ဝက်ခြံကြောင့် ဖြစ်ပေါ်လာတဲ့ အမာရွတ်ဟာ ရုပ်ရည်သွင်ပြင်ကို များစွာ ထိခိုက်စေနိုင်ပါတယ်။ အဓိကအားဖြင့်တော့ ဝက်ခြံတွေကို လက်နဲ့ ညှစ်မိတာကနေတဆင့် မျက်နှာပေါ်မှာ ကြည့်ရဆိုးစေတဲ့ အမာရွတ်တွေ ထင်ကျန်စေခဲ့တာပါ။

ဒီလို ဝက်ခြံကြောင့် ဖြစ်ပေါ်လာတဲ့ အမာရွတ်တွေကို ငွေကုန်ကြေးကျမများပဲ သက်သာစေမယ့် အိမ်တွင်းကုထုံး တချို့ကို ပြောပြပေးချင်ပါတယ်။

(၁) ပျားရည်

ပျားရည်တစ်ဇွန်း ၊ မုန့်ဖုတ်ဆိုဒါတစ်ဇွန်း ရောစပ်ပြီး အမာရွတ်နေရာကို ၃ မိနစ်ကနေ ၅ မိနစ် ကြာသုတ်လိမ်းပေးပါ။ ပြီးရင် ရေနွေးနဲ့ပိုးသတ်ထားတဲ့ Towel တစ်ခုနဲ့အုပ်ထားပါ။ Tower အေးသွားချိန်မှာ မျက်နှာကိုတစ်သျှူး တစ်ခုခုနဲ့သုတ်ပေးရမှာ ဖြစ်ပါတယ်။

တကယ်လို့နနွင်းရှိရင် ပျားရည်နဲ့နနွင်းတစ်ဇွန်းစီ စပ်တူရောပြီး အမာရွတ် နေရာမှာ မိနစ် ၂၀ ခန့်ကြာအောင် သုတ်ပေးရမှာပါ။ အချိန်စေ့တာနဲ့ ရေအေးအေးနဲ့ ဆေးပေးရမှာပါ။

(၂) ကြက်ဥအကာ

ကြက်ဥအကာကို ပန်းကန်လုံးတစ်ခုမှာထည့်ပြီး ဝါဂွမ်းလေးနဲ့တို့ကာ မျက်နှာပေါ်က အမာရွတ် နေရာတွေကိုလိမ်းပြီး တစ်ညလုံးထားပေးရမှာပါ။ မနက်ကျရင်တော့ ကြက်သီးနွေး ရေနွေးနွေးလေးနဲ့ ဆေးပေးရမှာ ဖြစ်ပါတယ်။

(၃) သံပုရာသီး

အရင်ဆုံး မျက်နှာ သစ်ထားပါ။ သံပုရာသီးတစ်လုံးကို ယူပြီးညှစ်ထားပါ။ ပြီးရင် ဝါဂွမ်းဖတ် ကလေးနဲ့သံပုရာရည်ယူပြီး အမာရွတ် နေရာကိုပွတ်ပြီး ၁၀ မိနစ်ကြာအောင် ထားလိုက်နာပါ။ အဲ့ဒီနောက်မှာတော့ မျက်နှာသစ်ရမှာ ဖြစ်ပါတယ်။

(၄) သခွားသီး

သခွားသီးအနုကို အချပ်လိုက်လှီးပြီး အမာရွတ် နေရာမှာ မိနစ် ၃၀ ကြာအောင်ကပ်ထားရမှာပါ။ ပြီးရင် သခွားသီးဖတ်တွေဖယ်ပြီး မျက်နှာသစ်လိုက်ရမှာပါ။

(၅) ရှားစောင်းလက်ပတ်

သဘာဝအလှကုန်တွေထဲမှာ နာမည်ကြီးတဲ့ ရှားစောင်လက်ပတ် တစ်ရွက်ကိုယူပြီး ထောင်လိုက်အတုံးတွေတုံးပြီး အထဲကဂျယ်လ်ကို ယူပါးပြီးရင် ဒီဂျယ်လ်နဲ့ အမာရွတ် နေရာမှာ မိနစ် ၂၀ နာရီဝက် လိမ်းထားပြီးရင် ရေနဲ့ဆေးကြောပေးရမှာ ဖြစ်ပါတယ်။