မကြာမီရက်ပိုင်းအတွင်းမှာပဲ နှစ်ဟောင်းကုန်လို့ နှစ်သစ်ကို ရောက်ရှိတော့မှာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်ဟာ သင့်အတွက် အကောင်းဆုံးနှစ်တစ်နှစ် ဖြစ်ချင်မှဖြစ်ခဲ့ပါလိမ့်မယ်။ ဒါပေမဲ့ ဒီနှစ်မှာ ကိုယ်မျှော်လင့်ခဲ့တာတွေ ဖြစ်မလာခဲ့တိုင်း နောက်နှစ်အတွက် မျှော်လင့်ချက်တွေ ဆက်မထားသင့်တော့ဘူးလို့ မတွေးလိုက်ပါနဲ့ဦး။

တကယ်တော့ နှစ်တစ်နှစ်ကို အကောင်းဆုံးဖြတ်သန်းဖို့ သင်လုပ်နိုင်တာတွေ အများကြီးရှိပါတယ်။ ဒီထဲက အလွယ်ကူဆုံး ၇ ချက်ကို ကောက်နှုတ်ဖော်ပြပေးပါရစေ။

(၁) မိမိကျန်းမာရေးကို အရင်ကထက် ပိုဂရုစိုက်ပါ။

နိစ္စဓူဝလုပ်ငန်းဆောင်တာတွေနဲ့ လုံးချာလိုက်နေရတဲ့အခါမှာ လူအတော်များများဟာ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ဖို့ မေ့လျော့နေတတ်ကြပါတယ်။ “အာရောဂျံ ပရမံ လာဘံ” လို့ဆိုသလိုပဲ ကျန်းမာခြင်းသည် လာဘ်တစ်ပါးဖြစ်တာကြောင့် မကျန်းမာရင် အခြားဘယ်အရာကိုမှ လုပ်နိုင်မှာမဟုတ်ဘူးဆိုတာကို သတိချပ်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် လာမဲ့နှစ်မှာ မိမိရဲ့ကျန်းမာရေးကို အချိန်နဲ့ အားစိုက်ထုတ်မှုတစ်ခုပေးပြီး ဂရုစိုက်ပေးသင့်ပါတယ်။

(၂) အရင်နှစ်ကထက် စာပိုဖတ်ပါ။

ခန္ဓာကိုယ်ကျန်းမာဖို့ အာဟာရပြည့်တင်းတဲ့အစားအစာတွေစားပေးရသလို စိတ်အာဟာရဖြစ်စေဖို့ကတော့ စာများများဖတ်ပေးရပါတယ်။ ဒါကြောင့် လာမဲ့နှစ်သစ်မှာ စာအုပ်ဘယ်နှစ်အုပ်တော့ ပြီးအောင်ဖတ်မယ်လို့ သတ်မှတ်ပြီး ဖတ်ကြည့်ဖို့တိုက်တွန်းပါရစေ။ စာဖတ်တယ်ဆိုတဲ့အခါမှာလည်း သုတနဲ့ ရသစာပေကို မျှမျှတတဖတ်ပေးဖို့ လိုအပ်ပါလိမ့်မယ်။ ဗဟုသုတတွေကို သုတစာပေကပေးစွမ်းနိုင်ပေမဲ့ လက်တွေ့ဘဝမှာ စိတ်ခံစားချက်တွေကျန်းမာစေဖို့အတွက်တော့ ရသစာပေကိုဖတ်ဖို့ လိုအပ်ပါတယ်။

(၃) မိမိရဲ့ ငွေကြေးကိစ္စများကို ပိုပြီးထိရောက်စွာ စီမံပါ။

အလုပ်အကိုင်နဲ့ စီပွားရေးကြပ်တည်းတဲ့ကာလဖြစ်တဲ့အလျောက် မိမိရဲ့ ငွေကြေးကိစ္စတွေကို တိတိကျကျနဲ့ ထိရောက်စွာ စီမံနိုင်ဖို့က အလွန်ပဲအရေးကြီးလှပါတယ်။ လစဉ်စုဆောင်းဖို့ ငွေပမာဏ တိတိကျကျသတ်မှတ်ထားခြင်း၊ လစဉ်ကုန်ကျမဲ့အသုံးစရိတ်ကို ကြိုတင်တွက်ချက်ပြီးမှ စိစစ်သုံးစွဲခြင်း၊ မလိုအပ်သည်များကို မဝယ်ယူခြင်း၊ ရင်းနှီးမြှုပ်နှံဖို့အခွင့်အလမ်းများရှာဖွေခြင်း စတဲ့နည်းလမ်းတွေနဲ့ မိမိရဲ့ ငွေကြေးကိစ္စများကို သေချာစီမံခန့်ခွဲဖို့ ကြိုးစားကြည့်နိုင်ပါတယ်။

(၄) မိမိအတွက် ဘယ်အရာတွေက အရေးကြီးသလဲဆိုတာ သေချာစဉ်းစားသတ်မှတ်ပါ။

တစ်ချိန်ထဲမှာ များပြားလှတဲ့အရာတွေနောက် တကောက်ကောက်လိုက်ဖို့ဆိုတာ လက်တွေ့မှာမဖြစ်နိုင်ပါဘူး။ ဒါကြောင့် လာမဲ့နှစ်မှာ ကိုယ်လိုချင်တာတွေ၊ ဖြစ်ချင်တာတွေအများကြီးထဲက အရေးအကြီးဆုံးအရာကစလို့ တစ်ခုပြီးတစ်ခု အစဉ်လိုက်သတ်မှတ်ထားပြီးမှ အကောင်ထည်ဖော်ဖို့ ကြိုးစားကြည့်ပါ။

(၅) ဘာပဲလုပ်လုပ် ကိုယ်လုပ်နိုင်တယ်လို့ထင်ထားတဲ့အတိုင်းအတာထက် တစ်လှမ်းစာ ပိုအားစိုက်ထုတ်ပါ။

မိမိရဲ့ကိုယ်ရေးကိုယ်တာကိစ္စမှာပဲဖြစ်စေ၊ အလုပ်ခွင်မှာပဲဖြစ်စေ ဘာပဲလုပ်လုပ် မိမိတတ်စွမ်းတာထက် နောက်ထပ်ခြေတစ်လှမ်းစာ ပိုအားစိုက်ထုတ်ပြီး အကောင်းဆုံးလုပ်တတ်တဲ့ အလေ့အကျင့်ကိုမွေးမြူကြည့်ပါ။ ဒီလိုနည်းနဲ့ တစ်နှစ်ထက်တစ်နှစ် တစ်ဆင့်ပြီးတစ်ဆင့် ပိုတိုးပြီးလုပ်နိုင်လာတာကို တွေ့ရပါလိမ့်မယ်။

(၆) မိမိချစ်ခင်ရသူတွေကို ချစ်ခင်နှစ်သက်ကြောင်း အရင်ကထက် ပိုပြီးဖော်ပြပါ။

လူတစ်ဦးနဲ့တစ်ဦး ချစ်ခင်နှစ်သက်ကြောင်းဖော်ပြပုံခြင်း မတူဘူးလို့ ဆိုကြပါတယ်။ အချို့က စကားလုံးနဲ့ဖော်ပြတတ်ကြသလို အချို့ကအမူအကျင့်နဲ့ ဖော်ပြတတ်ကြပြီး အချို့တွေကတော့ လက်ဆောင်ပေးခြင်းနဲ့ ဖော်ပြကြပါတယ်။ ဘယ်လိုနည်းနဲ့ပဲ ဖော်ပြသည်ဖြစ်စေ လာမဲ့နှစ်မှာ မိမိရဲ့ ချစ်ခြင်းမေတ္တာ၊ ခင်မင်မှုကို အရင်နှစ်ကထက် ပိုပြီးဖော်ပြနိုင်ဖို့ ကြိုးစားကြည့်ပါ။

(၇) မိမိရဲ့ဖြစ်ထွန်းအောင်မြင်မှုတိုင်းအတွက် မိမိကိုယ်ကို ဂုဏ်ပြုပါ။

ဘဝတစ်လျှောက်မှာ ရရှိသမျှအောင်မြင်မှုတိုင်းက ဘယ်လောက်ပဲ သေးနုတ်သည်ဖြစ်စေ ဂုဏ်ပြုထိုက်ပါတယ်။ ဒါကြောင့် တစ်ပါးသူ အသိအမှတ်ပြုသည်ဖြစ်စေ မပြုသည်ဖြစ်စေ မိမိရဲ့အောင်မြင်မှုတိုင်းအတွက် မိမိကိုယ်ကို ဂုဏ်ပြုကြည့်ပါ။ နောက်ထပ်ရှေ့ဆက်လျှောက်လှမ်းဖို့ စိတ်ခွန်အားနဲ့ ယုံကြည်မှုတွေ တိုးများလာတာကို တွေ့မြင်ခံစားရပါလိမ့်မယ်။

အထက်ပါအချက်တွေကို တစ်သွေမတိမ်းလိုက်လုပ်ရမယ်လို့တော့ မဆိုလိုပါဘူး။ သို့ပေမဲ့ ဒီအချက်လေးတွေကို သင့်ရဲ့နေ့စဉ်ဘဝမှာ အသုံးချကြည့်ရင်း ကိုယ်လုပ်နိုင်တယ်လို့ယုံကြည်ထားတာထက် တစ်လှမ်းပိုအားစိုက်ထုတ်မယ်ဆိုရင် တစ်နှစ်ထက်တစ်နှစ် ပိုတိုးတက်လာတာကို သတိထားမိလာမှာပါ။

Grand Royal Special Reserve ကလည်း ဟိုးယခင်ကတည်းက တစ်နှစ်ပြီးတစ်နှစ် လုပ်နိုင်တာထက် တစ်လှမ်းပိုအားစိုက်ထုတ်ပြီး လျှောက်လှမ်းလာခဲ့တာ အခုဆိုရင် မြန်မာနိုင်ငံရဲ့ အကောင်းဆုံးဝီစကီထုတ်လုပ်သူအနေနဲ့ ရပ်တည်နိုင်ခဲ့ပြီဖြစ်ပါတယ်။ Grand Royal Special Reserve ကို အစဉ်အမြဲအားပေးနေသူတွေအတွက် တစ်နှစ်ထက်တစ်နှစ် ပိုကောင်းတဲ့ထုတ်ကုန်တွေကို ထုတ်လုပ်နေခြင်းက Grand Royal Special Reserve ရဲ့ မေတ္တာကို ဖော်ပြတဲ့နည်းလမ်းတစ်ခုပါပဲ။ ဒီနှစ်မှာတော့ Double Cask Collection Sherry Cask ဆိုတဲ့ အထူးသီးသန့်ထုတ်ကုန်ကို ထုတ်လုပ်နိုင်ခြင်းဟာ Grand Royal Special Reserve အတွက် အင်မတန်မှ ဂုဏ်ယူရတဲ့ အောင်မြင်မှုတစ်ခုပါပဲ။ American oak cask ထဲမှာ နှစ်ချို့ပြီးသားဝီစကီကို Spanish Ex-sherry cask ထဲပြောင်းရွှေ့ပြီး နောက်တစ်ဆင့်အနေနဲ့ ထပ်မံနှစ်ချို့ထားတဲ့ ဒီသီးသန့်ထုတ်ကုန်လေးဟာဆိုရင် Grand Royal Special Reserve ကို အစဉ်အမြဲအားပေးနေသူတွေအတွက် ချစ်ခြင်းမေတ္တာကို ဖော်ကျူးထားတဲ့ လက်ဆောင်ဆိုရင်လည်း မမှားပါဘူး။

သင့်အတွက်လည်း Double Cask Collection Sherry Cask က သင့်ရဲ့ချစ်ခြင်းမေတ္တာကို ဖော်ပြဖို့ လက်ဆောင်မွန်တစ်ခုဖြစ်လိမ့်မယ်လို့ယုံကြည်ပြီး လာမဲ့နှစ်သစ်ကို အကောင်းဆုံးဖြတ်သန်းနိုင်ပါစေလို့ Grand Royal Special Reserve က ဆုမွန်ကောင်းတောင်းအပ်ပါတယ်။