အချိန်တွေကုန်တာ အရမ်းမြန်ပြီးတော့ အခုဆိုရင် ၂၀၂၂ ခုနှစ်ထဲကို ရောက်ရှိနေပြီပဲဖြစ်ပါတယ်။ ဒါ့ကြောင့် အချိန်ဆွဲနေတာမျိုးမလုပ်သင့်တော့ပဲ စိတ်သစ်၊ လူသစ်နဲ့ အခွင့်အလမ်းသစ်တွေအတွက် အကောင်းဆုံးစတင်ဖို့လိုအပ်နေပြီ ဖြစ်ပါတယ်။ နောက်ပြီး လုပ်ငန်းခွင်မှာလည်း ပိုပြီး အောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့အတွက် နောင်ကြုံတွေ့ရမယ့် အသစ်အသစ်သော အရာနဲ့ စိန်ခေါ်မှုတွေအတွက် ကြိုပြီးပြင်ဆင်ထားတာမမှားပါဘူး။

အလုပ်ခွင်မှာ လုံးဝ ခံစားမှုအသစ်နဲ့ အလုပ်လုပ်နိုင်ဖို့ကတော့ ကိုယ်သုံးနေတဲ့ ကွန်ပျူတာ၊ Laptop ကိုပါ ပြောင်းလဲနိုင်ရင် အကောင်းဆုံးပါ။ ပြောရရင် အခု Dell ကနေ သင့်အတွက် မတူညီတဲ့ Experience အသစ်ကို ပေးစွမ်းနိုင်ဖို့ ထုတ်ပေးထားတဲ့ Dell Vostro 3000 Series Laptop လိုမျိုး လိုအပ်နေပြီဖြစ်ပါတယ်။

Laptop တစ်လုံးဟာ အလုပ်လုပ်နေရပြီဆိုတာနဲ့ လုံခြုံရေးပိုင်းက အရေးကြီးသလိုပဲ ဘယ်နေရာရောက်ရောက် အဆင်ပြေပြေနဲ့ အလုပ်လုပ်နိုင်ဖို့ကလည်း လိုအပ်ပါတယ်။ ဒါမှလည်း ကိုယ့်အလုပ်က အမြဲတမ်း Productive ဖြစ်နေစေမှာပါ။

Vostro 3000 Series Laptop နဲ့ဆိုရင်တော့ ဘယ်သွားသွား သယ်ဆောင်သွားနိုင်မယ့်အပြင် အမြဲ Productive ဖြစ်နေမှာ အမှန်ပါပဲ။ Vostro 3000 Series ရဲ့ အကြီးဆုံး Screen Size 15.6” ရှိတဲ့ Laptop မှာတောင် 20mm အောက် အထူပဲရှိပြီး အလေးချိန်ကလည်း 1.78Kg ပဲ ရှိပါတယ်။ နောက်ပြီး User တွေကို Productive ဖြစ်စေမယ့်အချက်ကတော့ အလင်းရောင်သိပ်မရတဲ့နေရာမျိူးတွေမှာတောင် အဆင်ပြေပြေအလုပ်လုပ်နေနိုင်အောင် Backlit Keyboard ကို ထည့်သွင်းပေးထားတာပဲဖြစ်ပါတယ်။ ဒါကြောင့် မှားပြီး စာလုံးတွေရိုက်မိတာမျိုးလည်း ရှိမှာမဟုတ်တော့ပါဘူး။ စာရင်းတွေလုပ်နေရတဲ့သူတွေအတွက် 10-key Numpad ကိုပါ ထည့်သွင်းပေးထားတာကလည်း သဘောကျဖို့ ကောင်းတဲ့အချက်တစ်ခုဖြစ်ပါတယ်။

နောက်ထပ် အလုပ်ခွင်မှာ အရေးကြီးတဲ့ Display ပိုင်းမှာလည်း Vostro 3000 Series က အားသာနေပါသေးတယ်။ အကြီးဆုံး Screen size 15.6” အထိရှိပြီးတော့ Full HD Anti-glare Display ကိုမှ ဘေးဘောင်တွေပါးလွှာအောင် ပြုလုပ်ထားသလို Anti-Glare နည်းပညာပါဝင်တာကြောင့်
အပြင်မှာပဲဖြစ်ဖြစ်၊ မီးရောင်အောက်မှာ အလုပ်လုပ်နေရလို့ Screen ကို အလင်းပြန်နေတာမျိုးကိုလည်း လျော့ချပေးမှာဖြစ်ပါတယ်။ Full HD Resolution ဖြစ်နေတာကြောင့် အိမ်မှာ Streaming လုပ်ချင်တဲ့သူတွေ၊ ရုပ်ရှင်ကြည့်ချင်တဲ့သူတွေအတွက်လည်း စိတ်ကြိုက်ဖြစ်မှာ အသေအချာပါပဲ။ ဒါ့ကြောင့် Dell Vostro 3000 Series ထဲက Laptop ကို ဝယ်လိုက်တာက တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲနော်။ ကိုယ့်အလုပ်ကိစ္စတွေကိုလည်း Productive ဖြစ်ဖြစ်လုပ်နိုင်မယ့်အပြင် Entertainment အတွက်လဲ အသုံးပြုလို့ရမှာပဲဖြစ်ပါတယ်။

အလုပ်လုပ်ကိုင်နေရတဲ့သူတွေအတွက် အရေးကြီးတဲ့ လုံခြုံရေးပိုင်းအတွက်လည်း Vostro 3000 Series တွေမှာ Fingerprint Reader ထည့်သွင်းထားပါသေးတယ်။ ဒါကြောင့် Password ကို တခြားသူတွေရှေ့မှာ ရိုက်ပြီး Login ဝင်စရာမလိုတော့သလို Laptop ကို ဖွင့်လိုက်တာနဲ့ ပိုပြီး မြန်မြန်ဆန်ဆန် အလုပ်လုပ်နိုင်စေမှာပါ။

အဲ့တော့ ဒီလိုမျိုး အလုပ်ခွင်အတွက် အဆင်ပြေနေစေမယ့် Dell Vostro 3000 Series Laptop ဟာ စွမ်းဆောင်ရည်ပိုင်းအရရော ဘယ်လိုရှိမလဲဆိုတာက စိတ်ဝင်စားစရာပါ။ ဒီအတွက် Vostro 3000 Series တွေရဲ့ Processor ပိုင်းမှာ Boundary Breaking Performance on Intel Core i7 ကို ရွေးချယ်နိုင်သလို 8GB 2666MHz DDR4 RAM ၊ 256GB PCI-E SSD တွေပါဝင်မှာဖြစ်ပါတယ်။ နောက်ပြီး SSD ကို 1TB အထိ၊ HDD ကိုလည်း 2TB အထိ တိုးမြှင့်နိုင်ဦးမှာဆိုတော့ User တွေအနေနဲ့ အရေးကြီးတဲ့ Data နဲ့ Document တွေကို အေးဆေး ထိန်းသိမ်းလို့ရမှာပဲဖြစ်ပါတယ်။ ဒါကြောင့် စွမ်းဆောင်ရည်ပိုင်းမှာလည်း လူတိုင်းအတွက် နေ့စဥ်အသုံးပြုမှုမှာ ကောင်းကောင်းသုံးလို့ရတဲ့ Performance တစ်ခုရှိနေမှာကတော့ အသေအချာပါပဲ။

ဒါတင်မဟုတ်သေးဘဲ Port တွေကလည်း USB 3.2 Gen1 Type A Port ၂ ခု၊ USB 3.2 Gen1 Type C Port ၁ ခု၊ USB 2.0 ၊ HDMI ၊ Ethernet Jack ၊ Headphone Jack ၊ SD Card Slot စသဖြင့် နေ့စဥ်အသုံးပြုမှုမှာ လိုအပ်တဲ့ Port တွေအကုန်လုံးကို ထည့်ပေးထားပါတယ်။ Battery ကလည်း 42WHr ဖြစ်ပြီး ExpressCharge™ ပါဝင်တာကြောင့် တစ်နေကုန်အသုံးခံစေသလို အားသွင်းတဲ့အချိန်မှာလည်း 0-80% ကို ၁ နာရီအတွင်း အားပြည့်စေမှာဖြစ်ပါတယ်။

နောက်ထပ်လည်း Laptop မှာ Dell Mobile Connect ပါဝင်တဲ့အတွက် ကိုယ့်စမတ်ဖုန်းနဲ့ ချိတ်ဆက်ပြီး Phone Call ၊ SMS အပြင် တခြား App က Notification တွေ လက်ခံတာမျိုးတွေ လုပ်နိုင်တဲ့အတွက် အလုပ်လုပ်တဲ့အခါ laptop screen တစ်ခုထဲမှာပဲ သေချာအာရုံစိုက် လုပ်ကိုင်နိုင်မှာပဲ ဖြစ်ပါတယ်။ ဓာတ်ပုံနဲ့ Video တွေကို Transfer ပြုလုပ်ချင်တာမျိုးအတွက်ဆိုလည်း Dell Mobile Connect နဲ့ဆို အေးဆေးလုပ်လို့ရမှာပဲ ဖြစ်ပါတယ်။ နောက်ပြီး Dell Mobile Connect က iOS Device ပဲဖြစ်ဖြစ်၊ Android ပဲဖြစ်ဖြစ် ဘယ်ဟာနဲ့မဆို ချိတ်ဆက်အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် အခွင့်အလမ်းသစ်တွေအတွက် စိတ်သစ်လူသစ်နဲ့ လျှောက်လှမ်းချင်တယ်ဆိုရင်တော့ Dell Vostro 3000 Series ထဲက ရွေးချယ်ဖို့ အကြံပေးချင်ပါတယ်။ Dell Vostro 3000 Series ကို ဝယ်ချင်ရင်တော့ နီးစပ်ရာ Dell Authorized Reseller ဆိုင်တွေမှာ (https://bit.ly/3bXiooY) သွားရောက်ဝယ်ယူနိုင်မှာဖြစ်ပြီး Dell ကနေ Vostro Series တွေအတွက် Warranty (2)နှစ်တောင် ပေးထားတယ်ဆိုတော့ ဝယ်ယူတဲ့အခါမှာလည်း Laptop ပေါ်က Dell Hologram Sticker ကို စစ်ကြည့်ကြဖို့ မမေ့ကြနဲ့ဦးနော်။

Vostro 3000 series အကြောင်း ပိုမိုသိရှိနိုင်ဖို့ : https://dell.to/3G5SVH8