သန္တာလှိုင်ကို ကြော်ငြာလေးတစ်ခုကနေ ပရိသတ်တွေ အားပေးခဲ့ကြပြီး အခုဆို မော်ဒယ်လောကမှာ အောင်မြင်မှုအတိုင်းတာ တစ်ခုနဲ့ ရပ်တည်နေတဲ့သူပါ။


သူမရဲ့ ငယ်ဘဝနဲ့ပတ်သက်လို့ အခုလိုပဲရင်ဖွင့်ထားပါတယ်။

ကျွန်မငယ်ငယ်က ၁ တန်းကနေ ၃ တန်းအထိ မေမေနဲ့ အဖေ ၃ နှစ်လောက် လင်မယား ကွဲလိုက်ကြသေးတယ်။ အဲ့ဒီအချိန်တုန်းက ရန်ကုန်မှာ အမေနဲ့ တစ်လှည့် နေလိုက် မုံရွာမှာ အဖေနဲ့ တစ်လှဲ့ နေလိုက် ကွန်မရယ် ဘာဘူရယ်၊ နောက်လ ဂျပန်မှာ မင်္ဂလာဆောင်မယ့် မောင်အငယ်ဆုံး ကိုတိုးရယ် မောင်နှစ်မ ၃ ယောက်ပေါ့ မိဘတွေရှိတဲ့ မြို့ တစ်လှည့်ဆီ နေနေကြရတာ….


မနေ့က diary အဟောင်းတွေထဲမှာ ၃ တန်းတုန်းက မုံရွာမှာ အဖေနဲ့ နေရတုန်းက ရန်ကုန်က အမေဆီကို ရေးထားတဲ့ စာလေးတွေလို့ ငယ်ငယ်က ပုံလေးတွေ ပြန်ရှာပြီး တင်ပေးလိုက်တာ


အဲ့တုန်းက ခဲတံ ခဲဖျက်တို့ဆိုတာတွေက ကျွန်မတို့တွေအတွက် ရွှေလို တန်ဘိုးရှိကြောင်း စာထဲမှာ ကြည့်ရင် သိသာနေတယ်။ ပြီးတော့ ရန်ကုန်ထုံးစံက အမေကို မေမေလို့ ခေါ်ပြီး သားသမီးက ကိုယ့်အမေ အရင်းကို အမေစု ဆိုပြီး နာမည်ထည့်ခေါ်တာကို မကြိုက်ဘူးဆိုတာလဲ ပေါ်လွင်နေတယ်။ အဖေက အပြင်စာတွေ အချဉ်ထုတ်တွေ ရှောက်သးဆေးပြား စားတာ မကြိုက်၊ မကျွေးဘူးဆိုတာတွေရယ်၊ အမေက အချဉ်ကြိုက်ပြီး အဖေနဲ့ ဆန့်ကျင်ပြီး ရှောက်သီးဆေးပြား ကျွေးတာလေးတွေရယ် ပေါ်လွင်နေတယ်….

ဖတ်ကြည့်ပါ ပြီးရင် မျက်ရည်တော့ မဝဲရဘူးနော်… 🙂