လူတိုင်းသန်မာပြီး ဖြူဝင်းတောက်ပတဲ့ သွားတွေပိုင်ဆိုင်နိုင်ဖို့ ဆန္ဒရှိကြပါတယ်။ ဒီလို သွားတွေ ပိုင်ဆိုင်ဖို့ဆိုတာကလည်း ဆန္ဒရှိနေရုံနဲ့ မရနိုင်ပါဘူး။ သွားကို သေချာစွာ ဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။ ဒီနေ့မှာတော့ ဖြူဝင်းတောက်ပတဲ့ သွားတွေပိုင်ဆိုင်နိုင်အတွက် နည်းလမ်းတစ်ချို့ကို ပြောပြပေးမှာပါ။

(၁) အစားအစာပေါ် ဂရုစိုက်ပေးပါ

Photo : doctorgomoiu.ro

မိမိစားသုံးနေတဲ့ အစားအစာတွေကို ဂရုမစိုက်ပါက သွားနှင့်သွားဖုံးကျန်းမာရေးကို ထိခိုက်စေပါတယ်။ သန်မာသောသွားရရှိရန် ကယ်လ်စီယမ်နှင့်ဗီတာမင်ဒီကြွယ်ဝသည့် အစားအစာများကိုစားပေးဖို့ လိုအပ်ပါတယ်။

(၂) အစာစားပြီးတိုင်း ပလုတ်ကျင်းပါ

Photo : Portsmouth Dental Care

အစာစားပြီးတိုင်း ပလုတ်ကျင်းပေးဖို့လိုအပ်ပါတယ်။ အစာစားပြီး သွားမတိုက်ခြင်း (သို့) ပလုတ်မကျင်းခြင်းက သွားအစွန်းအထင်း ဖြစ်စေသည့် အဓိကအကြောင်းဖြစ်သည်။ အစာစားပြီး သွားကိုချက်ခြင်း မတိုက်ပါနဲ့။ အချိန် နာရီဝက်ခန့် စောင့်ပေးဖို့ လိုအပ်ပါတယ်။

(၃) ဆေးလိပ်သောက်ခြင်းကို ရှောင်ပါ

Photo : Reader’s Digest

ဆေးလိပ်သောက်ခြင်းသည်အဆုတ် အရေပြားအပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးအပေါ် ဆိုးကျိုးများသက်ရောက်စေသည်။ အဆိုးဆုံးကတော့ သွားများပေါ်တွင်ဖြစ်ပါတယ်။

(၄) ကော်ဖီနှင့်လက်ဖက်ရည် ရှောင်ပါ

Photo : Amazonke

လက်ဖက်ရည်နှင့်ကော်ဖီကို လူအများစုနှစ်သက်ကြပါတယ်။ မည်သို့ဖြစ်စေ ၎င်းတို့က သွားတွင်မနှစ်မျို့ဖွယ် အရောင်များကျန်စေပါတယ်။ ထို့ကြောင့် သင့်သွားများကိုတောက်ပြောင်စေချင်လျှင်   ကော်ဖီနှင့်လက်ဖက်ရည်သောက်ခြင်းကိုရှောင်ပါ။

(၅) အုန်းဆီကိုအသုံးပြုပါ

Photo : Healthline

အုန်းဆီမှာ ပိုးမွှားသေစေသည့် ဂုဏ်သတ္တိများပါဝင်ပြီး သင့်သွားနှင့်သွားဖုံးကို ကာကွယ်ပေးပါတယ်။ သင့်ပါးစပ်ထဲ အုန်းဆီတစ်ဇွန်းထည့်ပြီးလျှင် ၅မိနစ်မှ၁၀မိနစ်အထိ ပလုတ်ကျင်းပေးပါ (သို့) သွားတိုက်တံပေါ်တွင် အစက်အနည်းငယ်ချ၍ သွားတိုက်ပေးပါ။

(၆) မီးသွေးအခြေခံထုတ်ကုန်ပစ္စည်းများသုံးပါ

Photo : Bosanskaposta

မီးသွေးကိုအခြေခံပြီး ထုတ်လုပ်ထားသောပစ္စည်း ဥပမာ – သွားတိုက်ဆေးများဟာ သွားမျက်နှာပြင်ပေါ်ရှိအစွန်းများကို ဖယ်ရှားရာတွင် အံ့အားသင့်ဖွယ် အာနိသင်ရှိပါတယ်။

အထက်ပါနည်းလမ်းတွေက သင့်သွားကိုပို၍တောက်ပအောင် များစွာထောက်ပံ့ပေးနိုင်ပါတယ်။