လူတိုင်းကတော့ တဖြည်းဖြည်း အသက်ရ၊ ရင့်ကျက်လာကြမှာပါပဲ။ ဒီလိုမျိုး အသက်ရလာတယ်ဆိုတာက နှစ်ကာလသက်တမ်းပိုရင့်လာလေ ပိုကောင်းလာလေဆိုတဲ့ ဝိုင်လိုမျိုးပဲ ကိုယ့်အနေနဲ့ ကိုယ်ခန္ဓာအပြင် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ထိန်းသိမ်းလိုက်မယ်ဆိုရင် ပိုပြီး ပျော်ရွှင်ဖို့ကောင်းတဲ့ဘဝတစ်ခုက ဆီးကြိုနေမှာပါ။

ဒါကြောင့် အသက်ရလာတဲ့အခါ ကိုယ့်အတွက် ဘာမှမလုပ်မိသေးသလိုမျိုး၊ ဒါမှမဟုတ် ကိုယ်စိတ်ကူးထားတဲ့ ဘဝတစ်ခု၊ ကိုယ့်ရဲ့အိပ်မက်တွေအတွက် ဘာမှမလုပ်ရသေးဘူးလို့ ခံစားနေရတယ်ဆိုရင် စိတ်မပူပါနဲ့။ ရေရှည်မှာ ကျန်းမာသန်စွမ်းစေဖို့ ကူညီပေးနိုင်တဲ့ Ensure ရဲ့ အပင်အခြေခံ ပရိုတင်း ရှိနေပါတယ်။ ဒါကြောင့် ငယ်စဉ်တုန်းကလိုမျိုး စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့ဘူးဆိုရင် စိတ်ဓာတ်မကျပါနဲ့။ ကိုယ့်အနာဂတ်ကို ကိုယ်တိုင် တည်ဆောက်ပြီး အိပ်မက်တွေကို ဖန်တီးဖို့ နည်းလမ်းတွေ အများကြီး ရှိနေပါသေးတယ်။ ပထမဆုံးအနေနဲ့ကတော့ ကျန်းမာရေးနဲ့ ညီတဲ့ နေထိုင်မှု ဘဝတစ်ခုကို ရရှိရန် ဖြစ်ပြီး အောက်ပါ အချက်လေးတွေက အများကြီး ကူညီပေးနိုင်ပါတယ်။

(၁) ပန်းတိုင်တစ်ခုကို သတ်မှတ်ထားခြင်း

(၂) ရင်းနှီးတဲ့ မိတ်ဆွေတွေနဲ့တွေ့ဆုံပြီး လူမှုဘဝတစ်ခု တည်ဆောက်ခြင်း

(၃) တက်ကြွစွာ နေထိုင်ခြင်း

(၄) အစားအသောက်ကို ဂရုစိုက်ခြင်း

(၅) အိပ်ရေးဝအောင် အိပ်စက်ခြင်း

လူတွေ အသက်အရွယ်ရလာတာနဲ့အမျှ ကြွက်သားတွေ၊ ကိုယ်ခံအားတွေကလည်း ကျဆင်းလာတတ်ပါတယ်။ အိပ်ရာထဲက ဒါမှမဟုတ် ခုံပေါ်ကနေ ရုတ်တရက် ထဖို့ မလွယ်တော့တာတွေ၊ လှုပ်ရှားရခက်တာတွေနဲ့ အားလုံး ရင်းနှီးကြမှာပါ။ တကယ်လို့ အခုအချိန်မှာ ဒီလို နာကျင်တာမျိုးတွေ မဖြစ်သေးဘဲ ကျန်းမာရေးကောင်းနေသေးတယ်ဆိုရင်တောင် အခုကတည်းက နေ့စဥ် တက်ကြွစွာ လှုပ်လှုပ်ရှားရှား နေထိုင်မှ အသက်ကြီးလာတဲ့အခါ ကျန်းမာရေး ကောင်းမွန်နေမှာပါ။ ပြီးတော့ ကိုယ်ခံအားကလည်း အသက်ကြီးလာတာနဲ့အမျှ လျော့ကျသွားတတ်တယ် မဟုတ်လား။

လေ့လာချက်တွေအရ အသက် (၄၀) အစောပိုင်းမှာ “Sarcopenia” လို့ခေါ်တဲ့ ကြွက်သားထုတွေ လျော့ပါးသွားတဲ့ ဇီဝဖြစ်စဉ်တစ်ခု ဖြစ်ပေါ်လာပါတယ်။ အစောပိုင်း လက္ခဏာတွေကတော့ မကြာခဏ ယိုင်လဲကျခြင်း၊ လမ်းလျှောက်ရ ခက်ခဲခြင်း၊ မြဲနေအောင်ကိုင်ထားဖို့ ခက်ခဲခြင်း၊ အထိုင်အထ အဆင်မပြေခြင်း၊ လှေကားအတက်အဆင်း ပြုလုပ်ဖို့ခက်ခဲခြင်းတွေအပြင် သက်လုံနဲ့ ခံနိုင်ရည်အား လျော့နည်းလာတာမျိုးတွေ ပါဝင်မှာဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာ လုံလောက်တဲ့ ကြွက်သားသန်စွမ်းမှု မရှိလျှင် လေ့ကျင့်ခန်းတွေ ပုံမှန် မလုပ်နိုင်၊ လေ့ကျင့်ခန်းကို မှန်မှန် မလုပ်နိုင်တော့ ကြွက်သားသန်စွမ်းမှု ကလည်းမရှိဆိုတဲ့ သံသရာက စတော့တာပါပဲ။

အသက် (၄၀) ကနေစလို့ လေ့ကျင့်ခန်းတွေ စလုပ်သင့်ပြီး အောက်ပါ လေ့ကျင့်ခန်းတွေက အထောက်အကူ ပြုစေနိုင်မှာပါ။

Lying Hip Bridges – ဒီလိုမျိုး လဲလျောင်းနေရင်းနဲ့ ပြုလုပ်ရတဲ့တင်ပါးလေ့ကျင့်ခန်းဟာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးကြွက်သားအုပ်စုထဲမှာပါဝင်ပြီး Glutes လို့ခေါ်တဲ့ နောက်ကျောဘက်ကြွက်သားတွေကို သန်မာစေမှာ ဖြစ်ပါတယ်။

Squats – ပုံမှန်လေ့ကျင့်ခန်းတစ်ခုဖြစ်တဲ့ Squats ကို ပြုလုပ်တာကလည်း လှေကားအတက်အဆင်း ပြုလုပ်ရတဲ့အချိန်တွေ၊ မြေပြင်ပေါ်က ပစ္စည်းတွေကို ကောက်ယူတဲ့အချိန်မှာ အသုံးဝင်စေပါတယ်။

Wall Push-up – လက်မောင်းအား။ ရတာပေါ့။ Wall-push ups ဟာ ကြမ်းပြင်ပေါ် ထောက် ဒိုက်ထိုးခြင်းရဲ့ အဆင့်မြှင့်ထားတဲ့ လေ့ကျင့်ခန်းတစ်ခုပါပဲ။

Toe-Stands – ဒီရိုးရှင်းတဲ့ လှုပ်ရှားမှုလေးက ခြေကျင်းဝတ် နဲ့ ခြေသလုံးကြွက်သားတွေကို အားဖြည့်ပေးပြီး ဘက်ညီခိုင်မြဲအောင် ကူညီပေးနိုင်ပါတယ်။

Dead Bugs – အခုလေ့ကျင့်ခန်းက လဲလျောင်းပြီးလုပ်ရတဲ့ လွယ်ကူတယ်လို့ ထင်နိုင်ပေမဲ့ တကယ်တမ်းမှာ ခန္ဓာကိုယ်တစ်ခုလုံးအတွက် ကြီးမားသောအထောက်အကူ ပေးနိုင်တဲ့ လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။

တကယ်လို့ အခုပြောသွားတဲ့ လေ့ကျင့်ခန်းတွေကို ပြုလုပ်ဖို့ အဆင်မပြေဘူးဆိုရင်လည်း စိတ်ပူဖို့မလိုအပ်ဘဲ သာမန်အတိုင်း လမ်းလျှောက်ခြင်း၊ အပင်စိုက်ခြင်းနဲ့ ပျော့ပျောင်းတဲ့ Yoga လေ့ကျင့်ခန်းတွေ ဒါမှမဟုတ် ခြေဖျားထောက်ပြီး ရပ်တာတွေကလည်း အဆင်ပြေစေမှာ ဖြစ်ပါတယ်။ တကယ်လို့ ကိုယ့်ခန္ဓာကိုယ်က ကြွက်သားတွေက သန်စွမ်းသေးရဲ့လား ဆိုတာကို သိချင်တယ်ဆိုရင်တော့ ဘေးနားမှာ ကူညီပေးမယ့်သူတစ်ယောက်နဲ့အတူ ခုပဲ Stand-up Test ကို ပြုလုပ်ကြည့်နိုင်ပါတယ်။ ဒါကို ဘယ်လို ပြုလုပ်ရမလဲဆိုရင်တော့

(၁) ရင်ဘတ်ရှေ့မှာ လက်တွေကို ကြက်ခြေခတ်ပုံစံ ယှက်ထားပါ။

(၂) ထိုင်နေရာမှ ခြေတစ်ချောင်းတည်းကို အသုံးပြုပြီး မတ်တပ်ရပ်ပါ။

(၃) အဆိုပါ ပုံစံအတိုင်း ၃ စက္ကန့်နေကြည့်ပါ။

တကယ်လို့ အခုလို Stand-up Test ကို ပြုလုပ်နိုင်ပြီဆိုရင်တော့ ဂုဏ်ယူပါတယ်နော်။ ကြွက်သားတွေဟာ ကောင်းမွန်တဲ့အခြေအနေမှာ ရှိသေးတယ်လို့ ပြောနိုင်ပါတယ်။ မလုပ်နိုင်ဘူးဆိုရင်တော့ နောက်ကျမသွားခင် ကြွက်သားတွေကို ဂရုစိုက်ဖို့ လိုအပ်လာပါပြီ။ နို့အရသာ မကြိုက်တတ်ဘူးဆိုရင်တော့ ပထမဆုံးခြေလှမ်းကို Ensure Gold Plant-Based အသစ်နဲ့ စတင်လိုက်ပါ။

ပရိုတင်း ရင်းမြစ်များ

ပရိုတင်းဓာတ်လို့ ဆိုလိုက်တာနဲ့ နေ့စဥ်စားသုံးနေတဲ့ ကြက်သား၊ ဝက်သား၊ အမဲသား၊ ကြက်ဥနဲ့ ငါးတို့က အဓိက ပါဝင်မှာဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ အရိုး၊ ကြွက်သား၊ အရိုးနု၊ အရေပြားနဲ့ သွေးသားတွေကို ကောင်းမွန်စေဖို့ အဓိက ထောက်ပံ့ပေးတာဖြစ်ပါတယ်။ ပရိုတင်းဓာတ်ဟာ အင်ဇိုင်းနဲ့ ဟော်မုန်းဓာတ်တွေကို တည်ဆောက်တဲ့ နေရာမှာလည်း အဓိကျပါတယ်။ အသက်အရွယ် ရလာတာနဲ့အမျှ အစားစားချင်စိတ် ပျောက်ဆုံးတာ၊ ခံတွင်းမတွေ့တာနဲ့ အာဟာရဓာတ်စုပ်ယူမှု အားနည်းလာတာတွေကနေ ပရိုတင်းဓာတ် လျော့နည်းလာတတ်ပါတယ်။ ဒါက ခန္ဓာကိုယ်ရဲ့ အရိုး၊ ကိုယ်တွင်း အင်္ဂါတွေနဲ့ ကြွက်သား အတွက် ပရိုတင်းအသုံးပြုမှုတွေကို အကျိုးသက်ရောက်စေပြီး ရလဒ်အနေနဲ့ အားနည်းလာတတ်ပါတယ်။

ပရိုတင်းအစားထိုး ရင်းမြစ်များ

ဒါဆို ကိုယ်က အသီးအရွက်တွေကိုပဲ ပိုစားဖြစ်တယ်ဆိုရင် ပရိုတင်းကို ဘယ်ကနေ ရနိုင်မှာလဲ။

(၁) ပဲပိစပ် – အပင်အပေါ် အခြေခံထားတဲ့ စားသောက်ဖွယ်ထဲမှာ ပရိုတင်းဓာတ် အများဆုံးကတော့ ပဲပိစပ်ပဲ ဖြစ်ပါတယ်၊ ပဲပိစပ်မှာဆိုရင် ပရိုတင်းအပြင် ကယ်ဆီယမ်နဲ့ သံဓာတ်တွေလည်း ကြွယ်ဝစွာ ပါဝင်ပါတယ်။

(၂) Quinoa – Super Food ရယ်လို့ နာမည်ကျော်တဲ့ Quinoa မှာ ပြည့်စုံတဲ့ ပရိုတင်းဓာတ် ကြွယ်ဝစွာ ပါဝင်တဲ့အပြင် တခြားသော အာဟာရတွေဖြစ်တဲ့ မဂ္ဂနီဆီယမ်၊ သံဓာတ်၊ အမျှင်ဓာတ်နဲ့ မန်းဂနိစ်တွေ ပါဝင်ပါတယ်။

(၃) ဆန် – နေ့စဥ်စားသုံးနေကျ ဆန်မှာပါဝင်တဲ့ ဆန်ပရိုတင်းမှာ ခန္ဓာကိုယ်တွင်း သကြားဓာတ်တွေ မြင့်မားမှုကို ကာကွယ်နိုင်တဲ့ အမိုင်နို Acid ပါဝင်ပါတယ်။

တခြားသော အယ်လ်မွန် ၊ ပဲအမျိုးမျိုး၊ ပဲစိမ်း၊ ကုလားပဲ၊ မြေပဲနဲ့ အရောင်ရင့် အသီးအရွက်တွေဖြစ်တဲ့ ပန်းပွင့်စိမ်း၊ ကိုက်လန် နဲ့ မှို တွေမှာလည်း ပရိုတင်းဓာတ် ပါဝင်ပေမဲ့ တခြားသော ပရိုတင်းဓာတ် ရရှိနိုင်မယ့် အစားအသောက်တွေနဲ့ တွဲဖက်စားသုံးသင့်ပါတယ်။

တကယ်လို့ ကိုယ်ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်ချစ်ရတဲ့သူတွေဖြစ်စေ အစားအသောက်တွေကနေ အာဟာရဓာတ် လုံလောက်စွာ မရဘူးလို့ ခံစားနေရပြီဆိုရင်တော့ အာဟာရဖြည့်စွက်စာတွေရဲ့ အကူအညီကို ရယူဖို့ လိုအပ်လာပါပြီ။ ဖြည့်စွက်စာတွေက ဒီနေရာမှာ အရေးကြီးလာပြီပေါ့။ တကယ်လို့များ သူတို့က အသီးအရွက်ပိုစားတဲ့သူ ( သို့မဟုတ်) နို့အရသာ မကြိုက်တဲ့သူတွေဖြစ်လျင် ပဲပိစပ်၊ ဆန် နဲ့ quinoa တို့က ရတဲ့ ပရိုတင်းတွေနဲ့ ထုတ်လုပ်ထားပြီး ကိုယ်ခံအားကို ထောက်ပံ့ပေးနိုင်^ဖို့ ကိုယ်ခံအားအတွက် အာဟာရဓာတ် (၁၂)မျိုး^ ပါဝင်တဲ့ Ensure Plant-Based အသစ်ကို ရွေးချယ်နိုင်ပါတယ်။

နှစ်ပေါင်း ၃၀ ကျော်ကြာ လေ့လာစမ်းသပ်ချက်တွေအရ Ensure Gold Plant-Based ဟာ အသက်ရလာတဲ့သူတွေရဲ့ ကျန်းမာရေးအတွက် ပြီးပြည့်စုံပြီး မျှတတဲ့အာဟာရကို ပေးစွမ်းနိုင်စေမှာ ဖြစ်ပါတယ်။ တစ်နေ့ကို (၂)ခွက် ပုံမှန်သောက်သုံးပေးမယ်ဆိုရင် HMB (၁.၅) ဂရမ်၊ လုံလောက်တဲ့ Omega 3,6,9၊ ဗီတာမင်နဲ့ သတ္တုဓာတ် (၂၈) မျိုးတို့ကို ရရှိစေနိုင်သလို အစားအသောက်နဲ့ တွဲဖက်သုံးဆောင်ခြင်းဖြင့်လည်း ခံတွင်းပိုတွေ့စေမှာဖြစ်သလို ခွန်အားကိုလည်း ပိုမြှင့်တင်ပေးနိုင်မှာပါ။* လက်တို့စ်နို့သကြားဓာတ် မပါဝင်တာမို့ အစာအိမ်အူလမ်းကြောင်း ပြဿနာ များ ဖြစ်ပွါးမှုကို လျော့ချနိုင်တဲ့အပြင် ကူးစက်ရောဂါတွေကနေ ကာကွယ်နိုင်ဖို့အတွက် ကိုယ်ခံအား ဆဲလ်တွေကို အားဖြည့်ပေးမယ့် Antioxidant တွေလည်း ကြွယ်ဝစွာ ပါဝင်ပါတယ်။

ဒါကြောင့် ဘဝပန်းတိုင်တွေကို ကျန်းကျန်းမာမာနဲ့ ရောက်ရှိစေဖို့အတွက် ခန္ဓာကိုယ် ကြွက်သားတွေကို ကျန်းမာအောင် ဂရုစိုက်နေဖို့ လိုအပ်ပါတယ်။ အသက် (၄၀) စကျော်လာကတည်းက ကြွက်သားထု ဆုံးရှုံးမှုကို ကာကွယ်ဖို့ ပိုဂရုစိုက်ပြီး ပရိုတင်းဓာတ်တွေကို အကောင်းဆုံး ပြန်လည်ဖြည့်တင်းထားတော့မှ ကိုယ်ချစ်တဲ့သူတွေ၊ မိသားစုတွေနဲ့ ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်မှာပါ။ အိပ်မက်တွေ လက်တွေ့ဖြစ်လာဖို့ ဖန်တီးရာမှာ ကိုယ့်မူကိုယ့်ဟန်နဲ့ ကျန်းမာသန်စွမ်းစွာ နေထိုင်နိုင်ဖို့ Ensure Gold က ကူညီပေးဖို့ အသင့်ပါပဲ။

Ensure Gold Plant-Based အထုပ်လေးတွေကို အခမဲ့ရယူဖို့အတွက် အောက်ပါ Website Link လေးကို နှိပ်ပြီး ရယူနိုင်ပါတယ်။ https://www.ensuremyanmar.com/ensure-careline/

References:
1. Stand For Strength | Ensure (ensuremyanmar.com)
2. https://www.medicalnewstoday.com/articles/321474
3. https://www.helpguide.org/articles/healthy-living/exercise-and-fitness-as-you-age.htm
4. https://medlineplus.gov/nutritionforolderadults.html
5. https://homecareassistance.com/blog/protein-tips-for-senior-diet
6. https://www.verywellfit.com/protein-needs-of-older-people-222358
7. Strength Training for Seniors: Stronger After 40 – Ensure (ensuremyanmar.com)
8. Building Muscle Strength For a Healthy Lifestyle After 40 – Abbott FAMILY
9. https://abbottfamily.com.sg/brands/ensure/range
10. https://www.leisurecare.com/resources/why-do-seniors-lose-weight/
11. Ensure Gold Full Prescribing Information, Dosage & Side Effects | MIMS Philippines
12. What Is Sarcopenia? – Aging in Motion
13. Sarcopenia – The Lancet
14. Which Vitamins Are Good for Muscle Health?: Health One Family Medicine: Family Medicine (healthonemedicine.com)
15. What is Positive Ageing & How Can You Promote It? (beindependenthomecare.ie)
16. https://www.sleepfoundation.org/physical-health/diet-exercise-sleep
^Ensure Gold contains protein, Vitamin A, B6, B12, C, D, E, Folate and selenium, copper, zinc and iron, that help support the normal function of the immune system)
*Ensure Gold contains scientifically evaluated level of soy protein which has been shown to improve strength