ကာတွန်းကားတွေကို ကလေး၊ လူငယ်လူရွယ် အသက်အရွယ်မရွေးကြိုက်နှစ်သက်ကြပါတယ်။ ကာတွန်းကားဖန်တီးသူတွေကလည်း တစ်ကားနဲ့တစ်ကားမှာ လျှို့ဝှက်ချက်တွေကို ထည့်ထားပါတယ်။

အဲ့ဒီလျှို့ဝှက်ချက်တွေကို ဖော်ထုတ်ရတာလည်း သိပ်ကိုခက်ခဲလွန်းလှပါတယ်။ ကာတွန်းကားတွေကို တစ်ကားနဲ့တစ်ကား ဘယ်လိုလျှို့ဝှက်ချက်တွေနဲ့ ချိတ်ဆက်ထားလဲဆိုတာကို ကြည့်လိုက်ရအောင်နော်။

၁။ Zootopia

Zootopia ကာတွန်းကားထဲက လမ်းလျှောက်နေတဲ့ ဆင်ကြီးနဲ့ သူ့ကလေးတွေကို မြင်ရပါလိမ့်မယ်။ ဆင်ကလေး နှစ်ကောင်ကို Frozen ကာတွန်းထဲက Elsa နဲ့ Anna ရဲ့ ဝတ်စုံကို ဆင်မြန်းပေးထားတာပါ။

စုံထောက်မလေး Judy နဲ့ Nick တို့ ကလပ်ကိုသွားပြီး စုံစမ်းတဲ့အခါမှာ စင်ပေါ်မှာ အာလာဒင်မီးခွက်ကို တွေ့ရမှာပါ။

၂။ Inside Out

ရိုင်လေ ဖဲချပ်တွေနဲ့ အိမ်ဆောက်ထားတဲ့ ဇာတ်ဝင်ခန်းပါ။ ဖဲချပ်တွေမှာ Queen ဖဲချက်မှာ သူမရဲ့မိခင်ဖြစ်ပြီး၊ King ဖဲချက်ကတော့ သူမရဲ့ ဖခင်ပါ။ နောက်ဖဲချက်တစ်ခုမှာတော့ သူမပုံကို ထည့်ထားပါတယ်။

၃။ Ice Age

Sid ကြည့်နေတဲ့ ဂူနံရံပေါ်က ပန်းချီဟာဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀၀၀ ကျော်က ဂူမှာ အမှန်တကယ်ရေးဆွဲထားတဲ့ ပန်းချီကို ပုံတူကူးပြီး ထည့်သွင်းထားတာပါ။

၎။ Beauty And The Beast

ဒီဇာတ်ဝင်ခန်းထဲက နံရံပေါ်ကပန်းချီဟာ Girl With A Pearl Earring လို့ အမည်ရတဲ့ ကမ္ဘာကျော်ပန်းချီကားတစ်ချပ်ပဲဖြစ်ပါတယ်။

၅။ Madagascar: Escape 2 Africa

ခြင်္သေ့လေး Alex ရဲ့ လက်ဖဝါးပေါ်မှာ အာဖရိကတိုက်ကို တွေ့ရပါလိမ့်မယ်။

၆။ Moana

Moana ကာတွန်းထဲက ပန်းချီကားကို ရင်းရင်းနှီးနှီး မြင်ဖူးပါသလား။ ဟုတ်ပါတယ် Frozen ကာတွန်းထဲက Elsa ရဲ့ ရဲတိုက်ကို စောင့်ရှောက်ပေးတဲ့ ကြောက်စရာရေခဲအစောင့်ပါပဲ။

Maui ရဲ့ လက်နက်ကိုရော ရင်းရင်းနှီးနှီး မြင်ဖူးပါသလား၊ Lilo And Stitch ကာတွန်းထဲက David ရဲ့ လည်ဆွဲကို ပြန်လည်ဆွဲသားခဲ့တာပါ။

၇။ Aladdin

Aladdin ဇာတ်ကောင်ကို စတင်ရေးဆွဲတုန်းကတော့ Michael J.Fox ရဲ့ ပုံစံကို ယူပြီးဆွဲထားတာပါ။ ဒါပေမဲ့ ထုတ်လုပ်သူတွေက ငယ်လွန်းတဲ့ကောင်လေးပုံပေါက်နေတယ်ဆိုပြီး Tom Cruise ရဲ့ ပုံကို ပြန်ပြောင်းဆွဲခိုင်းခဲ့တာပါ။

Source: Brightside.me