အသက်ရလာတဲ့အခါ စိတ်ပိုင်းဆိုင်ရာရော ခန္ဓာကိုယ်ပိုင်း ဆိုင်ရာရော ကျန်းမာနေမှသာ ကိုယ်ချစ်ရတဲ့ မိသားစုနဲ့ အေးချမ်းပျော်ရွှင်စွာ နေထိုင်နိုင်မှာဖြစ်ပါတယ်။ ကိုယ့်အိပ်မက်တွေ တကယ်ဖြစ်လာအောင် တစ်ဆင့်ချင်းစီ ဖန်တီးဖို့အတွက် ခုကတည်းက စပြီးပြင်ဆင်လိုက်ပါ။ ပဲပိစပ်၊ ဆန် နဲ့ Quinoa တို့က ထုတ်လုပ်ထားတဲ့ ပရိုတင်း ပါဝင်ပြီး ကြွက်သားကျန်းမာရေးအတွက် HMB နဲ့ ကိုယ်ခံအားကို ထောက်ပံ့ပေးဖို့အတွက် ကိုယ်ခံအားအတွက် အာဟာရ (၁၂)မျိုး^ ပါဝင်တဲ့ Ensure Gold Plant-Based နဲ့အတူ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဘဝနေထိုင်မှု ပုံစံကို ဆက်ပြီး ဖန်တီးလိုက်ရအောင်။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဘဝနေထိုင်မှုပုံစံတစ်ခုအတွက် အောက်ပါ အချက်လေးတွေကို ပြုလုပ်သင့်ပါတယ်။ အခုအချက်လေးတွေက ကိုယ့်ရဲ့ အိပ်မက်တွေကို တကယ်ဖြစ်လာစေဖို့၊ ကိုယ့်ရဲ့ ပတ်ဝန်းကျင်အသိုင်းအဝန်းမှာ ပိုပြီးပါဝင်နီးကပ်နေနိုင်ဖို့အပြင် အစာအာဟာရနဲ့ အိပ်ချိန်မျှတပြီး ခန္ဓာကိုယ်ကို ပိုပြီးဂရုစိုက်နိုင်စေမှာဖြစ်ပါတယ်။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် အသက်အရွယ်ရလာတာဟာ နောက်ဆက်တွဲ ခန္ဓာကိုယ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေဖြစ်တဲ့ ကြွက်သားအားအင်လျော့ကျခြင်းတွေ၊ ကိုယ်ခံအားကျဆင်းခြင်းတွေဖြစ်နိုင်ပါတယ်။ ဒီလိုပြောင်းလဲမှုတွေဟာ ထိုင်နေရာကနေ ထဖို့ခက်ခဲတာတွေ၊ အိပ်ရာကနေ ရုတ်တရက်ထတဲ့အချိန်မှာ အခက်အခဲဖြစ်တာတွေကနေ စတင်မှာဖြစ်ပါတယ်။ ဒါကြောင့် အခုလက်ရှိမှာ ကိုယ့်ကျန်းမာရေးက အကောင်းပကတိအတိုင်းရှိနေရင်တောင် အသက်အရွယ်ရလာတဲ့အချိန်အတွက် ကြိုပြီး ဂရုစိုက်သင့်ပါတယ်။

လေ့ကျင့်ခန်းတွေက စိတ်ကျန်းမာ‌ရေးကော ခန္ဓာကိုယ်ကျန်းမာရေးအတွက်ပါ အကူအညီဖြစ်စေနိုင်ပေမဲ့ ကျန်းမာရေးအတွက် အခြားအရေးပါတဲ့အချက်လည်း ရှိနေပါတယ်။ ဒါကတော့ ကောင်းမွန်စွာ စားသောက်ပြီး ကျန်းမာရေးနဲ့အညီ အာဟာရဓာတ်ကို ရယူနိုင်ဖို့ပါ။ အကယ်၍ စားသုံးတဲ့အာဟာရဓာတ်နဲ့ ကိုယ်လက်လှုပ်ရှားမှု မညီမျှဘဲဖြစ်နေမယ်ဆိုရင် ကိုယ်ခံစွမ်းအား လျော့နည်းလာပြီး လျင်လျင်မြန်မြန် ပင်ပန်းနွမ်းနယ်တတ်ပါတယ်။ ဒါကြောင့် အသက်ရလာတာနဲ့အမျှ အာဟာရဓာတ်ကိုလည်း ကောင်းမွန်စွာ ရွေးချယ်တတ်ဖို့ လိုပါတယ်။ စားချင်တာတွေ စားနေတာထက်စာရင် ကျန်းမာရေးအတွက် သင့်တော်သောအစားအစာများကို ပိုမိုစားသုံးသင့်ပါတယ်။ အထူးသဖြင့် အရိုးနဲ့ ကြွက်သားတွေ အားကောင်းနေစေဖို့အတွက် ပရိုတင်းဓါတ်မြင့်မားတဲ့အာဟာရတွေကတော့ အသင့်တော်ဆုံးဖြစ်ပါတယ်။

ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ပရိုတင်းအရင်းအမြစ်ကို ကြက်သား၊ ဝက်သား၊ အမဲသား၊ ကြက်ဥနဲ့ ငါးတို့ကနေ ရရှိနိုင်ပါတယ်။ ဒါပေမဲ့ အသားမကြိုက်တတ်သူ (သို့မဟုတ်) အသီးအရွက်ပိုမိုစားသုံးသူတွေကတော့ အပင်အခြေခံပရိုတင်းကို အစားထိုးရယူနိုင်ပါတယ်။ ပဲပိစပ်မှာ‌‌ဆိုရင် ကယ်လ်ဆီယမ်နဲ့ သံဓာတ်ပါဝင်မှု အကောင်းဆုံးဖြစ်ပြီး အပင်အခြေခံအစားအစာထဲမှာ ပရိုတင်းဓာတ် အကြွယ်ဝဆုံး ဖြစ်ပါတယ်။ Quinoa ကလည်း ပရိုတင်းဓာတ် အကြွယ်ဝဆုံး အစားအစာဖြစ်ပြီး မဂ္ဂနီဆီယမ်၊ သံဓာတ်၊ အမျှင်နဲ့ မဂ္ဂနိစ်လို အခြားအဟာရဓာတ်များ ပါဝင်ပါတယ်။ ဆန် မှာလည်း သွေးတွင်းသကြားဓာတ် မြင့်တက်မှုကို ကာကွယ်ဖို့ ကူညီပေးနိုင်တဲ့ အမိုင်နိုဓာတ်ကို ထောက်ပံ့ပေးနိုင်တဲ့ ဆန်ပရိုတင်းဓာတ်ပါဝင်ပါတယ်။ တခြားသော အစားအစာတွေဖြစ်တဲ့ Almond(အယ်လ်မွန်) ၊ ပဲနီလေး၊ ပဲဝါလေး၊ ပဲအမျိုးမျိုး၊ ကုလားပဲ၊ မြေပဲ နှင့် အရောင်ရင့်၊ အစိမ်းရောင်အစားအစာတွေဖြစ်တဲ့ ပန်းပွင့်စိမ်း၊ ကိုက်လန် နဲ့ မှိုအမျိုးမျိုးတို့တွင် ပရိုတင်းဓါတ်ပါဝင်သော်လည်း တခြားသော ပရိုတင်းဓါတ်ပါဝင်တဲ့အစားအစာများနှင့် တွဲဖက်စားသုံးပါက ပိုသင့်တော်မှာဖြစ်ပါတယ်။

နို့နှင့်ထွက်ပစ္စည်းများ၏အရသာကို မကြိုက်နှစ်သက်တာမျိုး၊ ဒါမှမဟုတ် အသီးအရွက်ပိုမိုနှစ်သက်တာမျိုးဆို လျှင် ပဲပိစပ်၊ ဆန်နှင့် Quinoa မှရရှိသော အရည်အသွေးမြင့်ပရိုတင်းဓါတ်၃မျိုး ပါ၀င်ပြီး ကြွက်သားကျန်းမာရေးကောင်းမွန်စေဖို့*အတွက် HMB#ပါ၀င်သော Ensure Gold Plant Based ကဲ့သို့သော ဖြည့်စွက်စာများကို သုံးဆောင်နိုင်ပါသည်။

အထူးသဖြင့် နှစ်ပေါင်း ၃၀ ကျော် သုသေသတနပြုလုပ်ထားပြီးမှ အကောင်းဆုံးထုတ်လုပ်ထားတဲ့ Ensure Gold Plant Based လိုမျိုး ဖြည့်စွက်စာတွေဟာ အသက်ရလာသူတွေရဲ့ ကျန်းမာရေးအတွက် ပြီးပြည့်စုံပြီး မျှတတဲ့ အာဟာရကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ HMB ဓါတ် ၁.၅ ဂရမ်၊ လုံလောက်တဲ့ အိုမီဂါဓာတ်၊ ဗီတာမင် နဲ့သတ္တုဓာတ် (၂၈)မျိုးကို တစ်နေ့ ၂ ကြိမ်သုံးဆောင်ရုံနဲ့ရရှိစေမှာပါ။ အစာနဲ့အတူ သုံးဆောင်မယ်ဆိုရင် လူကြီးတွေကို အစာစားသုံးချင်စိတ်ကို ပြန်ဖြစ်စေနိုင်ပြီး ခံတွင်းတွေ့စေမှာဖြစ်ပြီး ကိုယ်ခံအားကိုလည်း တိုးမြှင့်*ပေးနိုင်မှာဖြစ်ပါတယ်။ လက်တို့စ်နို့သကြားဓာတ် မပါဝင်တဲ့အတွက် အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာပြဿနာတွေကို ဖြေရှင်းပြီးဖြစ်သွားသလို Antioxidants တွေကြွယ်ဝစွာပါဝင်တာကြောင့် ခန္ဓာကိုယ်အတွင်းက ဆဲလ်လေးတွေကို ကူးစက်ရောဂါဖြစ်မပွားအောင်လည်း ကာကွယ်ပေးနိုင်ဦးမှာဖြစ်ပါတယ်။

ဒါကြောင့် အသက်ရလာသူတွေတင်မကဘဲ အသက် (၄၀) အစောပိုင်းကာလကတည်းက လေ့ကျင့်ခန်းလုပ်ခြင်း၊ လမ်းလျှောက်ခြင်း၊ သစ်ပင်စိုက်ခြင်း စတာတွေ ပြုလုပ်ပြီး ကြွက်သားနဲ့ ကိုယ်ခံစွမ်းအား ကောင်းမွန်ဖို့ ဂရုစိုက်သင့်ပါတယ်။ ဒါ့အပြင် စားသုံးတဲ့အစာအာဟာရတွေကလည်း ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာတွေဖြစ်သင့်သလို Ensure Gold ကဲ့သို့ အာဟာရဖြည့်စွက်စာများ သောက်သုံးခြင်းကလည်း ချစ်ခင်ရသူတွေနဲ့ ပိုမိုကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်ဖို့ အထောက်အကူဖြစ်စေနိုင်ပါတယ်။

Ensure Gold Plant-Based အထုတ်လေးတွေကို အခမဲ့ရယူဖို့အတွက် အောက်ပါ Website Link လေးကို နှိပ်ပြီး ရယူနိုင်ပါတယ်။ https://www.ensuremyanmar.com/ensure-careline/

References:
1. https://abbottfamily.com.sg/brands/ensure/range
2. https://www.leisurecare.com/resources/why-do-seniors-lose-weight/
3. Ensure Gold Full Prescribing Information, Dosage & Side Effects | MIMS Philippines
4. https://www.medicalnewstoday.com/articles/321474
5. https://www.helpguide.org/articles/healthy-living/exercise-and-fitness-as-you-age.htm
6. https://medlineplus.gov/nutritionforolderadults.html
7. Building Muscle Strength For a Healthy Lifestyle After 40 – Abbott FAMILY
8. Ensure® Gold™ | Abbott Nutrition Malaysia
9. Changes in the Body With Aging – Older People’s Health Issues – MSD Manual Consumer Version (msdmanuals.com)
10. https://www.healthline.com/nutrition/nutritional-needs-and-aging#section10
11. https://www.lifeline.philips.com/resources/blog/2014/09/seniors-and-nutrition-overcoming-6-obstacles-to-a-healthy-diet.html
12. Age-related Challenges that Hinder Proper Nutrition – Ensure (ensuremyanmar.com)

*Ensure Gold contains scientifically evaluated level of soy protein which has been shown to improve strength
^Ensure Gold contains protein, Vitamin A, B6, B12, C, D, E, Folate and selenium, copper, zinc and iron, that help support the normal function of the immune system)