[Unicode]

တချို့ မိန်းကလေးတွေက မိတ်ကပ်ကိုအထူကြီးလိမ်းရတာတွေ၊ အများကြီးလိမ်းပြီး Heavy Look တွေပြင်ရတာကို မနှစ်သက်ကြပါဘူး။ မိတ်ကပ်ကို Heavy Look တွေပြင်တာက နေရာတိုင်းနဲ့တော့ လိုက်ဖက်မှုမရှိပါဘူး။ ဒါကြောင့် ပျိုမေတို့အတွက် နေရာတိုင်းနဲ့လိုက်ဖက်ပြီး ပေါ့ပေါ့ပါးပါးလေးနဲ့ ချစ်စရာကောင်းပြီး လှပနေစေမယ့် မိတ်ကပ်ပြင်ဆင်ပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်။

မိတ်ကပ်လိမ်းပြီးရင် ပါးနီကို လိမ္မော်ရောင်ဘက်သွားတာလေး များများခြယ်ပေးပါ။ Eyeshadow ကို ပါးပါးလေးပဲခြယ်ပြီး Eyeliner ကိုလည်း နည်းနည်းလေးဆွဲပေးပါ။ သတိထားရမှာက အောက်မျက်လုံးကို လုံးဝမခြယ်ပါနဲ့။ မျက်တောင်ကော့ပြီး မျက်ကပ်မှန်လေးတပ်ပေးပါ။ မိတ်ကပ်ပြင်တဲ့အခါမှာ မျက်ကပ်မှန်လေးတပ်တာက ပိုပြီးချစ်စရာကောင်းစေပါတယ်။ နှုတ်ခမ်းနီကိုတော့ Lip Tint လေးတွေဆိုးပေးတာက ပိုပြီးချစ်စရာကောင်းပါတယ်။ ဒီမိတ်ကပ်ပြင်ဆင်ပုံလေးက ဘယ်လိုအဝတ်အစားဖက်ရှင်နဲ့ပဲဖြစ်ဖြစ် လိုက်ဖက်မှုရှိစေပါတယ်။

Source: www.pinterest.com

မျက်ကပ်မှန်လေးတပ်ပြီး မျက်လုံးကို ပန်းရောင်လေးခြယ်ကာ Eyeliner ပါးပါးလေးဆွဲပေးပါ။ အောက်မျက်လုံးကိုတော့ လုံးဝမခြယ်ပါနဲ့။ ပါးနီကိုလည်း ပန်းရောင်ဘက်သွားတာလေးတွေကို ပါးပါးလေးခြယ်ပြီး မျက်တောင်ကော့ပါ။ နှုတ်ခမ်းနီကိုတော့ Lips Gloss အရောင်ဖျော့ဖျော့လေးတွေဆိုးပေးမယ်ဆိုရင် ကိုရီးယားမလေးတစ်ယောက်လို ပေါ့ပေါ့ပါးပါးလေးနဲ့ ချစ်စရာကောင်းနေစေမှာပါ။

Source: www.chupanh.vn.com

မျက်ခုံးမွှေးကိုအသားပေးပြီး ကြီးကြီးလေးဆွဲပေးမယ်ဆိုရင်တော့ ဆွဲဆောင်မှုရှိစေပါတယ်။ မျက်လုံးကိုတော့ ကိုယ်ဝတ်မယ့်အင်္ကျီအရောင်နဲ့ လိုက်ဖက်တာလေးတွေကို ရွေးခြယ်ပြီး Eyeliner ကို ပါးပါးပဲဆွဲပေးပါ။ ဒီမှာတော့ အောက်မျက်လုံးကိုပါ Eyeliner နည်းနည်းခြယ်ပေးရပါမယ်။ မျက်တောင်ကော့ပြီး မျက်ကပ်မှန်ပါတပ်ပေးမယ်ဆိုရင်တော့ ပိုပြီးဆွဲဆောင်မှုရှိစေပါတယ်။ ပါးနီနဲ့နှုတ်ခမ်းနီကိုတော့ Eyeshadow အရောင်နဲ့လိုက်ဖက်တာလေးကို ရွေးချယ်ပေးတာပိုကောင်းပါတယ်။

Source: www.pinterest.com

ကိုရီးယားမလေးတစ်ယောက်လို လှပချင်ရင်တော့ Eyeshaow ကို ပါးပါးလေးတွေခြယ်ပြီး မျက်ကပ်မှန်တပ်ပါ။ Eyeliner ကိုပါးပါးလေးဆွဲပြီး မျက်တောင်ကော့ပါ။ နှုတ်ခမ်းနီကိုလည်း အရောင်ဖျော့တာလေးတွေပဲ ဆိုးပေးပါ။

Source: www.pinterest.com

ဆွဲဆောင်မှုရှိချင်ရင်တော့ မျက်ခုံးကိုသေချာလေးဆွဲပြီး မျက်ကပ်မှန်အရောင်မိုက်တာလေးတွေ တပ်ပါ။ Eyeshadow နဲ့ ပါးနီကို အညိုဘက်သွားတာလေးတွေခြယ်ပြီး နှုတ်ခမ်းနီကိုလည်း အညိုဘက်သွားတာလေးဆိုးပေးပါ။ Eyeliner ကိုတော့ မျက်လုံးအပေါ်၊ အောက်ခြယ်ပေးရပါမယ်။

Source: www.pinterest.com

မျက်ခုံးမွှေးကိုလှလှပပနဲ့ သေသပ်နေအောင်ဆွဲပြီး မျက်ကပ်မှန်ကို Big Eye အနက်ရောင်လေးသာတပ်လိုက်ပါ။ မျက်လုံးကိုတော့ ဘာမှမခြယ်ပဲ Eyeliner ပါးပါးလေးဆိုးပြီး မျက်တောင်ကော့ပါ။ နှာတံတွေဖော်ပေးရင်တော့ ပိုပြီးလှသွားမှာပါ။ နှုတ်ခမ်းနီအရောင်ကတော့ အညိုဘက်သွားတာလေးကို ရွေးချယ်စေချင်ပါတယ်။

Source: www.pinterest.com

[Zawgyi]

တခ်ိဳ႕ မိန္းကေလးေတြက မိတ္ကပ္ကိုအထူႀကီးလိမ္းရတာေတြ၊ အမ်ားႀကီးလိမ္းၿပီး Heavy Look ေတြျပင္ရတာကို မႏွစ္သက္ၾကပါဘူး။ မိတ္ကပ္ကို Heavy Look ေတြျပင္တာက ေနရာတိုင္းနဲ႔ေတာ့ လိုက္ဖက္မႈမရွိပါဘူး။ ဒါေၾကာင့္ ပ်ိဳေမတို႔အတြက္ ေနရာတိုင္းနဲ႔လိုက္ဖက္ၿပီး ေပါ့ေပါ့ပါးပါးေလးနဲ႔ ခ်စ္စရာေကာင္းၿပီး လွပေနေစမယ့္ မိတ္ကပ္ျပင္ဆင္ပံုေလးေတြကို မွ်ေ၀ေပးလိုက္ပါတယ္။

မိတ္ကပ္လိမ္းၿပီးရင္ ပါးနီကို လိေမၼာ္ေရာင္ဘက္သြားတာေလး မ်ားမ်ားျခယ္ေပးပါ။ Eyeshadow ကို ပါးပါးေလးပဲျခယ္ၿပီး Eyeliner ကိုလည္း နည္းနည္းေလးဆဲြေပးပါ။ သတိထားရမွာက ေအာက္မ်က္လံုးကို လံုး၀မျခယ္ပါနဲ႔။ မ်က္ေတာင္ေကာ့ၿပီး မ်က္ကပ္မွန္ေလးတပ္ေပးပါ။ မိတ္ကပ္ျပင္တဲ့အခါမွာ မ်က္ကပ္မွန္ေလးတပ္တာက ပိုၿပီးခ်စ္စရာေကာင္းေစပါတယ္။ ႏႈတ္ခမ္းနီကိုေတာ့ Lip Tint ေလးေတြဆိုးေပးတာက ပိုၿပီးခ်စ္စရာေကာင္းပါတယ္။ ဒီမိတ္ကပ္ျပင္ဆင္ပံုေလးက ဘယ္လိုအ၀တ္အစားဖက္ရွင္နဲ႔ပဲျဖစ္ျဖစ္ လိုက္ဖက္မႈရွိေစပါတယ္။

Source: www.pinterest.com

မ်က္ကပ္မွန္ေလးတပ္ၿပီး မ်က္လံုးကို ပန္းေရာင္ေလးျခယ္ကာ Eyeliner ပါးပါးေလးဆဲြေပးပါ။ ေအာက္မ်က္လံုးကိုေတာ့ လံုး၀မျခယ္ပါနဲ႔။ ပါးနီကိုလည္း ပန္းေရာင္ဘက္သြားတာေလးေတြကို ပါးပါးေလးျခယ္ၿပီး မ်က္ေတာင္ေကာ့ပါ။ ႏႈတ္ခမ္းနီကိုေတာ့ Lips Gloss အေရာင္ေဖ်ာ့ေဖ်ာ့ေလးေတြဆိုးေပးမယ္ဆိုရင္ ကိုရီးယားမေလးတစ္ေယာက္လို ေပါ့ေပါ့ပါးပါးေလးနဲ႔ ခ်စ္စရာေကာင္းေနေစမွာပါ။

Source: www.chupanh.vn.com

မ်က္ခံုးေမႊးကိုအသားေပးၿပီး ႀကီးႀကီးေလးဆဲြေပးမယ္ဆိုရင္ေတာ့ ဆဲြေဆာင္မႈရွိေစပါတယ္။ မ်က္လံုးကုိေတာ့ ကိုယ္၀တ္မယ့္အကၤ်ီအေရာင္နဲ႔ လိုက္ဖက္တာေလးေတြကို ေရြးျခယ္ၿပီး Eyeliner ကို ပါးပါးပဲဆဲြေပးပါ။ ဒီမွာေတာ့ ေအာက္မ်က္လံုးကိုပါ Eyeliner နည္းနည္းျခယ္ေပးရပါမယ္။ မ်က္ေတာင္ေကာ့ၿပီး မ်က္ကပ္မွန္ပါတပ္ေပးမယ္ဆိုရင္ေတာ့ ပိုၿပီးဆဲြေဆာင္မႈရွိေစပါတယ္။ ပါးနီနဲ႔ႏႈတ္ခမ္းနီကိုေတာ့ Eyeshadow အေရာင္နဲ႔လိုက္ဖက္တာေလးကို ေရြးခ်ယ္ေပးတာပိုေကာင္းပါတယ္။

Source: www.pinterest.com

ကိုရီးယားမေလးတစ္ေယာက္လို လွပခ်င္ရင္ေတာ့ Eyeshaow ကို ပါးပါးေလးေတြျခယ္ၿပီး မ်က္ကပ္မွန္တပ္ပါ။ Eyeliner ကိုပါးပါးေလးဆဲြၿပီး မ်က္ေတာင္ေကာ့ပါ။ ႏႈတ္ခမ္းနီကိုလည္း အေရာင္ေဖ်ာ့တာေလးေတြပဲ ဆိုးေပးပါ။

Source: www.pinterest.com

ဆဲြေဆာင္မႈရွိခ်င္ရင္ေတာ့ မ်က္ခံုးကိုေသခ်ာေလးဆဲြၿပီး မ်က္ကပ္မွန္အေရာင္မိုက္တာေလးေတြ တပ္ပါ။ Eyeshadow နဲ႔ ပါးနီကို အညိဳဘက္သြားတာေလးေတြျခယ္ၿပီး ႏႈတ္ခမ္းနီကိုလည္း အညိဳဘက္သြားတာေလးဆိုးေပးပါ။ Eyeliner ကိုေတာ့ မ်က္လံုးအေပၚ၊ ေအာက္ျခယ္ေပးရပါမယ္။

Source: www.pinterest.com

မ်က္ခံုးေမႊးကိုလွလွပပနဲ႔ ေသသပ္ေနေအာင္ဆဲြၿပီး မ်က္ကပ္မွန္ကို Big Eye အနက္ေရာင္ေလးသာတပ္လိုက္ပါ။ မ်က္လံုးကိုေတာ့ ဘာမွမျခယ္ပဲ Eyeliner ပါးပါးေလးဆိုးၿပီး မ်က္ေတာင္ေကာ့ပါ။ ႏွာတံေတြေဖာ္ေပးရင္ေတာ့ ပိုၿပီးလွသြားမွာပါ။ ႏႈတ္ခမ္းနီအေရာင္ကေတာ့ အညိဳဘက္သြားတာေလးကို ေရြးခ်ယ္ေစခ်င္ပါတယ္။

Source: www.pinterest.com