မင်္ဂလာပါ MyStyle Myanmar ပရိတ်သတ်တို့ရေ။ လူတိုင်း သူတို့ရဲ့ ပုံထွက်ကောင်းတဲ့ ဓာတ်ပုံလှလှလေးကို လိုချင်ကြမှာပါ။ ဓာတ်ပုံရိုက်တာနဲ့ ပတ်သက်ရင် မိန်းကလေးတွေကတော့ သိပ်ပြောစရာမလိုပါဘူး။ ဘယ်လိုနေရင်ဘယ်လိုလှမလဲ မိန်းကလေးတွေက အမြဲတစေ လေ့လာနေတတ်ပါတယ်။ ကောင်လေးတွေကျတော့ အဲ့လိုမဟုတ်ပါဘူး။ ဓာတ်ပုံရိုက်ရင်လည်း သိပ်စိတ်မရှည်ကြပါဘူး။ တချို့ Cele ကောင်လေးတွေက လွဲရင်ပေါ့။

သူတို့အတွက် အမှတ်တရဓာတ်ပုံတစ်ပုံရရင် တော်ပါပြီ နေချင်သလို နေလိုက်မယ်။ ဓာတ်ပုံရရင် ပြီးတာပဲလို့ တွေးထားတတ်ကြပါတယ်။ ယောကျာ်းလေးအများစုက ဓာတ်ပုံတိုင်းမှာ ပို့စ်က တူနေတတ်ပါတယ်။ တစ်ခါလာလည်း ပတ်စ်ပို့ ပုံရိုက်သလိုနေမယ်။ လက်ပိုက်နေကြတယ်။ ဒါက သူတို့အများစုရဲ့ အိုက်တင်ထုတ်ပုံပါ။

ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ပျိုမေတို့အတွက် မဟုတ်ဘဲ ယောကျာ်းလေးတွေဓာတ်ပုံရှေ့မှာ ဘယ်လိုအနေအထားမျိုးနေရင်လှမလဲ ဗဟုသုတရဖို့ရာ ဖော်ပြပေးလိုက်ပါတယ်။ အောက်က နမူနာပုံတွေထဲက တစ်မျိုးနှစ်မျိုးလောက် နမူနာယူပြီး Profile Picture ချိန်းနိုင်ရင်လည်း အမြတ်ပဲလေနော်။

မျက်နှာမပြချင်သူတွေအတွက်

မျက်မှန်နဲ့ကောင်လေးတွေအတွက်

အမည်း Crazy တွေအတွက်

ယောကျာ်းပီသတဲ့ ပို့စ်လေးတွေ

နေကာမျက်မှန်နဲ့ ရိုက်ချင်သူတွေအတွက်

အတန်းထဲမှာ

FA မဟုတ်ကြောင်းကြွားမယ်

ပျိုမေတို့ရေ။ ဓာတ်ပုံရိုက်တိုင်း ပို့စ်တစ်မျိုးတည်းပဲ ထွက်တတ်တဲ့ သင့်ကောင်လေး သို့မဟုတ် သူငယ်ချင်းတွေကို Mention ခေါ်ပြီး အားတဲ့တစ်ရက်ဓာတ်ပုံရိုက်ပေးလိုက်ပါဦးနော်။

Source: Pinterest

By MyStyle Myanmar