ်က ခြေထောက်နဲ့ အံဝင်ခွင်ကျဖြစ်ဖို့လည်း အရေးကြီးပါတယ်။ ဖိနပ်က ကြီးလွန်းရင် သေးရင် ဖိနပ်ပေါက်ပြီး လမ်းလျှောက်ရတာ ပိုခက်လို့ပါ။

ဖိနပ်ဒေါက်

ဖိနပ်ရဲ့ဒေါက်က မညီဘူးဆိုရင် ခြေထောက်နာရုံသာမက ဒူးခေါင်း၊ နောက်ကျောအောက်ပိုင်းနဲ့ ဟန်ချက်မညီတဲ့ ကိုယ်ဟန်အနေအထားကြောင့် လမ်းလျှောက်ရတာ ခက်ခဲစေပါတယ်။

Insole

ဒေါက်ဖိနပ်စီးတဲ့အခါ insole က သက်တောင့်သက်သာရှိစေဖို့ ကူညီပေးနိုင်ပါတယ်။ ဒါပေမယ့် Insole က ဖိနပ်မှာ နေရာယူတာကြောင့် ဖိနပ်ဆိုဒ်ပိုကြီးဖို့တော့ လိုအပ်ပါလိမ့်မယ်။

ခြေချောင်းလေးတွေ

ဆွဲဆောင်မှုရှိတဲ့ ဒေါက်ချွန်ဖိနပ်တွေရဲ့ထိပ်အချွန်တွေ ခြေချောင်းတွေကို ညှစ်ထားသလိုဖြစ်နေတတ်တာမလို့ စီးတဲ့အချိန်ကြာလာရင် ခြေချောင်းလေးတွေနာလာတတ်ပါတယ်။ ဒါကြောင့် ဖိနပ်စီးတဲ့အခါ ခြေချောင်လေးတွေကို ထိပ်မှာ ညှစ်မထားဘဲ သက်တောင့်သက်သာထားနိုင်တဲ့ ဖိနပ်မျိုးကို ရွေးစီးတာ အကောင်းဆုံးပါဘဲ။

ဖိနပ်အပို

ပွဲတက်ဖို့အတွက် ဒေါက်ဖိနပ်စီးရမယ်ဆိုရင် တခြားဖိနပ်တစ်ရံကို အပိုဆောင်ယူသွားပါ။ ပွဲမစခင်မှာ သက်တောင့်သက်သာဖြစ်စေတဲ့ဖိနပ်ကို စီးပြီး ပွဲတက်ခါနီးမှ ဖိနပ်လဲစီးလိုက်ပါ။