သင့်ချစ်သူမိန်းကလေးက စိတ်ဓာတ်မာတဲ့သူလား။ တခါတလေ သူ့ကို မင်းကအကျောသိပ်မာတာပဲလို့ အပြစ်တင်သလိုလေး ပြောဖူးသလား။ စိတ်ဓာတ်မာတဲ့ ကောင်မလေးတစ်ယောက်ကို ချစ်သူတော်ထားတဲ့သူတွေအနေနဲ့ သိထားသင့်တဲ့ အချက်တွေကို မျှဝေပေးချင်ပါတယ်။

၁။ မိမိကိုယ်ကို ရယူနိုင်တယ်

သူတို့တွေဟာ တခါတလေ သင့်ကို အားမကိုးဘဲ သူ့ဘာသာသူ ဖြေရှင်းတတ်ပါတယ်။ တခါတလေ သင်ကအကူအညီပေးချင်ရင်တောင်မှ သူကသင့်အကူအညီကို မယူဘဲနေတတ်ပါတယ်။ အဲဒီအခါ သင့်အနေနဲ့ စိတ်ထဲမထားပါနဲ့။

၂။ သူ့မှာ တီထွင်ကြံဆနိုင်တယ်

စိတ်ဓာတ်ခိုင်မာတဲ့ အမျိုးသမီးတွေဟာ ပွင့်လင်းတယ်။ အသစ်အဆန်းကို တီထွင်ကြံဆနိုင်တယ်။ စာဖတ်တာကို သဘောကျတယ်။ သူဝါသနာပါတာကိုလုပ်တတ်ပါတယ်။

၃။ ပြောဆိုဆက်သွယ်မှုကောင်းတယ်

သူမဟာ စကားပြောဆိုဆက်သွယ်မှုကောင်းမွန်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူတို့ရဲ့ ခံစားချက်ကိုလည်း မဖုံးကွယ်တတ်ပါတယ်။

၎။ သူ့ကိုယ်သူ ဘယ်လိုဂရုစိုက်ရမလဲဆိုတာ သိတယ်

စိတ်ဓာတ်ခိုင်မာတဲ့အမျိုးသမီးတွေဟာ သူ့ကိုယ်သူ ဘယ်လိုဂရုစိုက်ရမလဲဆိုတာကို သိကြပါတယ်။ သူ့ခြေခခထောက်ပေါ်သူရပ်နိုင်ပါတယ်။ ဒါ့ကြောင့် နားလည်ပေးဖို့ကြိုးစားလိုက်ပါ။

၅။ သူ့မှာ ပန်းတိုင်ရှိတယ်

သူမှာ တိကျရှင်းလင်းတဲ့ ရည်မှန်းချက်ပန်းတိုင်ရှိပါတယ်။သူလိုချင်တဲ့အရာ၊ ဖြစ်ချင်တဲ့အရာကို မလုပ်အောင် မတားပါနဲ့။

၆။ သင်နဲ့ပဲအမြဲအချိန်ဖြုန်းချင်မှာမဟုတ်ဘူး

တခါတလေမှာ သူမတစ်ယောက်တည်းပဲ နေချင်တဲ့အချိန်ရှိမယ်။ တခြားသူတွေနဲ့အတူတူ အချိန်ကုန်ဆုံးချင်တဲ့အချိန်ရှိပါမယ်။ ဒါပေမယ့် အဲဒါကို နားလည်ဖို့ကြိုးစားလိုက်ပါ။

၇။ ကိစ္စတစ်ခုခုကို ရှင်းရှင်းလင်းလင်းသိချင်တယ်

စိတ်ဓာတ်ခိုင်မာတဲ့မိန်းကလေးတွေဟာ ကိစ္စတစ်ခုကို မတင်မကျခံစားနေရတာမျိုးမကြိုက်ကြပါဘူး။ ရှင်းရှင်းလင်းလင်သိချင်ကြါပတယ်။

၈။ နာကျင်ရမှာကြောက်တယ်

စိတ်ဓာတ်ခိုင်မာတဲ့သူဖြစ်ပေမယ့် သူတို့ဟာ နာကျင်ရမှာကို ကြောက်ပါတယ်။ ဒါ့ကြောင့် သူမကို နာကျင်အောင်မလုပ်ပါနဲ့။