သွားတွေဝါညစ်နေတဲ့အပြင် Tartar လို့ခေါ်တဲ့ သွားချေးလိုမျိုးတွေပါ ဖြစ်နေတဲ့သူတွေအတွက် သွားတွေဝါညစ်နေပြီး Tartar ဖြစ်နေတာတွေပါ ပျောက်အောင်ကူညီပေးမယ့် နည်းလမ်း ၅ မျိုးကို ပြောပြပေးလိုက်ပါတယ်။ သွားလေးတွေဖြူဖွေးပြီး လှနေရင် ပြုံးရယ်လိုက်တိုင်းမှာ ဆွဲဆောင်မှုရှိပြီး လှနေစေပါတယ်။ ဒါကြောင့် သွားအလှအပနဲ့ သွားကျန်းမာရေးကိုလည်း ဂရုမစိုက်လို့မဖြစ်ဘူးနော်။

မုန့်ဖုတ်ဆိုဒါ၊ ရေ

မုန့်ဖုတ်ဆိုဒါက သွားအတွင်းက Tartar တွေကို ဖယ်ရှားပေးနိုင်တဲ့ အကောင်းဆုံးအရာတစ်ခုပါ။ သွားတွေကိုလည်း ဖြူလာအောင် ကူညီပေးနိုင်ပါတယ်။ မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်းတစ်ဇွန်းကို ရေအနည်းငယ်နဲ့ ရောစပ်ပြီး အဲ့တာနဲ့ သွားတိုက်ပေးရမှာပါ။ မိနစ်အနည်းငယ်ကြာအောင် သွားတိုက်ပေးပြီးရင်တော့ ရေနဲ့သေချာသန့်စင်ပါ။ ဒီနည်းလမ်းကို တစ်ပတ်တစ်ကြိမ်ပဲ ပုံမှန်လုပ်ပေးသွားပါ။

ဆားရည်

ဆားရည်က သွားမှာရှိနေတဲ့ Bacteria တွေနဲ့ သွားချေးတွေကို ဖယ်ရှားပေးနိုင်တဲ့ သဘာဝပိုးသတ်ဆေးပါပဲ။ ရေနွေးတစ်ခွက်ထဲကို ဆားလက်ဖက်ရည်ဇွန်းတစ်ဝက်ထည့်ပြီး မွှေလိုက်ပါ။ ပြီးရင် အဲ့ဆားရည်နဲ့ စက္ကန့် 30 ကြာ အာလုပ်ကျင်းပေးပါ။ တစ်နေ့ကိုနှစ်ကြိမ် ပုံမှန်လုပ်ပေးမယ်ဆိုရင် ခံတွင်းနံ့နံတာတောင် သက်သာစေပါတယ်။

Hydrogen peroxide

Hydrogen peroxide က သွားဝါညစ်နေတာတွေ Tartar တွေကို ဖယ်ရှားပေးမယ့် Natural bleaching တစ်မျိုးဖြစ်ပါတယ်။ Hydrogen peroxide ကို ရေနဲ့ဆတူရောမွှေပြီး စက္ကန့် 30 ကြာ အာလုပ်ကျင်းပေးရမှာပါ။ ပြီးရင်ပါးစပ်ကို ရေနဲ့ပြန်ပြီး အာလုပ်ကျင်းပါ။ ဒီနည်းလမ်းကို လုပ်မယ်ဆိုရင်တော့ တစ်ပတ်ကိုတစ်ကြိမ်ပဲ ပုံမှန်လုပ်ပေးပါ။

အုန်းဆီ

အုန်းဆီနဲ့ သွားတွေကို ပွတ်တိုက်ပေးခြင်းက Bacteria တွေကို ဖယ်ရှားပေးပြီး ခံတွင်းသန့်စင်စေပါတယ်။ Tartar တွေလည်း ကင်းစင်စေပါတယ်။ အုန်းဆီကို သွားမှာ အချိန်ကြာကြာ ပွတ်တိုက်ပေးပါ။ ပြီးရင်တော့ ရေကြက်သီးနွေးနဲ့ အာလုပ်ကျင်းလိုက်ရုံပါပဲ။ တစ်ပတ်တစ်ကြိမ်ပဲ လုပ်ပေးရမှာပါ။

သစ်သီးအခွံ

လိမ္မော်သီးနဲ့ သံပုရာခွံလိုမျိုး သစ်သီးခွံတွေမှာက Citric acid ပါဝင်တာကြောင့် သွားဝါတာနဲ့ Tartar ဖြစ်တာတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ လိမ္မော်သီး သို့မဟုတ် သံပုရာသီးခွံအတွင်းပိုင်းနဲ့ သွားတွေကို မိနစ်အနည်းငယ်ကြာအောင် ပွတ်တိုက်ပေးပါ။ ပြီးရင် ရေနဲ့အာလုပ်ကျင်းပါ။ ဒီနည်းလမ်းကို လုပ်မယ်ဆိုရင်လည်း တစ်ပတ်တစ်ကြိမ် ပုံမှန်လုပ်ပေးရုံနဲ့ ရပါတယ်။