[Zawgyi]

၇၀ ခုႏွစ္အေစာပိုင္းကတည္းက ဂ်င္းဖက္ရွင္က ေခတ္စားလာခဲ့ၿပီး အခ်ိန္ႀကာလာတာနဲ႕အမွ် စတိုင္အသစ္ေတြ၊ ဒီဇိုင္းအသစ္ေတြကလည္း တျဖည္းျဖည္းနဲ႕ မေရမတြက္ႏိုင္ေအာင္ ေပၚေပါက္လာပါတယ္။ ၀တ္ပံုစားပံုေတြကလည္း အမ်ိဳးမ်ိဳးေျပာင္းလဲလာတာနဲ႕အမွ် ဂ်င္းဖက္ရွင္ကို ဘယ္ေတာ့မွ ဒိတ္ေအာက္မသြားဘဲ စတိုင္မိမိ၀တ္စားဆင္ယင္ႏုိင္မယ့္ နည္းလမ္းေကာင္းေလးေတြကို ျပန္လည္ေ၀မွ်ေပးလိုက္ရပါတယ္။

၁။ ဂ်င္းေဘာင္းဘီ

ဂ်င္းနဲ႔ပတ္သက္လာရင္ အေျခခံအက်ဆံုးနဲ႔ လူအမ်ားအ၀တ္ဆင္ဆံုး ပံုစံတစ္မ်ိဳးျဖစ္ပါတယ္။ မိမိႀကိဳက္ႏွစ္သက္ရာ ဒီဇိုင္းစံု ခါးတိုအက်ႌေလးေတြ၊ အက်ႌအပြေတြ၊ ခါးရွည္အက်ႌေတြနဲ႕ စိတ္တိုင္းက် တြဲဖက္၀တ္ဆင္ႏုိင္ပါတယ္။ အလြယ္တကူ၀တ္ဆင္ႏိုင္ၿပီး လူတိုင္းနဲ႕လည္း လိုက္ဖက္ညီတဲ့အသြင္တစ္မ်ိဳးပါ။

၂။ ဂ်င္းစကပ္

အထူးသျဖင့္ ေႏြရာသီအတြက္ အထူးသင့္ေတာ္တဲ့ ဂ်င္းစကပ္ေတြကို တီရွပ္ရိုးရိုး၊ ဖိနပ္အပါးတို႕နဲ႕ အတြဲညီညီ ဖက္ရွင္က်က် ၀တ္ဆင္ႏိုင္သလို ၀တ္ဆင္ထားတဲ့အခ်ိန္မွာလည္း အလြန္ကိုလြတ္လပ္ေပါ့ပါးေနမွာပါ။

၃။ ဂ်င္းရွပ္အက်ႌမ်ား

ယေန႕အခ်ိန္မွာ လူႀကိဳက္မ်ားေနတဲ့ ဂ်င္းရွပ္အက်ႌေလးေတြကို အသားကပ္ေဘာင္းဘီအနက္ေရာင္နဲ႕ ရိုးရိုးေလးတြဲဖက္၀တ္ဆင္လိုက္မယ္ဆိုရင္ေတာ့ ေနရာတိုင္းကိုသြားဖို႕ အဆင္သင့္ျဖစ္ေနပါၿပီ။ လက္ရွည္ေတြျဖစ္တဲ့အတြက္ ေႏြရာသီမွာဆိုရင္ အသားေနေလာင္မွာကိုေႀကာက္တဲ့ မိန္းကေလးေတြအတြက္ေတာ့ အသင့္ေတာ္ဆံုးပါပဲ။

၄။ ဂ်င္းေဘာင္းဘီတိုေတြ

လြတ္လြတ္လပ္လပ္ရွိတဲ့အတြက္ေႀကာင့္ မိန္းကေလးတိုင္းဟာ ေဘာင္းဘီတိုေလးေတြ ၀တ္ရတာကို သေဘာက်ႀကပါတယ္။ ေႏြရာသီအခ်ိန္ေတြမွာဆိုရင္ အလြန္ေပါ့ေပါ့ပါးပါးရွိၿပီး တီရွပ္ေလးနဲ႕ပဲျဖစ္ျဖစ္ လြယ္ကူစြာ တြဲဖက္၀တ္ဆင္ႏိုင္ပါတယ္။

၅။ ဂ်င္းဂါ၀န္ေလးေတြ

ဂ်င္းသားနဲ႕လုပ္ထားတဲ့ ဂါ၀န္ေလးေတြက ဘယ္ေတာ့မွ ဒိတ္ေအာက္သြားတယ္မရွိပါဘူး။ ေန႕လည္စာဒိတ္ျဖစ္ေစ၊ ပါတီပြဲျဖစ္ေစ၊ မိသားစုနဲ႔ညစာစားတဲ့အခ်ိန္ျဖစ္ေစ၊ သူငယ္ခ်င္းမ်ားနဲ႔ ေတြ႕ဆံုတဲ့အခါျဖစ္ေစ အခ်ိန္ေနရာမေရြး အၿမဲလွပေနေစမွာပါ။

၆။ ဂ်င္း၀မ္းဆက္ဖက္ရွင္

ဂ်င္းဖက္ရွင္ကို အေပၚေအာက္၀မ္းဆက္၀တ္ျခင္းက ယေန႕အခ်ိန္မွာ အလြန္ေပၚျပဴလာျဖစ္ေနပါတယ္။ ဥပမာအားျဖင့္ အနည္းငယ္မွိန္ေနေသာ အျပာႏုေရာင္ဂ်င္းရွပ္အက်ႌကို နက္ျပာရင့္ေရာင္ ဂ်င္းေဘာင္းဘီရွည္နဲ႕တြဲဖက္၀တ္ဆင္လိုက္မယ္ဆိုရင္ေတာ့ ၿပီးၿပည့္စံုသြားပါၿပီ။

၇။ ဂ်ာကင္အက်ႌအေနနဲ႕

Source: Dress Trends 2018

ေႏြရာသီမွာ ေနေလာင္ျခင္းမွ ကာကြယ္ေပးၿပီး ေအာက္ခံႀကိဳးတစ္ေခ်ာင္း၀တ္ၿပီး ရင္ဘတ္ဟထားမယ္ဆိုရင္လည္း စတိုင္မိုက္မိုက္နဲ႕ အျပတ္လန္းေနေစမွာပါ။ ေဆာင္းရာသီမွာလည္း ဆြယ္တာ သို႕မဟုတ္ တီရွပ္ကို အတြင္းမွ၀တ္ၿပီး အေပၚမွ ဂ်င္းဂ်ာကင္ထပ္လိုက္ရင္ေတာ့ ရာသီမေရြး ဖက္ရွင္က်က် ၀တ္ဆင္ႏိုင္မွာပါ။

Photo Source: Pinterest

[Unicode]

၇၀ ခုနှစ်အစောပိုင်းကတည်းက ဂျင်းဖက်ရှင်က ခေတ်စားလာခဲ့ပြီး အချိန်ကြာလာတာနဲ့အမျှ စတိုင်အသစ်တွေ၊ ဒီဇိုင်းအသစ်တွေကလည်း တဖြည်းဖြည်းနဲ့ မရေမတွက်နိုင်အောင် ပေါ်ပေါက်လာပါတယ်။ ဝတ်ပုံစားပုံတွေကလည်း အမျိုးမျိုးပြောင်းလဲလာတာနဲ့အမျှ ဂျင်းဖက်ရှင်ကို ဘယ်တော့မှ ဒိတ်အောက်မသွားဘဲ စတိုင်မိမိဝတ်စားဆင်ယင်နိုင်မယ့် နည်းလမ်းကောင်းလေးတွေကို ပြန်လည်ဝေမျှပေးလိုက်ရပါတယ်။

၁။ ဂျင်းဘောင်းဘီ

ဂျင်းနဲ့ပတ်သက်လာရင် အခြေခံအကျဆုံးနဲ့ လူအများအဝတ်ဆင်ဆုံး ပုံစံတစ်မျိုးဖြစ်ပါတယ်။ မိမိကြိုက်နှစ်သက်ရာ ဒီဇိုင်းစုံ ခါးတိုအင်္ကျီလေးတွေ၊ အင်္ကျီအပွတွေ၊ ခါးရှည်အင်္ကျီတွေနဲ့ စိတ်တိုင်းကျ တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။ အလွယ်တကူဝတ်ဆင်နိုင်ပြီး လူတိုင်းနဲ့လည်း လိုက်ဖက်ညီတဲ့အသွင်တစ်မျိုးပါ။

၂။ ဂျင်းစကပ်

အထူးသဖြင့် နွေရာသီအတွက် အထူးသင့်တော်တဲ့ ဂျင်းစကပ်တွေကို တီရှပ်ရိုးရိုး၊ ဖိနပ်အပါးတို့နဲ့ အတွဲညီညီ ဖက်ရှင်ကျကျ ဝတ်ဆင်နိုင်သလို ဝတ်ဆင်ထားတဲ့အချိန်မှာလည်း အလွန်ကိုလွတ်လပ်ပေါ့ပါးနေမှာပါ။

၃။ ဂျင်းရှပ်အင်္ကျီများ

ယနေ့အချိန်မှာ လူကြိုက်များနေတဲ့ ဂျင်းရှပ်အင်္ကျီလေးတွေကို အသားကပ်ဘောင်းဘီအနက်ရောင်နဲ့ ရိုးရိုးလေးတွဲဖက်ဝတ်ဆင်လိုက်မယ်ဆိုရင်တော့ နေရာတိုင်းကိုသွားဖို့ အဆင်သင့်ဖြစ်နေပါပြီ။ လက်ရှည်တွေဖြစ်တဲ့အတွက် နွေရာသီမှာဆိုရင် အသားနေလောင်မှာကိုကြောက်တဲ့ မိန်းကလေးတွေအတွက်တော့ အသင့်တော်ဆုံးပါပဲ။

၄။ ဂျင်းဘောင်းဘီတိုတွေ

လွတ်လွတ်လပ်လပ်ရှိတဲ့အတွက်ကြောင့် မိန်းကလေးတိုင်းဟာ ဘောင်းဘီတိုလေးတွေ ဝတ်ရတာကို သဘောကျကြပါတယ်။ နွေရာသီအချိန်တွေမှာဆိုရင် အလွန်ပေါ့ပေါ့ပါးပါးရှိပြီး တီရှပ်လေးနဲ့ပဲဖြစ်ဖြစ် လွယ်ကူစွာ တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။

၅။ ဂျင်းဂါဝန်လေးတွေ

ဂျင်းသားနဲ့လုပ်ထားတဲ့ ဂါဝန်လေးတွေက ဘယ်တော့မှ ဒိတ်အောက်သွားတယ်မရှိပါဘူး။ နေ့လည်စာဒိတ်ဖြစ်စေ၊ ပါတီပွဲဖြစ်စေ၊ မိသားစုနဲ့ညစာစားတဲ့အချိန်ဖြစ်စေ၊ သူငယ်ချင်းများနဲ့ တွေ့ဆုံတဲ့အခါဖြစ်စေ အချိန်နေရာမရွေး အမြဲလှပနေစေမှာပါ။

၆။ ဂျင်းဝမ်းဆက်ဖက်ရှင်

ဂျင်းဖက်ရှင်ကို အပေါ်အောက်ဝမ်းဆက်ဝတ်ခြင်းက ယနေ့အချိန်မှာ အလွန်ပေါ်ပြူလာဖြစ်နေပါတယ်။ ဥပမာအားဖြင့် အနည်းငယ်မှိန်နေသော အပြာနုရောင်ဂျင်းရှပ်အင်္ကျီကို နက်ပြာရင့်ရောင် ဂျင်းဘောင်းဘီရှည်နဲ့တွဲဖက်ဝတ်ဆင်လိုက်မယ်ဆိုရင်တော့ ပြီးပြည့်စုံသွားပါပြီ။

၇။ ဂျာကင်အင်္ကျီအနေနဲ့

Source: Dress Trends 2018

နွေရာသီမှာ နေလောင်ခြင်းမှ ကာကွယ်ပေးပြီး အောက်ခံကြိုးတစ်ချောင်းဝတ်ပြီး ရင်ဘတ်ဟထားမယ်ဆိုရင်လည်း စတိုင်မိုက်မိုက်နဲ့ အပြတ်လန်းနေစေမှာပါ။ ဆောင်းရာသီမှာလည်း ဆွယ်တာ သို့မဟုတ် တီရှပ်ကို အတွင်းမှဝတ်ပြီး အပေါ်မှ ဂျင်းဂျာကင်ထပ်လိုက်ရင်တော့ ရာသီမရွေး ဖက်ရှင်ကျကျ ဝတ်ဆင်နိုင်မှာပါ။

Photo Source: Pinterest