မင်္ဂလာပါပျိုမေတို့ရေ။ လူတိုင်းကို လှပတဲ့အပြုံးလေးနဲ့နှုတ်ဆက်နိုင်ဖို့ဆိုရင် ဖြူဝင်းတဲ့သွားလေးတွေကလည်း အရေးပါတဲ့ကဏ္ဍတစ်ခုပါနော်။ ဒါပေမယ့် တစ်ခါတစ်ရံမှာ ကိုယ်တိုင်သတိမထားမိဘဲ ကိုယ့်ရဲ့သွားတွေကို ဝါသွားအောင်လုပ်မိနေတဲ့ အပြုအမူတွေလည်း ရှိတတ်ပါတယ်။ သွားဝါတဲတဲ့အခါ များသောအားဖြင့် အဆင့်နှစ်ဆင့်ဖြစ်တတ်ပါတယ်နော်။ ပထမတစ်မျိုးကတော့ အစားအသောက်ကြောင့် သွားရဲ့အပေါ်ယံလွှာအရောင်ပြောင်းလာတာဖြစ်ပြီး နောက်တစ်ခုကတော့ သွားကြွေလွှာအတွင်းပိုင်း အရောင်ပြောင်းလာတာမျိုးပါ။ ဒီနှစ်ဆင့်လုံးကို ကာကွယ်နိုင်ဖို့ ပျိုမေတို့အနေနဲ့ ပြုလုပ်နိုင်မယ့် နည်းလမ်းငါးမျိုးကို ဖော်ပြပေးချင်ပါတယ်။

၁။ အရောင်ရင့်တဲ့ အစား‌အသောက်တွေစားပြီးတိုင်း ပါးလုပ်ကျင်းပါ

ကော်ဖီ၊ လက်ဖက်ရည်၊ ဝိုင်နီနဲ့ ဘယ်ရီသီးလို အရောင်ရင့်အသီးတွေ၊ Cola လို သွားအရောင်စွန်းစေတဲ့ အစားအသောက်တွေက အချိန်ကြာတာနဲ့အမျှ သွားတွေကိုအရောင်ပြောင်းလာစေမှာပါ။ ဒါကြောင့် ဒီလိုအစား‌အသောက်တွေ စားပြီးတိုင်း ပုံမှန်ပါးလုပ်ကျင်းပေးဖို့ မမေ့သင့်ပါဘူး။ ဒါတွေကိုရှောင်လိုက်တာက သွားမဝါအောင်ကာကွယ်ပြီးသားဖြစ်မှာပါ။

၁။ ဆေးလိပ်လျှော့သောက်ပါ

 

လေ့လာမှုတွေအရ ဆေးလိပ်သောက်သူတွေဟာ ဆေးလိပ်မသောက်သူတွေထက် ပိုပြီးသွားဝါကြတယ်လို့ သိရပါတယ်။ ဒါကြောင့် တတ်နိုင်သလောက် ဆေးလိပ်ကိုရှောင်ဖို့ လိုပါတယ်။

၃။ ခံတွင်းသန့်ရှင်းရေး ပုံမှန်လုပ်ပေးပါ


သွားဝါခြင်းနဲ့ ခံတွင်းအနံ့နံတာတွေမဖြစ်ဖို့ တစ်နေ့ကို နှစ်ခါ ပုံမှန်သွားတိုက်ဖို့လိုအပ်ပြီး အစားစားပြီးတိုင်းလည်း ပုံမှန်ပါးလုပ်ကျင်းတဲ့အကျင့်လုပ်ထားဖို့ အရေးကြီးပါတယ်။

၄။ ရေများများသောက်ပေးပါ


ရေ‌များများသောက်ပေးတာကလည်း သွားမှာကပ်နေတဲ့ အညစ်အကြေးတွေနဲ့ အရောင်အစွန်းအထင်းတွေကို လျော့ကျသွားစေပါတယ်။ တစ်နေ့ကို အနည်းဆုံး ရေနှစ်လီတာပြည့်အောင်သောက်ပေးပါ။

၅။ သွားဆေးခန်းပုံမှန်သွားပါ


တတ်ကျွမ်းတဲ့သွားဆရာဝန်တွေနဲ့ ပုံမှန်ပြတာက သွားကျန်းမာရေးအတွက်အကောင်းဆုံးပဲမို့ အနည်းဆုံးခြောက်လတစ်ကြိမ်ခန့် သွားဆေးခန်းပုံမှန်ပြပေးတာ အကောင်းဆုံးပါပဲ။

Photo Source: Pinterest

By MyStyle Myanmar