သွားဖြူဖို့အတွက် Whitening သွားတိုက်ဆေးတွေ သုံးချင်တယ်ဆိုရင် စိတ်ချရတာမျိုး၊ ထောက်ခံချက်ရှိထားတာမျိုးကိုပဲ သုံးသင့်ပါတယ်။ ဒီသွားတိုက်ဆေးတွေကတော့ သွားဆရာဝန်တွေနဲ့ Beauty Editor တွေ စမ်းသပ်ထားပြီးသားဖြစ်တဲ့ သွားဖြူစေတဲ့ သွားတိုက်ဆေးတွေပဲ ဖြစ်ပါတယ်။

Colgate Optic White Pro Series Whitening Toothpaste

သွားဖြူဖို့အတွက် နာမည်ကြီးတဲ့ Whitening သွားတိုက်ဆေးပဲဖြစ်ပါတယ်။ ကော်ဖီသောက်လို့ သွားတွေဝါညစ်နေတာအစ သက်သာစေတယ်လို့လည်း Review ကောင်းတွေ ရထားပါတယ်။ Key Ingredients တွေက Hydrogen Peroxide, Silica တို့ပဲဖြစ်ပါတယ်။

Crest 3D White Brilliance Teeth Whitening Toothpaste

သွားဖြူစေတဲ့ သွားတိုက်ဆေးဖြစ်ပြီး သွားတိုက်ပြီးသွားရင်လည်း Clean & Fresh ဖြစ်တဲ့ Feeling မျိုး အပြည့်အဝရစေပါတယ်။ Key Ingredients တွေက Fluoride, SLS တို့ပဲဖြစ်ပါတယ်။

Pronamel Gentle Teeth Whitening Toothpaste

Sensitive ဖြစ်တဲ့ သွားတွေကအစ တိုက်လို့ရတဲ့ Whitening သွားတိုက်ဆေး ဖြစ်ပါတယ်။ သူ့ရဲ့ Key Ingredients တွေက Fluoride, Potassium Nitrate တို့ပဲဖြစ်ပါတယ်။

Lumineux Teeth Whitening Toothpaste

ဒါကလည်း Sensitive Teeth အတွက် Safe ဖြစ်တဲ့ သွားတိုက်ဆေးဖြစ်ပါတယ်။ သူ့ရဲ့ Key Ingredients တွေက Coconut Oil နဲ့ Lemon ဖြစ်တာကြောင့် Whitening သွားတိုက်ဆေးတွေ သုံးရမှာကြောက်တယ်ဆိုတဲ့သူကအစ စိတ်ချလက်ချ သုံးနိုင်ပါတယ်။

Dr. Brite Mint Natural Whitening Toothpaste

Chemical ဖြစ်တဲ့ Sulfates နဲ့ Parabens Free ဖြစ်ပြီး Key Ingredients တွေက Hydroxyapatite, Activated Coconut Charcoal, Organic Coconut Oil, Non-acidic Vitamin C စတာတွေပဲဖြစ်ပါတယ်။

Arm & Hammer Advance White Toothpaste

Strong ဖြစ်တဲ့ Whitening Formula နဲ့ပြုလုပ်ထားတာဖြစ်ပြီး Key Ingredients ကတော့ Fluoride ပဲဖြစ်ပါတယ်။ သွားကို ဖြေးဖြေးချင်းစီဖြူလာစေတဲ့ Whitening သွားတိုက်ဆေးမျိုး ဖြစ်ပါတယ်။