မျက်လုံးဆိုတာ လူတစ်ယောက်ရဲ့ နှလုံးသား စိတ်တံခါးပေါက်တစ်ခုပါပဲ။ သင့်မျက်လုံးကို ပိုပြီးတောက်ပအောင်၊ ဆွဲဆောင်မှုရှိအောင် ပုံစံအမျိုးမျိုးချယ်သကြပါတယ်။

သင့်မျက်လုံးကို ပိုပြီးတောက်ပစေဖို့ မျက်လုံးချယ်သနည်းလျှို့ဝှက်ချက်တွေကို မျှဝေပေးပါမယ်။

၁။ မျက်ခုံးမွှေးကို ဒီလိုဆွဲမယ်

မျက်လုံးမွှေးမဆွဲခင်မှာ အရင်ဆုံး မျက်ခုံးမွှေးကို ပုံဖော်ပြီးရိတ်တာ( သို့) Waxing လုပ်တာမျိုး လုပ်ပေးသင့်ပါတယ်။ မျက်ခုံးမွှေးကို အရင်ဆုံး အောက်ဖက်ကနေ စဆွဲပြီး အတွင်းပိုင်းကိုလိုက်ဖြည့်လိုက်ပါ။ ပြီး၇င် Highlighter (သို့) Eyeshadow အဖြူကို မျက်လုံးအောက်မှာဖြည့်ပေးပါ။ ပြီးရင် မျက်တောင်မွှေးကို ထပ်ဖြည့်လိုက်ပါ။

Highlighter သုံးပါ

Highlighter ဟာ သင့်အသားအရေကို ပိုပြီး တောက်ပစေသလို သင့်မျက်လုံးကိုလည်း ဆွဲဆောင်မှုရှိစေပါတယ်။ Highlighter ကို မျက်ခုံးအောက်နားနဲ့ မျက်လုံးအတွင်းပိုင်းကို ဆိုးပေးပါ။

Liner ကို ဒီလိုဆွဲမယ်

Arrow Liner ကို အခုပုံမှာပြထားသလိုချယ်သပေးလို့ရပါတယ်။

Smokey Eye ပုံစံမျိုးချယ်သပါ

Smokey Eye မျက်လုံးဟာ မိတ်ကပ်ပညာမှာ တကယ်ကို နာမည်ကျော်တဲ့ ချယ်သနည်းတစ်မျိုးဖြစ်ပါတယ်။ နေ့ဘက်ပဲဖြစ်ဖြစ်၊ ညဖက်ပဲဖြစ်ဖြစ် သင့်မျက်လုံးကို ပိုပြီးတောက်ပစေသလို ပိုပြီး ဆွဲဆောင်မှုရှိစေမှာပါ။

အဖြူရောင် Eye Pencil ကိုသုံးပါ

မျက်လုံးနားမှာ အမည်းရောင်ချည်းသုံးနေရင် မျက်လုံးက ကျဉ်းကျဉ်းလေးဖြစ်စေပြီး သင့်ကိုလည်း ရုပ်ရင့်စေပါတယ်။ အဲဒါကြောင့် အဖြူရာင် Eye Pencil ကိုမျက်လုံး အပြင်ဖက် အတွင်းဖက်ထောင့်နားတွေမှာ ဆိုးပေးပါ။

မျက်တောင်ကော့တံသုံးပါ

မျက်တောင်ကော့ဖို့အတွက် မျက်တောင်ကော့တံကို သုံးပေးပါ။ မျက်တောင်ကော့တံနဲ့ ကော့ပေးတာဟာ သင့်မျက်တောင်ကို သဘာဝအတိုင်းလှပစေမှာပါ။

မျက်တောင်မွှေးအတုတပ်နိုင်ပါတယ်

မျက်တောင်ရှည်ရှည်ကြိုက်တဲ့သူတွေအတွက် မျက်တောင်မွှေးအတုကို တပ်နိုင်ပါတယ်။ မျက်တောင်မွှေးအတုတပ်ပြီး Mascara ဆိုးပေးပါ။

အရောင်နုနု နှုတ်ခမ်းနီဆိုးပါ

Nude အရောင် လိုမျိုးအရောင်နုနု နှုတ်ခမ်းနီတွေကို ဆိုးပေးနိုင်ပါတယ်။ အဲဒီလို ဆိုးပေးတာဟာ သင့်နှုတ်ခမ်းကို ပိုပြီးတောက်ပစေသလို နုပျိုစေမှာပါ။