[Zawgyi]

မိန္းကေလးတစ္ေယာက္ရဲ႔အလွကေတာ့ အၿပံဳးပါပဲ။ အၿမဲတမ္းၿပံဳးေနတဲ့မိန္းကေလးတစ္ေယာက္ဟာ အခ်ိန္တိုင္းမွာ သူမ်ားထက္ပိုလွေနတာပါပဲ။ ဒီလိုလွပၿပီး ဆဲြေဆာင္မႈရွိတဲ့အၿပံဳးေလးေတြကို ပိုင္ဆိုင္ဖို႔ဆိုတာ မိန္းကေလးတစ္ေယာက္အေနနဲ႔ ဂရုစိုက္ရမယ့္အရာေတြလည္း အမ်ားႀကီးရွိပါေသးတယ္။

အဓိကကေတာ့ သင့္ရဲ႕သြားေတြဟာ ျဖဴေဖြးၿပီးလွပေနဖို႔ လိုပါတယ္။ ရယ္လိုက္၊ ၿပံဳးလိုက္လို႔ သြားက၀ါေနတာမ်ိဳးဆို ဘယ္လွပမလဲ။ ဒါေၾကာင့္ သြားေလးေတြျဖဴေဖြးေနဖို႔ Whitening ပါတဲ့ သြားတိုက္ေဆးေလးကို အသုံးျပဳေပးႏိုင္ရင္ ပိုေကာင္းပါတယ္ ပ်ိဳေမတို႔ေရ။ သြားမွာကပ္ေနတဲ့အစြန္းအထင္းေတြ ေပ်ာက္ခ်င္တယ္ဆိုရင္ေတာ့ Ice Tea ေလးေတြကို ပိုက္ေလးေတြနဲ႔ ေသာက္ေပးပါ။

Source: www.groupon.nl

ေျခာက္ေသြ႕အက္ကဲြေနတဲ့ႏႈတ္ခမ္းနဲ႔ဆိုလည္း ၿပံဳးလိုက္ရင္မလွေတာ့ဘူးေနာ္။ ဒါေၾကာင့္ ႏႈတ္ခမ္းကိုလည္း Scrub ေလးပံုမွန္လုပ္ေပးဖို႔ လိုပါတယ္။ လုပ္ရတာလည္း လြယ္လြယ္ေလးပါ။ သၾကားနဲ႔ပ်ားရည္ကို ေရာေမႊၿပီး ႏႈတ္ခမ္းမွာပြတ္လိမ္းၿပီး Scrub လုပ္ေပးရံုပါ။ Scrub လုပ္ေပးရံုနဲ႔လည္း မၿပီးေသးဘူးေနာ္။ Lip Balm ဆိုးၿပီး သြားပြတ္တံေလးနဲ႔ ႏႈတ္ခမ္းကိုပြတ္ေပးရမွာပါ။ ဒါမွလည္း ႏႈတ္ခမ္းသား ေျခာက္ေသြ႔အက္ကဲြေနတာေတြေပ်ာက္ၿပီး ႏူးညံ့ေခ်ာမြတ္တဲ့ႏႈတ္ခမ္းသားေလးကို ရရွိမွာပါ။

Source: www.quora.com

မိန္းကေလးတိုင္းဟာ ႏႈတ္ခမ္းနီဆိုးသင့္ပါတယ္။ သပ္သပ္ရပ္ရပ္ေလးနဲ႔ လွပေနေအာင္ ႏႈတ္ခမ္းနီဆိုးတတ္ဖို႔လည္း လိုပါေသးတယ္။ ဒါမွလည္း ၿပံဳးလိုက္တိုင္းမွာ ဆဲြေဆာင္မႈအျပည့္နဲ႔လွေနမွာပါ။ ျဖစ္ႏိုင္ရင္ေတာ့ မိန္းကေလးတစ္ေယာက္မွာ အနီေရာင္ႏႈတ္ခမ္းနီေလးတစ္ခုေလာက္ ရွိထားသင့္ပါတယ္။ ႏႈတ္ခမ္းနီအနီေရာင္ေလးဆိုးထားရင္ေတာ့ ထက္ျမတ္တဲ့အၿပံဳးပိုင္ရွင္ေလးျဖစ္ေနမွာပါ။ ခ်စ္စရာေကာင္းတဲ့အၿပံဳးပိုင္ရွင္ေလးျဖစ္ခ်င္ရင္ေတာ့ ကိုရီးယားမေလးေတြဆိုးသလို ႏႈတ္ခမ္းနီကို ႏႈတ္ခမ္းအတြင္းသားေလးေတြမွာပဲ ဆိုးေပးပါ။

Source: www.lifestyle.okezone.com

ေနာက္ဆုံးတစ္ခုအေနနဲ႔ သတိထားရမွာကေတာ့ မိန္းကေလးေတာ္ေတာ္မ်ားမ်ားဟာ ႏႈတ္ခမ္းနီဆိုးၿပီးရင္ သြားမွာေပေနတတ္ပါတယ္။ သြားမွာႏႈတ္ခမ္းနီေတြေပေနရင္ေတာ့ ၿပံဳးလိုက္၊ ရယ္လိုက္တိုင္းမွာ ေပၚေနမွာျဖစ္တဲအတြက္ လွပတဲ့အၿပံဳးတစ္ခုကိုမပိုင္ဆိုင္ႏိုင္ေတာ့ပါဘူး။ ဒါေၾကာင့္ ႏႈတ္ခမ္းနီဆိုးၿပီးတာနဲ႔ ပါးစပ္ထဲကိုလက္ညိဳးထည့္ၿပီး ျပန္ထုတ္လိုက္ပါ။ ဒါဆိုရင္ေတာ့ သြားမွာလည္း ႏႈတ္ခမ္းနီေတြမေပေတာ့ပါဘူး။

Source: www.fustany.com

[Unicode]

မိန်းကလေးတစ်ယောက်ရဲ့အလှကတော့ အပြုံးပါပဲ။ အမြဲတမ်းပြုံးနေတဲ့မိန်းကလေးတစ်ယောက်ဟာ အချိန်တိုင်းမှာ သူများထက်ပိုလှနေတာပါပဲ။ ဒီလိုလှပပြီး ဆွဲဆောင်မှုရှိတဲ့အပြုံးလေးတွေကို ပိုင်ဆိုင်ဖို့ဆိုတာ မိန်းကလေးတစ်ယောက်အနေနဲ့ ဂရုစိုက်ရမယ့်အရာတွေလည်း အများကြီးရှိပါသေးတယ်။

အဓိကကတော့ သင့်ရဲ့သွားတွေဟာ ဖြူဖွေးပြီးလှပနေဖို့ လိုပါတယ်။ ရယ်လိုက်၊ ပြုံးလိုက်လို့ သွားကဝါနေတာမျိုးဆို ဘယ်လှပမလဲ။ ဒါကြောင့် သွားလေးတွေဖြူဖွေးနေဖို့ Whitening ပါတဲ့ သွားတိုက်ဆေးလေးကို အသုံးပြုပေးနိုင်ရင် ပိုကောင်းပါတယ် ပျိုမေတို့ရေ။ သွားမှာကပ်နေတဲ့အစွန်းအထင်းတွေ ပျောက်ချင်တယ်ဆိုရင်တော့ Ice Tea လေးတွေကို ပိုက်လေးတွေနဲ့ သောက်ပေးပါ။

Source: www.groupon.nl

ခြောက်သွေ့အက်ကွဲနေတဲ့နှုတ်ခမ်းနဲ့ဆိုလည်း ပြုံးလိုက်ရင်မလှတော့ဘူးနော်။ ဒါကြောင့် နှုတ်ခမ်းကိုလည်း Scrub လေးပုံမှန်လုပ်ပေးဖို့ လိုပါတယ်။ လုပ်ရတာလည်း လွယ်လွယ်လေးပါ။ သကြားနဲ့ပျားရည်ကို ရောမွှေပြီး နှုတ်ခမ်းမှာပွတ်လိမ်းပြီး Scrub လုပ်ပေးရုံပါ။ Scrub လုပ်ပေးရုံနဲ့လည်း မပြီးသေးဘူးနော်။ Lip Balm ဆိုးပြီး သွားပွတ်တံလေးနဲ့ နှုတ်ခမ်းကိုပွတ်ပေးရမှာပါ။ ဒါမှလည်း နှုတ်ခမ်းသား ခြောက်သွေ့အက်ကွဲနေတာတွေပျောက်ပြီး နူးညံ့ချောမွတ်တဲ့နှုတ်ခမ်းသားလေးကို ရရှိမှာပါ။

Source: www.quora.com

မိန်းကလေးတိုင်းဟာ နှုတ်ခမ်းနီဆိုးသင့်ပါတယ်။ သပ်သပ်ရပ်ရပ်လေးနဲ့ လှပနေအောင် နှုတ်ခမ်းနီဆိုးတတ်ဖို့လည်း လိုပါသေးတယ်။ ဒါမှလည်း ပြုံးလိုက်တိုင်းမှာ ဆွဲဆောင်မှုအပြည့်နဲ့လှနေမှာပါ။ ဖြစ်နိုင်ရင်တော့ မိန်းကလေးတစ်ယောက်မှာ အနီရောင်နှုတ်ခမ်းနီလေးတစ်ခုလောက် ရှိထားသင့်ပါတယ်။ နှုတ်ခမ်းနီအနီရောင်လေးဆိုးထားရင်တော့ ထက်မြတ်တဲ့အပြုံးပိုင်ရှင်လေးဖြစ်နေမှာပါ။ ချစ်စရာကောင်းတဲ့အပြုံးပိုင်ရှင်လေးဖြစ်ချင်ရင်တော့ ကိုရီးယားမလေးတွေဆိုးသလို နှုတ်ခမ်းနီကို နှုတ်ခမ်းအတွင်းသားလေးတွေမှာပဲ ဆိုးပေးပါ။

Source: www.lifestyle.okezone.com

နောက်ဆုံးတစ်ခုအနေနဲ့ သတိထားရမှာကတော့ မိန်းကလေးတော်တော်များများဟာ နှုတ်ခမ်းနီဆိုးပြီးရင် သွားမှာပေနေတတ်ပါတယ်။ သွားမှာနှုတ်ခမ်းနီတွေပေနေရင်တော့ ပြုံးလိုက်၊ ရယ်လိုက်တိုင်းမှာ ပေါ်နေမှာဖြစ်တဲအတွက် လှပတဲ့အပြုံးတစ်ခုကိုမပိုင်ဆိုင်နိုင်တော့ပါဘူး။ ဒါကြောင့် နှုတ်ခမ်းနီဆိုးပြီးတာနဲ့ ပါးစပ်ထဲကိုလက်ညိုးထည့်ပြီး ပြန်ထုတ်လိုက်ပါ။ ဒါဆိုရင်တော့ သွားမှာလည်း နှုတ်ခမ်းနီတွေမပေတော့ပါဘူး။

Source: www.fustany.com