မင်္ဂလာပါ MyStyle Myanmar ပရိတ်သတ်တို့ရေ။ လူဆိုတာ တစ်ယောက်တည်းနေလို့မရပါဘူး။ ကူညီပေးတဲ့သူ ကိုယ့်အနားမှာ ရှိပေးမယ့် အပေါင်းအသင်းမိတ်ဆွေလိုအပ်ပါတယ်။

BFF ဆိုတာကတော့ကိုယ်နဲ့စိတ်တူကိုယ်တူ။ ရန်ဖြစ်လည်း သူနဲ့။ ပြန်တည့်တော့လည်း သူနဲ့။ တစ်ယောက်နဲ့တစ်ယောက် စိတ်ကောက်ပြီး စကားမပြောတာလည်း သူနဲ့။ ရင်ဖွင့်ဖော်ကလည်း ဒီသူငယ်ချင်းပဲ။ သူနဲ့ သူများအကြောင်းအတင်းတုပ်ရတာလည်း အမော။

ဘဝမှာ ကိုယ်နဲ့ စိတ်တူကိုယ်တူ ရင်ဖွင့်ဖော် သူငယ်ချင်းတစ်ယောက်တော့လိုအပ်ပါတယ်။ သင်က ဒီလိုသူငယ်ချင်းမျိုးရထားရင်တော့ သင်ဟာ အလွန်ကံကောင်းတဲ့သူတစ်ယောက်ပါ။

ဒါကြောင့် ဒီတစ်ခါမှာတော့ ကြည့်လိုက်တာနဲ့တင် ကိုယ့်ရဲ့ BFF ကို ပြေးပြီး သတိရသွားမယ့် ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

တူတူပေါကြမယ်

သူငယ်ချင်းအတွက် အသံဒါနပြုမယ်

တူတူအစားကြီးမယ်

ရှုခင်းကြည့်ပြီး ပို့စ်ပေးမယ်

ဆင်တူလေးဝတ်မယ်

စာဖတ်ချင်ယောင်ဆောင်မယ်

တူတူပဲများကြမယ်

အိပ်ရာပေါ်သောင်းကျန်းမယ်

တူတူအလှပြင်မယ်

ဗဟုသုတအနေနဲ့ International Bff Day က ဇွန်လ ၈ ရက်နေ့ပါတဲ့။ ပျိုမေတို့ ကိုယ့်ရဲ့ BFF တွေနဲ့ ထာဝရပျော်ရွှင်ကြပါစေလို့ MyStyle Myanmar မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Source: Pinterest