ငွေစုဆောင်းခြင်းဆိုတာ ကျွန်တော်တို့ ကြားရနေကျ အခြေခံအကျဆုံး ငွေကြေးဆိုင်ရာ အကြံကောင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ငွေကြေးစုဆောင်းဖို့ ဘယ်လောက်အရေးပါတယ်ပြောပြော ကျွန်တော်တို့ အတော်များများ ငွေမစုဖြစ်ကြတာက များပါတယ်။ ဒီဆောင်းပါးမှာ ငွေကြေးစုဆောင်းခြင်းက ဘာကြောင့် အရေးပါတာလဲ ဆိုတာရယ်၊ အာမခံအကာအကွယ်ပါတဲ့ ငွေစုဆောင်းမှုအစီအစဉ်တွေက မိတ်ဆွေတို့ကို ငွေစုနိုင်ဖို့ ဘယ်လို ကူညီပေးနိုင်တယ် ဆိုတာနဲ့ပတ်သက်ပြီး ပြောပြပေးသွားချင်ပါတယ်။

ငွေစုဖို့ ဘာကြောင့် အရေးကြီးတာလဲ။

ငွေကြေးကို စပြီး စုဆောင်းဖို့၊ ငွေစစုနေပြီဆိုရင်လည်း ဆက်ပြီး စုနေဖို့ လိုအပ်ရတဲ့ အကြောင်းရင်းတွေ အများကြီး ရှိပါတယ်။ လူတိုင်းက မတူညီတဲ့ ရည်ရွယ်ချက်တွေအတွက် ငွေစုနေကြတဲ့အထဲမှာ ခြုံငုံပြီးပြောရမယ်ဆိုရင်တော့ အခက်အခဲနဲ့ မကြုံရဖို့အတွက်ပဲ ဖြစ်ဖြစ်၊ ကိုယ်လိုချင်တဲ့အရာကို ပြီးမြောက်အောင် လုပ်နိုင်ဖို့ပဲ ဖြစ်ဖြစ် ငွေစုထား တဲ့ အတွက် အနာဂတ်မှာ အကျိုးရှိချင်လို့ စုကြတာပါ။

ကိုယ့်မှာ ရည်မှန်းချက်၊ ပန်းတိုင် သတ်မှတ်ထားပြီး ငွေစုရင် စုရတာ ပိုလွယ်ပါတယ်။ ဥပမာ – အိမ်ထောင်ပြုဖို့၊ ကလေးယူဖို့၊ အိမ်ပြင်ဖို့ ဒါမှမဟုတ် ကိုယ်ဝယ်စီးချင်တဲ့ ကားလေးတစ်စီးကို ဝယ်စီးနိုင်ဖို့ စတဲ့ ရည်မှန်းချက် ပန်းတိုင်မျိုးတွေ ဖြစ်ပါတယ်။

ငွေစုဖို့အတွက် အကူအညီလိုအပ်ပါသလား?

ဝင်သမျှ ငွေကို သုံးမိနေတဲ့ အကျင့်ကြောင့်ပဲ ဖြစ်ဖြစ် မိတ်ဆွေတို့မှာ ပုံမှန် ငွေကို သတ်သတ်ဖယ်ပြီး စုဆောင်းနိုင်ဖို့ အခက်အခဲ ဖြစ်နေတတ်တာမျိုး ရှိတတ်ပါတယ်။ ဒီလို အခက်အခဲမျိုး ရှိတဲ့အခါ ငွေစုအစီအစဉ် တစ်ခုခုနဲ့ ငွေစုဖို့ စဉ်းစားကောင်း စဉ်းစားမိကြပါလိမ့်မယ်။ ဒီလို ငွေစုအစီအစဉ် နမူနာတစ်ခုကတော့ အာမခံကုမ္ပဏီတွေက ပေးတဲ့ အာမခံငွေစုပေါ်လစီ (insurance savings policy) အမျိုးအစား ဖြစ်ပါတယ်။ အဲဒီအာမခံငွေစုပေါ်လစီမှာ အသက် အာမခံ အကာအကွယ်နဲ့ ငွေစု အစီအစဉ်ကို ပေါင်းစပ်ထားတာ ဖြစ်ပြီး ငွေစုဆောင်းသူရဲ့ အနာဂတ်ဘဝ ရည်မှန်းချက်တွေကို ပိုင်ဆိုင်နိုင်ဖို့အတွက်လည်း အထောက်အကူပြုတဲ့ ငွေစုပေါ်လစီတစ်ရပ်လည်း ဖြစ်ပါတယ်။

ဒီငွေစုပေါ်လစီနဲ့ ငွေစုမယ်ဆိုရင် မိတ်ဆွေတို့အနေနဲ့ အချိန်ကာလတစ်ခု ရွေးချယ်သတ်မှတ်ပြီး စုဆောင်းနိုင် ပါတယ်။ ဥပမာ – ၅ နှစ်၊ ၇ နှစ်၊ ၁၀ နှစ် စတဲ့ ကာလအတိုင်းအတာမျိုး ဖြစ်ပါတယ်။ စုငွေပေါ်လစီ သက်တမ်းကာလ ကုန်ဆုံးတဲ့ အချိန်မှာ ငွေစုနေတဲ့ ကာလတစ်လျှောက် စုဆောင်းထားတဲ့ စုငွေအားလုံးကို ထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။ ငွေစုတဲ့ ကာလအတွင်းမှာလည်း အသက်အာမခံ အကျိုးခံစားခွင့်တွေ ရရှိမှာ ဖြစ်ပြီး မျှော်လင့်မထားတဲ့ ဖြစ်ရပ်တွေ ကြုံတွေ့ရတဲ့အခါ ပေါ်လစီကိုင်ဆောင်ထားသူက ကိုယ် ချစ်ခင်ရသူတွေအတွက် ငွေကြေးခံစားခွင့် အကာအကွယ်တွေ ရရှိမှာ ဖြစ်ပါတယ်။

PRUSaver နဲ့ ငွေစုပါ

PRUSaver ဆိုတာ မကြာသေးမီက စတင် မိတ်ဆက်ခဲ့ပြီး စုငွေအစီအစဉ် ပါဝင်တဲ့ အသက်အာမခံ အစီအစဉ်တွေ ထဲက တစ်ခု ဖြစ်ပါတယ်။ PRUSaver အစီအစဉ်မှာ Customer တွေအနေနဲ့ မိမိတို့ရဲ့ စုဆောင်းငွေ လိုအပ်ချက်အရ အာမခံပေါ်လစီ သက်တမ်း ၅ နှစ်၊ ၇ နှစ် (သို့မဟုတ်) ၁၀ နှစ်အတွင်း အနည်းဆုံး ငွေကျပ် ဆယ်သိန်း (မြန်မာငွေ ၁,၀၀၀,၀၀၀) မှ စတင်ပြီး အများဆုံး ငွေကျပ် သိန်း ၅၀၀ (မြန်မာငွေ ၅၀,၀၀၀,၀၀၀) အထိ စုဆောင်းနိုင်ပါတယ်။

စုဆောင်းငွေကိုလည်း သုံးလတစ်ကြိမ်၊ ခြောက်လတစ်ကြိမ် (သို့မဟုတ်) တစ်နှစ်တစ်ကြိမ် စသည်ဖြင့် customer များ နှစ်သက်သလို စုငွေပေးသွင်းနိုင်မှာ ဖြစ်ပါတယ်။ ဆိုလိုတာက ငွေနည်းနည်းစီသွင်းပြီး မှန်မှန် စုဆောင်းတာမျိုး၊ အကြိမ်ရေ စိပ်စိပ်မဟုတ်ဘဲ တစ်ခါထည့်ရင် စုငွေများများ ထည့်စုတာမျိုး စတဲ့ နည်းလမ်းတွေကို စိတ်ကြိုက်ရွေးပြီး ငွေစုလို့ရပါတယ်။ အာမခံပေါ်လစီသက်တမ်း ကုန်ဆုံးချိန်မှာ စုစုပေါင်း စုငွေပမာဏကို တစ်ခါတည်း အပြည့်အဝ ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။

PRUSaver customer တွေအနေနဲ့ အာမခံပေါ်လစီသက်တမ်းအတွင်း အသက်အာမခံ အကာအကွယ်ကိုလည်း ရရှိမှာ ဖြစ်ပါတယ်။ ပေါ်လစီကိုင်ဆောင်ထားသူ သေဆုံးခြင်း (သို့မဟုတ်) လုံးဝ နဲ့ ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း ကဲ့သို့ မျှော်လင့်မထားတဲ့ ဖြစ်ရပ်တစ်ခုခု တွေ့ကြုံရတဲ့အခါ ပေါ်လစီရဲ့ အကျိုးခံစားခွင့် ရရှိသူမှာ စုဆောင်းငွေ တွေကို တစ်ခါတည်း အပြည့်အဝရယူနိုင်ပါတယ်။ ဒါကြောင့် ပေါ်လစီကိုင်ဆောင်ထားသူမှာ အာမခံပေါ်လစီ သက်တမ်း ပြည့်တဲ့အထိ မစုဆောင်းနိုင်ခဲ့ပေမယ့် ပေါ်လစီကိုင်ဆောင်ထားသူရဲ့ ချစ်ခင်ရသူတွေမှာ စုဆောင်းဖို့ စီစဉ်ထားတဲ့ စုငွေတွေကို ရရှိနိုင်ဖို့ အာမခံချက်ရှိမှာ ဖြစ်ပါတယ်။

PRUSaver အသက်အာမခံ ငွေပေးသွင်းတဲ့အခါတွေမှာ အခွန်သက်သာခွင့် ရရှိနိုင်တာကြောင့် အာမခံထားတဲ့ သူတွေ အနေနဲ့ အာမခံပေါ်လစီ သက်တမ်းတစ်လျှောက် ငွေကြေး ပိုမို စုဆောင်းနိုင်မှာလည်း ဖြစ်ပါတယ်။

ငွေကြေးကို တိုးပွားသည်ထက် တိုးပွားအောင် စုဆောင်းခြင်းက မိတ်ဆွေတို့ရဲ့ အနာဂတ်ပန်းတိုင်တွေကို ရယူနိုင်ဖို့ အတွက် လက်ရှိအချိန်မှာ ကိုယ်ပိုင်ငွေရေးကြေးရေးကို အပြည့်အဝ စီမံခန့်ခွဲထားနိုင်တဲ့ အကောင်းဆုံးနည်း တစ်ရပ် ဖြစ်ပါတယ်။ PRUSaver လို အသက်အာမခံအကာအကွယ် ပါဝင်တဲ့ ငွေစုအစီအစဉ်ကို အသုံးပြုပြီး မိတ်ဆွေတို့ရဲ့ ငွေကြေးအင်အားကို လုံခြုံစိတ်ချရမှုရှိရှိနဲ့ တိုးတက်များပြားလာအောင် လုပ်လို့ရတယ်ဆိုတာကို ဝေမျှချင်ပါတယ်။

PRUSaver အသက်အာမခံ အကာအကွယ်နဲ့ ငွေစုအစီအစဉ်တွေအကြောင်း ပိုသိချင်ရင်တော့ https://bit.ly/3UHe4h2 မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ မေးမြန်းစုံစမ်းမှုများနဲ့ customer ဝန်ဆောင်မှုများအတွက် ပရူဒန်ရှယ်အာမခံရဲ့ ဖုန်းနံပါတ် – ၀၉၇၇၀၁၁၀၀၁၀ ကို ဆက်သွယ်ခေါ်ဆိုနိုင်ပါတယ်။