တန်ဖိုးဆိုတာ လူတွေကသတ်မှတ်တဲ့အရာလိုပြောကြပေမဲ့ ကိုယ်ပေးလိုက်တဲ့လက်ဆောင်ကလည်း အသုံး၀င်ဖို့တော့လိုအပ်တယ်နော်။ ချစ်သူကောင်လေးကိုလည်း ကိုယ်ကအရမ်းချစ်တယ် တန်းဖိုထားတယ်ဆိုရင် လက်ဆောင်ကတော့ ပေးကြစမြဲပါ။ နှစ်ယောက်ကြားက  အမှတ်တရနေ့တွေပဲဖြစ်ဖြစ်၊နေ့တွေမျိုးမှာဖြစ်ဖြစ် အမှတ်တရလက်ဆောင်ပေးချင်တယ်၊ ဘာပေးရမှန်လဲမသိဘူးဆိုရင်တော့ အခုပြောပြတဲ့ပစ္စည်းလေးတွေက တကယ်လည်းအသုံး၀င်ပြီး အမှတ်တရဖြစ်စေလောက်တဲ့ပစ္စည်းလေးတွေ ဖြစ်ပါတယ်။

ခါးပတ်

Photo Source- 123RF

ကိုယ့်ချစ်သူကောင်းလေးက ကလေးဆန်တဲ့သူတစ်ယောက်ဆိုရင် ဒီလက်ဆောင်လေးက ကောင်းလေးအတွက် အရမ်းကိုအသုံး၀င်ပါတယ်။ ခါးပတ်ကောင်းကောင်းလေးတစ်ခုဆိုတာက ယောကျာ်းလေးတွေအတွက်တော့ မရှိမဖြစ်ပစ္စည်းလို့တောင် ပြောလို့ရပါတယ်။

Handmade Gift

Photo source- Pinterest

Handmade ပစ္စည်းလေးတွေက ကိုယ်ကိုတိုင် Customize လုပ်ရတဲ့အရာလည်းဖြစ်သလို၊ နှစ်ယောက်ကြားကအမှတ်တရလေးတွေကို အရာဝတ္တုတစ်ခုအနေနဲ့ပုံဖော်လိုက်တဲ့အတွက် ချစ်စရာလည်းကောင်းသလို ကောင်လေးဘက်ကလည်း အချစ်တွေတိုးလာမှာအမှန်ပါနော်။

Sneaker

Photo Source – Alamy.com

ကိုယ့်ချစ်သူကောင်လေးက လူငယ်ဆန်ပြီးတက်ကြွတဲ့သူတစ်ယောက်ဆိုရင် လက်ဆောင်နဲ့သာ သူ့အသဲကိုဖမ်းစားလိုက်ပါတော့နော်။ တစ်ရံကကောင်လေးတွေက သူတို့ပိုင်ဆိုင်တဲ့အရာတွေထဲမှာမှ တန်ဖိုးအထားဆုံးနဲ့ အမြတ်နိုးဆုံးလို့လည်းပြောလို့ရပါတယ်။