အထိုင်များလို့ပဲဖြစ်ဖြစ်၊ အထိုင် အထပုံစံ မှားယွင်းလို့ပဲဖြစ်ဖြစ်၊ အလုပ်လုပ်ရလွန်းလို့ပဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့် ခါးနာတတ်ပါတယ်။ ဒီလိုခါးနာလာပြီဆိုရင် လျစ်လျူမရှုထားသင့်ဘဲ နည်းစနစ်မှန်ကန်တဲ့ လေ့ကျင့်ခန်းများ ပြုလုပ်ပြီး ခါးနာဝေဒနာ သက်သာအောင် ကုသနိုင်ပါတယ်။

လေ့ကျင့်ခန်း (၁)

အရင်ဦးဆုံး လေ့ကျင့်ခန်းပြုလုပ်တဲ့ ဖျာပေါ်မှာ လှဲလျောင်းနေလိုက်ပါ။ ဒူးကွေးထားပြီး ခန္ဓာကိုယ်အောက်ပိုင်းကို တစ်ဖက်ပို့ထားပြီး ခန္ဓာကိုယ် အပေါ်ပိုင်းကိုတော့ ဆန့်ကျင်ဘက်လားရာဘက်သို့ လှည့်ထားလိုက်ပါ။ ထိုအနေအထားအတိုင်း ၂ မိနစ်၊ ၃ မိနစ်ခန့် တောင့်ထားလိုက်ပါ။

အချိန်ပြည့်တဲ့အခါ ခန္ဓာကိုယ်ကို ဘက်ပြောင်းပေးလိုက်ပါ။ လေ့ကျင့်ခန်းပြုလုပ်ရတာ သက်သောင့်သက်သာရှိဖို့ရန်အတွက် ဒူးခေါင်းအောက်မှာ တဘက်ထည့်ထားလိုက်ပါ။

လေ့ကျင့်ခန်း (၂)

ပုံပါအတိုင်း တံတောင်ထောက်ပြီး ဝမ်းဗိုက်ဖြင့် လှဲလျောင်းထားလိုက်ပါ။ ထိုအနေအထားအတိုင်း ၂ မိနစ် တောင့်ခံထားရပါမယ်။ ဒီလေ့ကျင့်ခန်းကိုတော့ ၄ ကြိမ်၊ ၅ ကြိမ်ခန့် ပြုလုပ်ပေးလိုက်ပါ။

သတိထားရမယ့် အချက်ကတော့ လေ့ကျင့်ခန်းကို မိမိနိုင်သလောက်ပဲ ပြုလုပ်ပေးဖို့ပါ။ မိမိခံနိုင်ရည်ထက် အလွန်အကျွံပြုလုပ်ပါက ခါးနာဝေဒနာ ပိုဆိုးသွားနိုင်ပါတယ်။

လေ့ကျင့်ခန်း (၃)

လေ့ကျင့်ခန်းပြုလုပ်တဲ့ ဖျာပေါ်မှာ လှဲလျောင်းနေပါ။ ဒူးခေါင်းတစ်ဖက်ကို ရင်ဘက်ဆီသို့ ဆွဲမကာ ကပ်ထားလိုက်ပါ။ စက္ကန့်အနည်းငယ်ခန့် တောင့်ထားပြီးနောက် အခြားဒူးတစ်ဖက်ကို ပြောင်းပေးလိုက်ရပါမယ်။ ဒီလေ့ကျင့်ခန်းကိုတော့ ၃ ကြိမ်၊ ၄ ကြိမ်ခန့် ပြုလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း (၄)

လေ့ကျင့်ခန်းပြုလုပ်တဲ့ ဖျာပေါ်မှာ လှဲလျောင်းပြီးနောက် ဘယ်ဒူးကို ကွေးထားကာ ညာခြေဖနောင့်ကို ဘယ်ဒူးပေါ် တင်ထားလိုက်ပါ။ ထို့နောက် လက်နှစ်ဖက်ဖြင့် ဘယ်ဒူးကို ရင်ဘတ်ဆီသို့ ဆွဲယူလိုက်ပါ။ ထိုအနေအထားအတိုင်း မိနစ်အနည်းငယ် တောင့်ခံပြီးနောက် နောက်တစ်ဖက် ပြောင်းလုပ်ပေးလိုက်ပါ။

မိမိလုပ်နိုင်သလောက် အကြိမ်ရေအထိ ပြုလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၅)

ပုံပါအတိုင်း အကြောလျှော့နိုင်သလောက် လျှော့ပေးလိုက်ပါ။ ထိုကဲ့သို့ အကြောလျှော့နေချိန်မှာလည်း အသက်ကို ပုံမှန်ရှုသွင်းရှုထုတ်ပြုလုပ်ပေးရပါမယ်။

စောစောကလို အကြောလျှော့ရတာ အဆင်မပြေဘူးဆိုရင် ဒူးခေါင်းအောက်မှာ တဘက်ခံထားပြီး ဒူးခေါင်းအပေါ်မှာတော့ ခေါင်းအုံးတစ်လုံး ခုထားပေးလိုက်ပါ။

လေ့ကျင့်ခန်း (၆)

ပုံပါအတိုင်း ဒူးခေါင်းကွေးပြီး တံတောင်ကို ရှေ့ချကာ အကြောလျော့ပေးရပါမယ်။ အသက်ပုံမှန်ရှုပြီး ထိုအနေအထားအတိုင်း မိနစ်အနည်းငယ်ခန့် တောင့်ခံပေးလိုက်ပါ။

Source: Brightside.me

By MyStyle Myanmar