Smokey Eye ျခယ္တာက မိန္းကေလးေတြၾကားမွာ ေရပန္းစားတဲ့ မိတ္ကပ္လိမ္းနည္းတစ္မ်ိဳးပါ။ ျခယ္တတ္ရင္လည္း အရမ္းလွသြားသလို မျခယ္တတ္ရင္လည္း ၾကည့္ရဆိုးသြားေစပါတယ္။ တခ်ဳိ႕က်လည္း Smokey Eye Look ကိုပါးလြန္းၿပီး မျမင္ရတာ၊ ထူလြန္းၿပီး ပန္ဒါဝက္ဝံပံုစံျဖစ္သြားတာေတြ ရွိပါတယ္။

ဒီေတာ့ မ်က္လံုးျခယ္တာကို အခုမွ စျခယ္မယ့္ပ်ိဳေမေတြအေနနဲ႔လည္း ဒီနည္းလမ္းေတြကို လုပ္ၾကည့္ပါေနာ္။ ခုေျပာျပထားတဲ့ နည္းလမ္းအေသးစိတ္အတိုင္းလုပ္ရင္ေတာ့ တျဖည္းျဖည္းနဲ႔ ျပည့္စံုတဲ့ Smokey Eye Look ကို ရလာမွာပါ။

အဆင့္ ၁-  အိုင္းရွဲဒိုး Primer

သင္ျခယ္ထားတဲ့ အိုင္းရွဲဒိုးၾကာရွည္ခံဖို႔ Primer သံုးရပါမယ္။

အဆင့္ ၂- Concealer

Smokey look က မ်က္လံုးေပၚမွာ အနက္ဘက္သြားတာပါ။ ဒီေတာ့ သင့္မ်က္လံုးေအာက္ဘက္ အိုင္းရွဲဒိုးေရာက္ၿပီး ညိဳသြားတာမ်ိဳးမျဖစ္သင့္ပါဘူး။ ဒီေတာ့ မ်က္လံုးေအာက္ညိဳတာမ်ိဳးမျဖစ္ေစဖို႔ Concealer သံုးေပးပါ။

အဆင့္ ၃- Powder မႈန္႔နဲ႔ Setting ခ်ပါ

ေဖာင္ေဒးရွင္းလိမ္းၿပီးေနာက္ မ်က္ႏွာမြတ္မြတ္ေလးျဖစ္ဖို႔ Translucent powder ထပ္ေပးပါ။

အဆင့္ ၄- အနက္ေရာင္အိုင္းရွဲဒိုး

မ်က္လံုးအေပၚကို အနက္ေရာင္အိုင္းရွဲဒိုးပါးပါးေလးျခယ္ေပးပါ။ ၿပီးေနာက္ မ်က္လံုးေအာက္ပါ ပါးပါးေလးျခယ္ပါ။ ဒီေနရာမွာ သင့္ရဲ႕ ဉာဏ္ကြန္႔ၿပီး ျခယ္ႏိုင္ပါတယ္။ အိုင္းရွဲဒိုးအေရာင္က အနက္ေရာင္သံုးရမယ္ဆိုၿပီး တသမတ္တည္းမရွိပါဘူး။ မိုးျပာေရာင္၊ အညိဳေတာက္ေတာက္၊ မီးခိုးေရာင္၊ ေတာအုပ္စိမ္းေရာင္ေတြ သံုးႏိုင္ပါတယ္။

အဆင့္ ၅- စျခယ္ပါ

အနက္ေရာင္အိုင္းရွဲဒိုးျခယ္တဲ့အခ်ိန္ မ်က္ႏွာရဲ႕ တျခားေနရာေတြ စြန္းသြားတာမ်ဳးိမျဖစ္ဖို႔ မွန္ကန္တဲ့ ဘရပ္ရွ္သံုးေပးရပါမယ္။ မ်က္လံုးျခယ္တဲ့အခ်ိန္ စက္ဝိုင္းပံုစံေလးျခယ္ေပးပါ။ စက္ဝိုင္းဆြဲသလို ျခယ္တာကို ဆိုလိုပါတယ္။ ၿပီးေနာက္ မ်က္လံုးေအာက္ကိုပါ ျခယ္ပါ။

အဆင့္ ၆- အိုင္းလိုင္နာဆြဲပါ

Smokey Eye ရဖို႔ အိုင္းလိုင္နာ မဆြဲလို႔မရပါဘူး။ အိုင္းလိုင္နာဆြဲမွ သင့္ရဲ႕ မ်က္လံုးျခယ္ထားတာကို ပိုေပၚလြင္ေစမွာပါ။

အဆင့္ ၇- Highlight ျခယ္ပါ

မ်က္လံုးအေရာင္လင္းဖို႔ သင့္ရဲ႕ မ်က္လံုးေထာင့္နဲ႔ မ်က္လံုးအေပၚကို Highlight ျခယ္ေပးရပါမယ္။

အဆင့္ ၈- မ်က္ေတာင့္ေကာ့တံနဲ႔ မ်က္ေတာင္ေကာ့ပါ

မ်က္ေတာင္ေကာ့တံနဲ႔ သံုးစကၠန္႔ၾကာ မ်က္ေတာင္ေကာ့ေပးရပါမယ္။ ကိုယ္လိုခ်င္တဲ့ မ်က္ေတာင္အေကာ့ပံုစံရတဲ့အထိ ဆက္လုပ္ေပးပါ။ ပိုသိသာေစခ်င္ရင္ မ်က္ေတာင္ေကာ့တံကို Hair Dryer နဲ႔ အပူေပးၿပီး မ်က္ေတာင္ေကာ့ႏိုင္ပါတယ္။

အဆင့္ ၉- မ်က္ေတာင္ေကာ့ပါ

သင့္ရဲ႕ Smokey Eye ကို မ်က္ေတာင္ေကာ့ေဆးနဲ႔ အၿပီးသတ္ပါ။ မ်က္လံုးနက္နက္နဲ႔ ဆြဲေဆာင္မႈရွိတဲ့ အလွကို ရရွိေစမွာပါ။

အဆင့္ ၁၀- မ်က္လံုးအေရာင္ေတာက္တဲ့ အမႈန္႔ေလးေတြ ျခယ္ပါ

Glitter လို႔လည္းေခၚႏိုင္ပါတယ္။ ကိုယ့္ရဲ႕ Smokey Eye Look ကို အၿပီးသတ္အေနနဲ႔ Sparkle Eyeshadow ကို လက္ကေလးနဲ႔ ဖိၿပီး ျခယ္သြားပါ။

(Unicode Version)

Smokey Eye ခြယ်တာက မိန်းကလေးတွေကြားမှာ ရေပန်းစားတဲ့ မိတ်ကပ်လိမ်းနည်းတစ်မျိုးပါ။ ခြယ်တတ်ရင်လည်း အရမ်းလှသွားသလို မခြယ်တတ်ရင်လည်း ကြည့်ရဆိုးသွားစေပါတယ်။ တချို့ကျလည်း Smokey Eye Look ကိုပါးလွန်းပြီး မမြင်ရတာ၊ ထူလွန်းပြီး ပန်ဒါဝက်ဝံပုံစံဖြစ်သွားတာတွေ ရှိပါတယ်။ ဒီတော့ မျက်လုံးခြယ်တာကို အခုမှ စခြယ်မယ့်ပျိုမေတွေအနေနဲ့လည်း ဒီနည်းလမ်းတွေကို လုပ်ကြည့်ပါနော်။ ခုပြောပြထားတဲ့ နည်းလမ်းအသေးစိတ်အတိုင်းလုပ်ရင်တော့ တဖြည်းဖြည့်နဲ့ ပြည့်စုံတဲ့ Smokey Eye Look ကို ရလာမှာပါ။

အဆင့် ၁- အိုင်းရှဲဒိုး Primer

သင်ခြယ်ထားတဲ့ အိုင်းရှဲဒိုးကြာရှည်ခံဖို့ Primer သုံးရပါမယ်။

အဆင့် ၂- Concealer

Smokey look က မျက်လုံးပေါ်မှာ အနက်ဘက်သွားတာပါ။ ဒီတော့ သင့်မျက်လုံးအောက်ဘက် အိုင်းရှဲဒိုးရောက်ပြီး ညိုသွားတာမျိုးမဖြစ်သင့်ပါဘူး။ ဒီတော့ မျက်လုံးအောက်ညိုတာမျိုးမဖြစ်စေဖို့ Concealer သုံးပေးပါ။

အဆင့် ၃- Powder မှုန့်နဲ့ Setting ချပါ

ဖောင်ဒေးရှင်းလိမ်းပြီးနောက် မျက်နှာမွတ်မွတ်လေးဖြစ်ဖို့ Translucent powder ထပ်ပေးပါ။

အဆင့် ၄- အနက်ရောင်အိုင်းရှဲဒိုး

မျက်လုံးအပေါ်ကို အနက်ရောင်အိုင်းရှဲဒိုးပါးပါးလေးခြယ်ပေးပါ။ ပြီးနောက် မျက်လုံးအောက်ပါ ပါးပါးလေးခြယ်ပါ။ ဒီနေရာမှာ သင့်ရဲ့ ဉာဏ်ကွန့်ပြီး ခြယ်နိုင်ပါတယ်။ အိုင်းရှဲဒိုးအရောင်က အနက်ရောင်သုံးရမယ်ဆိုပြီး တသမတ်တည်းမရှိပါဘူး။ မိုးပြာရောင်၊ အညိုတောက်တောက်၊ မီးခိုးရောင်၊ တောအုပ်စိမ်းရောင်တွေ သုံးနိုင်ပါတယ်။

အဆင့် ၅- စခြယ်ပါ

အနက်ရောင်အိုင်းရှဲဒိုးခြယ်တဲ့အချိန် မျက်နှာရဲ့ တခြားနေရာတွေ စွန်းသွားတာမျိုးမဖြစ်ဖို့ မှန်ကန်တဲ့ ဘရပ်ရှ်သုံးပေးရပါမယ်။ မျက်လုံးခြယ်တဲ့အချိန် စက်ဝိုင်းပုံစံလေးခြယ်ပေးပါ။ စက်ဝိုင်းဆွဲသလို ခြယ်တာကို ဆိုလိုပါတယ်။ ပြီးနောက် မျက်လုံးအောက်ကိုပါ ခြယ်ပါ။

အဆင့် ၆- အိုင်းလိုင်နာဆွဲပါ

Smokey Eye ရဖို့ အိုင်းလိုင်နာ မဆွဲလို့မရပါဘူး။ အိုင်းလိုင်နာဆွဲမှ သင့်ရဲ့ မျက်လုံးခြယ်ထားတာကို ပိုပေါ်လွင်စေမှာပါ။

အဆင့် ၇- Highlight ခြယ်ပါ

မျက်လုံးအရောင်လင်းဖို့ သင့်ရဲ့ မျက်လုံးထောင့်နဲ့ မျက်လုံးအပေါ်ကို Highlight ခြယ်ပေးရပါမယ်။

အဆင့် ၈- မျက်တောင့်ကော့တံနဲ့ မျက်တောင်ကော့ပါ

မျက်တောင်ကော့တံနဲ့ သုံးစက္ကန့်ကြာ မျက်တောင်ကော့ပေးရပါမယ်။ ကိုယ်လိုချင်တဲ့ မျက်တောင်အကော့ပုံစံရတဲ့အထိ ဆက်လုပ်ပေးပါ။ ပိုသိသာစေချင်ရင် မျက်တောင်ကော့တံကို Hair Dryer နဲ့ အပူပေးပြီး မျက်တောင်ကော့နိုင်ပါတယ်။

အဆင့် ၉- မျက်တောင်ကော့ပါ

သင့်ရဲ့ Smokey Eye ကို မျက်တောင်ကော့ဆေးနဲ့ အပြီးသတ်ပါ။ မျက်လုံးနက်နက်နဲ့ ဆွဲဆောင်မှုရှိတဲ့ အလှကို ရရှိစေမှာပါ။

အဆင့် ၁၀- မျက်လုံးအရောင်တောက်တဲ့ အမှုန့်လေးတွေ ခြယ်ပါ

Glitter လို့လည်းခေါ်နိုင်ပါတယ်။ ကိုယ့်ရဲ့ Smokey Eye Look ကို အပြီးသတ်အနေနဲ့ Sparkle Eyeshadow ကို လက်ကလေးနဲ့ ဖိပြီး ခြယ်သွားပါ။

Source: Herbeauty.co

By MyStyle Myanmar