ကားမောင်းတတ်လားရှင့်။ ကားမောင်းနေတဲ့အချိန်မှာ ကိုယ် Steer ကိုင်တဲ့ပုံစံကိုရော သတိထားမိလား။ စာဖတ်သူတို့ကော ဘယ်လိုပုံစံလေး ကား Steer ကိုင်တတ်သလဲဆိုတာ Comment လေးတွေပေးခဲ့ဦးနော်။

၁။ လက်တစ်ဖက်တည်း Steer ဘေးဘက်ကိုကိုင်ထားတယ်။

သင်ဟာ အေးအေးဆေးဆေးသမားဖြစ်ပါတယ်။ ဘ၀ကတတ်နိုင်သလောက် ရိုးရိုးလေးနေထိုင်ချင်ပြီး စိတ်ဖိစီးမှုတွေ မထားချင်တဲ့သူပါ။ သင့်မှာ အရမ်းရင်းနှီးတဲ့ မိတ်ဆွေသူငယ်ချင်းတွေလောက်ကိုပဲ အပေါင်းသင်းလုပ်တတ်ပါတယ်။ ဒရမ်မာတွေကိုစိတ်မ၀တ်စားသူဖြစ်ပါတယ်။ သင်ဟာ ခေတ်ဆန်သူတစ်ယောက်မဟုတ်ပေမယ့် သင့်ရဲ့စတိုင်လ်လေးနဲ့ ကြည့်မရိုးနိုင်သူပါ။ အနာဂတ်မှာလည်း စိတ်ဖိစီးမှု ကြောက်ရွံ့မှုတွေမရှိဘဲ အေးအေးဆေးဆေး ဘ၀ကို ဖြတ်သန်းချင်သူဖြစ်ပါတယ်။

၂။ လက်တစ်ဖက်က အပေါ် တစ်ဖက်က အောက်ကိုကိုင်ထားတယ်။

သင်ဟာ ယုတ္တိရှိတဲ့ အရာကိုမှယုံတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ကျိုးကျောင်ဆီလျော်မှု ဆင်ခြင်တုံတရားရှိတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သင့်ရဲ့ အကြံဥာဏ်တွေ စွမ်းရည်တွေနဲ့ မှန်ကန်တဲ့ ဆုံဖြတ်ချက်တွေ ချမှတ်နိုင်သူဖြစ်ပါတယ်။ တခါတလေ စိတ်အပြောင်းအလဲမြန်ပေမယ့် သင့်ရဲ့ စိတ်ခံစားချက်တွေကိုတော့ ထိန်းထားနိုင်သူပါ။

၃။ လက်နှစ်ဖက်နဲ့ steer အလည်ကို ကိုင်ထားရင်

သင်ဟာ ငြိမ်းချမ်းရေးသမားဖြစ်တယ်။ ပဋိပက္ခတွေကို ရွံမုန်းတတ်သူဖြစ်ပါတယ်။ အသံကို တိုးတိုးသာပြောတတ်ပြီး ခပ်ကျယ်ကျယ်ပြောလေ့မရှိပါဘူး။ ရန်ညိုးထားတာတွေက သင့်ကို ၀မ်းနည်းစေပြီး မသက်မသာဖြစ်စေပါတယ်။ သင့်မှာ ငြိမ်းချမ်းရေးလုပ်ယူနိုင်တဲ့ အရည်အသွေးတွေရှိပြီး ပြဿနာတွေကို ဖြေရှင်းနိုင်တယ်။ မတည့်တဲ့သူတွေကို ပြန်လည်အဆင်ပြေအောင် ညှိနှိုင်းပေးနိုင်သူပါ။

၎။ လက်နှစ်ဖက်နဲ့ Steer အပေါ်ပိုင်းကိုင်ထားတယ်။

သင်ဟာ ဒါလုပ်မယ်ဆို ဒါလုပ်တတ်သူဖြစ်ပြီး လူတွေ အားကျရတဲ့သူဖြစ်ပါတယ်။ ဘယ်အရာမဆို မှန်မှန်ကန်ကန် လုပ်သင့်တယ်လို့ ယုံကြည်နေသူဖြစ်ပါတယ်။ အလုပ်ကြိုးစားသူလည်းဖြစ်ပါတယ်။

၅။ လက်နှစ်ဖက်ကို steer ထိတ်ပိုင်းကို ကိုင်ထားရင်။

သင်ဟာ သတိနဲ့ နေတတ် သူတစ်ယောက်ဖြစ်ပါတယ်။ စိုးရိမ်ပူပန်မှုတွေနဲ့ ရုန်းကန်နေရသူဖြစ်ပါတယ်။ တစ်နည်းပြောရရင်တော့ စိုးရိမ်တတ်တဲ့သူဖြစ်ပါတယ်။

၆။ လက်တစ်ဖက်ကို Steer အလယ်မှာ တင်ထားတယ်

သင်ဟာ စွန့်စားတတ်သူဖြစ်ပါတယ်။ အတွေ့အကြုံသစ်တွေကို အမြဲရှာဖွေနေတတ်သဖြစ်ပါတယ်။ တစ်ချို့သူတွေက သင့်ကို ထိခိုက်မှာ စိုးရိမ်ကြပြီး သင့်ရဲ့ စွန့်စားလိုစိတ်ကိုလည်း လေးစားနားလည်ကြပါတယ်။

၇။ လက်နှစ်ဖက်ကို Steer ရဲ့ အောက်ဖက်ကို ကိုင်ထားရင်။

သင်ဟာ သူဌေးတစ်ယောက်ပါလိုပါပဲ။ သင့်ရဲ့လုပ်ဆောင်မှုအတွက် တာဝန်ယူတတ်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ တခြားသူတွေက လမ်းညွှန်ပြသပေးတဲ့သူအဖြစ် မြင်ကြပါတယ်။ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ အရည်အချင်းတွေကိုလည်း လေးစားတဲ့သူပါ။

၈။ လက်နှစ်ဖက်ကို Steer အောက်မှာ စုပြီးကိုင်ထားရင်

သင်ဟာ အလုပ်ကြိုးစားတဲ့သူတစ်ယောက်ဖြစ်ပြီး ကြင်နာ သနားတတ်သူ တစ်ယောက်ဖြစ်ပါတယ်။ တခြားသူရဲ့ အောင်မြင်မှုတွေကိုလည်း မုဒိတာပွားနိုင်သူဖြစ်ပြီး တခြားသူလိုအပ်တာတွေကိုလည်း ထောက်ပံ့ပေးတတ်တဲ့သူပါ။

၉။ လက်တစ်ဖက်ကို Steer အပေါ်ပိုင်းအလည်တည့်တည့်မှာ ထားရင်

သင်ဟာ အနေအေးသူတစ်ယောက်ဖြစ်ပါတယ်။ အေးအေးဆေးဆေးပဲနေတတ်တဲ့တစ်ယောက်ပါ။ တစ်ယောက်ယောက်က စိတ်ညစ်နေတဲ့အခါ သင့်ကိုရှာဖွေကြပါတယ်။

၁၀။ လက်တစ်ဖက်က steer ဘေးဖက်ကိုကိုင်ထားပြီး တစ်ဖက်က အလည်မှာထားထားရင်။

အခုပုံစံဟာ ဟွန်းတီးဖို့ အသင့်အနေအထားရှိနေတဲ့ ပုံစံပါပဲ။ ဒါ့ကြောင့် သင်ဟာ တစ်နေရာသွားဖို့ အလျင်လိုနေတယ်။ သင်သွားမယ့် လမ်းတွေမှာ လူတွေပိတ်ပြီးရပ်နေတာကို အမြန်ဆုံး ရှင်းလင်းချင်တဲ့သူတွေပါ။ သင့်ရည်ရွယ်ချက်ပန်းတိုင်မှာ တားဆီးနေတဲ့ အတားအဆီတွေအတွက် သင်အချိန်ပေးမှာမဟုတ်ပါဘူး။  သင့်ရဲ့ ရည်ရွယ်ချက်တွေကို ပြီးမြောက်အောင်လုပ်ဖို့ စိတ်အားထက်သန်သူတစ်ယောက်ဖြစ်ပါတယ်။