[Zawgyi]

သင့္ခႏၶာကိုယ္က ေထာင့္မွန္စတုဂံပံုလား၊ ပန္းသီးပံုလား၊ သစ္ေတာ္သီးပံုလား၊ သဲနာရီပံုလား ဘယ္လိုခႏၶာကိုယ္ အခ်ိဳးအစားကို ပိုင္ဆိုင္ထားပါသလဲ။ တစ္ခ်ိဳ႕မိန္းကေလးေတြက ခါးမွာ အဆီစုတာမ်ားၿပီး တခ်ိဳ႕က်ေတာ့ ေပါင္နဲ႔ တင္ပါးမွာ အဆီစုၾကပါတယ္။

လူတိုင္းရဲ႕ခႏၶာကိုယ္ဖြဲ႔စည္းပံုက မတူတဲ့အတြက္ေၾကာင့္ ကိုယ့္ခႏၶာကိုယ္အခ်ိဳးအစားေပၚမူတည္ၿပီး ဝိတ္ဘယ္လိုခ်သင့္လဲဆိုတာကို ေဖာ္ျပေပးလိုက္ရပါတယ္။

ေထာင့္မွန္စတုဂံပံု ခႏၶာကိုယ္

ခါးနဲ႔တင္ပါးတစ္ဆက္တည္း ျဖစ္ေနရင္ေတာ့ သင္က ေထာင့္မွန္စတုဂံပံု ပိန္ပန္ပါးပါး ခႏၶာကိုယ္ပိုင္ရွင္ပဲျဖစ္ပါတယ္။ သင္က ကိုယ္အေလးခ်ိန္တက္ဖို႔ ခဲယဥ္းေပမဲ့ ေထာပတ္သီး၊ ေဆာ္လမြန္ငါး စတဲ့ က်န္းမာေရးနဲ႔ ညီညႊတ္တဲ့ အဆီဓာတ္ေတြပါဝင္တဲ့ အစားအစာေတြကို စားသံုးေပးပါ။ ကိုယ္အေလးခ်ိန္မတက္ဘူးဆိုၿပီး ကယ္လိုရီမ်ားတဲ့အစာေတြ အခ်ိဳလြန္ကဲတဲ့အစားအစာေတြကို မစားသင့္ပါဘူး။

ပန္းသီးပံု ခႏၶာကိုယ္

ပန္းသီးပံုခႏၶာကိုယ္အမ်ိဳးအစားက ခါးမွာအဆီစုေနတတ္ပါတယ္။ ဒီလိုခႏၶာကိုယ္ပိုင္ရွင္ေတြက တစ္ေန႔ကို ေလးခါ ငါးခါေလာက္ အႀကိမ္ေရမ်ားမ်ားစားၿပီး တစ္ခါစားရင္ေတာ့ ပမာဏနည္းနည္းခ်င္းစီသာ စားေပးပါ။ အမွ်င္ဓာတ္ႂကြယ္ဝတဲ့ အစားအစာမ်ား၊ ဟင္းသီးဟင္းရြက္မ်ား၊ ဗီတာမင္ စီနဲ႔ အဆီထုတ္ထားတဲ့ ႏို႔ထြက္ပစၥည္းေတြကို မွီဝဲစားသံုးေပးပါ။ ဒိန္ခ်ဥ္စားသံုးျခင္းကလည္း အစာေခ်စနစ္ကို ကူညီႏိုင္ပါတယ္။

သစ္ေတာ္သီး

ခႏၶာကိုယ္ေအာက္ပိုင္း တင္ပါးကိတ္ၿပီး ခႏၶာကိုယ္အေပၚပိုင္း ေသးသြားတဲ့သူမ်ိဳးပါ။ သူတို႔က ေပါင္တို႔ တင္ပါးလို႔မွာ အဆီတက္လြယ္ပါတယ္။ အသား၊ ငါး၊ ႏို႔ထြက္ပစၥည္းမ်ားနဲ႔ ပ႐ိုတိန္းဓာတ္ႂကြယ္ဝတဲ့ အစားအစာမ်ားကို စားသံုးပါ။ ခႏၶာကိုယ္က အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးဖို႔ ဖရဲသီးနဲ႔ နာနတ္သီးေတြ စားသံုးေပးျခင္းက ေပါင္နဲ႔ တင္ပါးမွာ စုေနတဲ့ အဆိပ္ေတာက္ေတြကို ဖယ္ရွားေပးပါလိမ့္မ္ယ။ ဆားေလ်ာ့စားပါ။ ေခါက္ဆြဲနဲ႔ ေပါင္မုန္႔စားသံုးျခင္းကို ေရွာင္ၾကဥ္ပါ။

သဲနာရီ ခႏၶာကိုယ္

သဲနာရီခႏၶာကိုယ္ကို ပိုင္ဆိုင္ထားတဲ့ မိန္းကေလးေတြကေတာ့ ကမာၻမွာ ကံအေကာင္းဆံုးပါပဲ။ ဒါေပမဲ့ ကိုယ္အေလးခ်ိန္ကို ဆက္လက္ထိန္းသိမ္းထားဖို႔လိုပါတယ္။ လတ္ဆတ္တဲ့ သစ္သီးဝလံနဲ႔ ဟင္းသီးဟင္းရြက္မ်ား၊ ပ႐ိုတိန္းဓာတ္ႂကြယ္ဝတဲ့ အစားအစာမ်ား စားသံုးသင့္ပါတယ္။ အစားအစာ စားရင္လည္း ပမာဏနည္းနည္းနဲ႔ အႀကိမ္ေရမ်ားမ်ားစားေပးပါ။

Source: Brightside.me

[Unicode]

သင့်ခန္ဓာကိုယ်က ထောင့်မှန်စတုဂံပုံလား၊ ပန်းသီးပုံလား၊ သစ်တော်သီးပုံလား၊ သဲနာရီပုံလား ဘယ်လိုခန္ဓာကိုယ် အချိုးအစားကို ပိုင်ဆိုင်ထားပါသလဲ။ တစ်ချို့မိန်းကလေးတွေက ခါးမှာ အဆီစုတာများပြီး တချို့ကျတော့ ပေါင်နဲ့ တင်ပါးမှာ အဆီစုကြပါတယ်။

လူတိုင်းရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံက မတူတဲ့အတွက်ကြောင့် ကိုယ့်ခန္ဓာကိုယ်အချိုးအစားပေါ်မူတည်ပြီး ဝိတ်ဘယ်လိုချသင့်လဲဆိုတာကို ဖော်ပြပေးလိုက်ရပါတယ်။

ထောင့်မှန်စတုဂံပုံ ခန္ဓာကိုယ်

ခါးနဲ့တင်ပါးတစ်ဆက်တည်း ဖြစ်နေရင်တော့ သင်က ထောင့်မှန်စတုဂံပုံ ပိန်ပန်ပါးပါး ခန္ဓာကိုယ်ပိုင်ရှင်ပဲဖြစ်ပါတယ်။ သင်က ကိုယ်အလေးချိန်တက်ဖို့ ခဲယဉ်းပေမဲ့ ထောပတ်သီး၊ ဆော်လမွန်ငါး စတဲ့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အဆီဓာတ်တွေပါဝင်တဲ့ အစားအစာတွေကို စားသုံးပေးပါ။ ကိုယ်အလေးချိန်မတက်ဘူးဆိုပြီး ကယ်လိုရီများတဲ့အစာတွေ အချိုလွန်ကဲတဲ့အစားအစာတွေကို မစားသင့်ပါဘူး။

ပန်းသီးပုံ ခန္ဓာကိုယ်

ပန်းသီးပုံခန္ဓာကိုယ်အမျိုးအစားက ခါးမှာအဆီစုနေတတ်ပါတယ်။ ဒီလိုခန္ဓာကိုယ်ပိုင်ရှင်တွေက တစ်နေ့ကို လေးခါ ငါးခါလောက် အကြိမ်ရေများများစားပြီး တစ်ခါစားရင်တော့ ပမာဏနည်းနည်းချင်းစီသာ စားပေးပါ။ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာများ၊ ဟင်းသီးဟင်းရွက်များ၊ ဗီတာမင် စီနဲ့ အဆီထုတ်ထားတဲ့ နို့ထွက်ပစ္စည်းတွေကို မှီဝဲစားသုံးပေးပါ။ ဒိန်ချဉ်စားသုံးခြင်းကလည်း အစာချေစနစ်ကို ကူညီနိုင်ပါတယ်။

သစ်တော်သီး

ခန္ဓာကိုယ်အောက်ပိုင်း တင်ပါးကိတ်ပြီး ခန္ဓာကိုယ်အပေါ်ပိုင်း သေးသွားတဲ့သူမျိုးပါ။ သူတို့က ပေါင်တို့ တင်ပါးလို့မှာ အဆီတက်လွယ်ပါတယ်။ အသား၊ ငါး၊ နို့ထွက်ပစ္စည်းများနဲ့ ပရိုတိန်းဓာတ်ကြွယ်ဝတဲ့ အစားအစာများကို စားသုံးပါ။ ခန္ဓာကိုယ်က အဆိပ်အတောက်တွေကို ဖယ်ရှားပေးဖို့ ဖရဲသီးနဲ့ နာနတ်သီးတွေ စားသုံးပေးခြင်းက ပေါင်နဲ့ တင်ပါးမှာ စုနေတဲ့ အဆိပ်တောက်တွေကို ဖယ်ရှားပေးပါလိမ့်မ်ယ။ ဆားလျော့စားပါ။ ခေါက်ဆွဲနဲ့ ပေါင်မုန့်စားသုံးခြင်းကို ရှောင်ကြဉ်ပါ။

သဲနာရီ ခန္ဓာကိုယ်

သဲနာရီခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ မိန်းကလေးတွေကတော့ ကမ္ဘာမှာ ကံအကောင်းဆုံးပါပဲ။ ဒါပေမဲ့ ကိုယ်အလေးချိန်ကို ဆက်လက်ထိန်းသိမ်းထားဖို့လိုပါတယ်။ လတ်ဆတ်တဲ့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်များ၊ ပရိုတိန်းဓာတ်ကြွယ်ဝတဲ့ အစားအစာများ စားသုံးသင့်ပါတယ်။ အစားအစာ စားရင်လည်း ပမာဏနည်းနည်းနဲ့ အကြိမ်ရေများများစားပေးပါ။

Source: Brightside.me