ပြတ်သွားပြီးတဲ့ ရည်းစားဟောင်းက သင့်ကိုမမေ့နိုင်သေးတဲ့အပြင် ချစ်နေသေးတယ်ဆိုတာ ဒီအချက်တွေနဲ့တင် သိသာပါတယ်။ တကယ်လို့ သင့်ရည်းစားဟောင်းက ဆက်သွယ်လာခဲ့ရင်ပဲဖြစ်ဖြစ်၊ လာပတ်သက်ရင်ပဲဖြစ်ဖြစ် ဒီအချက်တွေနဲ့ စစ်ကြည့်နိုင်ပါတယ်။

စကားပြောဖို့ကြိုးစားခြင်း

သင့်ကိုချစ်နေသေးတယ်၊ သင်နဲ့ပြန်တွဲချင်နေတယ်ဆိုရင် သင်နဲ့စကားပြောဖို့ကို အမျိုးမျိုး ကြိုးစားမှာပါ။ စကားမရှိစကားရှာပြီး ခဏခဏ စကားလာပြောနေမှာပါ။ မချစ်တော့တဲ့သူဆိုရင် စကားလာပြောဖို့နေနေသာသာ ဆက်သွယ်တော့မှာတောင် မဟုတ်ပါဘူး။

သူနဲ့ပတ်သက်ခဲ့တဲ့အတိတ်ကိုပြန်အစဖော်ခြင်း

စကားလာပြောတိုင်းမှာလည်း သူနဲ့ပက်သက်ခဲ့တဲ့ အတိတ်က အကြောင်းအရာတွေကို ပြန်အစဖော်ပြီး ပြန်တွဲဖို့ကို ပြောမယ်၊ သတိရကြောင်းတွေ ခဏခဏပြောနေပါလိမ့်မယ်။

သူနဲ့ပြန်တွဲဖို့ပြောခြင်း

သင့်ကိုချစ်နေသေးတယ်ဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် ပြန်တွဲဖို့ ပြောမှာပါပဲ။ သူမှားခဲ့တာတွေရှိရင်လည်း တောင်းပန်ပြီး ပြန်တွဲချင်ကြောင်းပြောမယ်၊ သင်မှားခဲ့တာဆိုရင်တောင်မှ ခွင့်လွှတ်ပြီး ပြန်တွဲချင်ကြောင်းတွေ ပြောနေပါလိမ့်မယ်။

အပြင်မှာတွေ့ဖို့ခေါ်ခြင်း

တချို့ကျတော့ ဖုန်းထဲကနေပြောတာ၊ စာရိုက်ပြောတာထက် အပြင်မှာတွေ့ရင် စိတ်ပျော့သွားတတ်ကြပါတယ်။ ဒါကြောင့် တချို့သူတွေက အပြင်မှာတွေ့ဖို့ခေါ်ပြီး ပြန်အဆင်ပြေအောင် လုပ်ကြပါတယ်။ ဒါကြောင့် ကိုယ်က သူ့အပေါ်မှာ ဘာစိတ်မှမရှိတော့ဘူးဆိုရင်တော့ ပြတ်ပြတ်သားသားငြင်းပြီး သွားမတွေ့တာ ကောင်းပါတယ်။

သင့်အချစ်ရေးကိုအမြဲစုံစမ်းနေခြင်း

သင့်အပေါ်မှာ ချစ်နေသေးတဲ့အတွက် သင့်အချစ်ရေးကို အမြဲတမ်းစုံစမ်းနေမယ်၊ သူကိုယ်တိုင်လည်း နောက်တစ်ယောက်ထပ်မထားပဲ စောင့်နေပါလိမ့်မယ်။ မချစ်တော့တဲ့ ရည်းစားဟောင်းဆိုရင်တော့ သင့်အချစ်ရေးကို စုံစမ်းဖို့နေနေသာသာ သင့်အကြောင်းတောင် ဘာမှစိတ်ဝင်စားတော့မှာ မဟုတ်ပါဘူး။