[Zawgyi]

အားလံုးပဲမဂၤလာပါေနာ္။ ခ်စ္သူႏွစ္ဦးဆက္ဆံေရးမွာ တစ္ေယာက္နဲ႔တစ္ေယာက္ စကားေျပာဆို ဆက္သြယ္မႈကလည္း သိပ္ကိုအေရးပါလွပါတယ္။ ဒါေပမယ့္ လူတစ္ကိုယ္ စိတ္တစ္မ်ိဳးမို႔ တခါတေလ သူ႕အေပၚ စိတ္တိုင္းမက်တာေလးလည္းရွိမွာပါ။ ဒါေပမယ့္ သင့္ခ်စ္သူကို အၿမဲတမ္း စိတ္အေႏွာင့္အယွက္ျဖစ္ေစတဲ့ စကားေတြေျပာမယ္ဆိုရင္ေတာ့ သင္တို႔ႏွစ္ေယာက္ဆက္ဆံေရး အဆင္မွာမဟုတ္ပါဘူးေနာ္။

ဒါ့ေၾကာင့္ သင့္ခ်စ္သူေကာင္ေလးကို အေႏွာင့္အယွက္မျဖစ္ေစဖို႔ အခုစကားလံုးေလးေတြကို ေရွာင္က်ဥ္သင့္ပါတယ္။

၁။ ငါဝေနလား

အၿမဲတမ္း ဝေနလား၊ တစ္ခုခုစားၿပီးတိုင္း ဝလာၿပီထင္တယ္။ အဆီေလး တက္လာသလိုပဲ စသျဖင့္ ေျပာတာဟာ သင့္ခ်စ္သူကို အေႏွာင့္အယွက္ျဖစ္ေစႏိုင္ပါတယ္ေနာ္။

၂။ သူမမွတ္မိႏိုင္တဲ့အရာကိုေျပာျခင္း

မိန္းကေလးေတြက မွတ္ဥာဏ္ေကာင္းၾကပါတယ္။ ဒါေပမယ့္ သုေတသနျပဳခ်က္အရ ေယာက်ၤားေလးေတြက မိန္းကေလးေတြထက္ မွတ္မိႏိုင္မႈအားနည္းတယ္လို႔ဆိုပါတယ္။ ဒီေန႔ကဘာေန႔၊ သူကိုယ့္ကို လက္ေဆာင္ေပးခဲ့တာ ဘယ္ေန႔ စသျဖင့္ကိုယ္က မွန္ထားႏိုင္ေပမယ့္ ကိုယ့္ခ်စ္သူ အမ်ိဳးသားကေတာ့ အေသးစိတ္ကအစ မွတ္မိမွာမဟုတ္ပါဘူး။

၃။ သင့္ခ်စ္သူႀကိဳက္တဲ့အရာကို ေဝဖန္ျခင္း

ဂိမ္းေဆာ့တာႀကိဳက္တဲ့ သင့္ခ်စ္သူကို ဂိမ္းမေကာင္းေၾကာင္း အႏုတ္သေဘာေဆာင္တဲ့ ျပဳမူ ေဝဖန္မႈကိုပဲ လုပ္မယ္ဆိုရင္ေတာ့ သူ႕ကို အေႏွာင့္အယွက္ျဖစ္ေစမွာမလြဲပါပဲ။

၄။ ငါ့ကိုစိတ္ဆိုးေနတာလား

သူ႔ဆီကို Message ၂ မိနစ္အၾကာမွျပန္ရင္ ဘယ္သြားေနတာလဲ၊ ဘာလုပ္ေနတာလဲ။ ငါ့ကိုစိတ္ဆိုးေနတာလား စတဲ့ေမးခြန္းမ်ိဳးဟာ သူ႔ကိုစိတ္အေႏွာင့္အယွက္ျဖစ္ေစပါတယ္။

၅။ ရွင့္သေဘာပဲ

ရတယ္ေလ။ ရွင့္သေဘာပဲဆိုတာမ်ိဳး မေျပာပါနဲ႔။

၆။ ရပါတယ္

ရတယ္။ ဘာမွမျဖစ္ဘူးဆိုတဲ့ စကားက သင့္ခ်စ္သူကို စိတ္အေႏွာင့္အယွက္ျဖစ္ေစႏိုင္ပါတယ္။ သင့္ရင္ထဲက စစ္မွန္တဲ့ စကားကို မၾကားရလို႔ သူ႔ကို စိတ္ရႈပ္ေထြးေစမွာျဖစ္ပါတယ္။

၇။ ရွင္ဘာလို႔ ကၽြန္မေျပာတာ အၿမဲနားမေထာင္တာလဲ

ရွင္ဘာလို႔ ကၽြန္မေျပာတာ အၿမဲတမ္းနားမေထာင္တာလဲ၊ ဘာလို႔ဂရုမစိုက္တာလဲလို႕ အျပစ္တင္ၿပီးမွ ေဆာရီးလို႔ ေျပာဆာဟာ အဆင္ေျပမွာမဟုတ္ပါဘူး။

၈။ တျခားသူေတြအေပၚေဝဖန္ျခင္း

သူက ဘယ္လိုမေကာင္းတာ၊ သူ႕ဖက္ရွင္က ဘယ္လို စသျဖင့္ တျခားသူေတြအေပၚ ေဝဖန္တဲ့စကားကလည္း သူ႔ကုိ စိတ္အေႏွာင့္အယွက္ျဖစ္ေစပါတယ္။

၉။ သူမသိတဲ့သူတစ္ေယာက္အေၾကာင္းေျပာျခင္း

သင္မသိတဲ့ အလုပ္ကလူအေၾကာင္းပဲျဖစ္ျဖစ္၊ တျခားသူအေၾကာင္းပဲျဖစ္ျဖစ္ သူ႔ကိုေျပာျပေနတာဟာ ဘယ္လိုမွမဆင္ေျပမွာမဟုတ္ပါဘူး။ သင့္ခ်စ္သူမွ မဟုတ္ပါဘူး။ တျခားသူေတြလည္း အဆင္ေျပမွာမဟုတ္ပါဘူးေနာ္။

By: MyStyle Myanmar

[Unicode]

အားလုံးပဲမင်္ဂလာပါနော်။ ချစ်သူနှစ်ဦးဆက်ဆံရေးမှာ တစ်ယောက်နဲ့တစ်ယောက် စကားပြောဆို ဆက်သွယ်မှုကလည်း သိပ်ကိုအရေးပါလှပါတယ်။ ဒါပေမယ့် လူတစ်ကိုယ် စိတ်တစ်မျိုးမို့ တခါတလေ သူ့အပေါ် စိတ်တိုင်းမကျတာလေးလည်းရှိမှာပါ။ ဒါပေမယ့် သင့်ချစ်သူကို အမြဲတမ်း စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ စကားတွေပြောမယ်ဆိုရင်တော့ သင်တို့နှစ်ယောက်ဆက်ဆံရေး အဆင်မှာမဟုတ်ပါဘူးနော်။

ဒါ့ကြောင့် သင့်ချစ်သူကောင်လေးကို အနှောင့်အယှက်မဖြစ်စေဖို့ အခုစကားလုံးလေးတွေကို ရှောင်ကျဉ်သင့်ပါတယ်။

၁။ ငါဝနေလား

အမြဲတမ်း ဝနေလား၊ တစ်ခုခုစားပြီးတိုင်း ဝလာပြီထင်တယ်။ အဆီလေး တက်လာသလိုပဲ စသဖြင့် ပြောတာဟာ သင့်ချစ်သူကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်နော်။

၂။ သူမမှတ်မိနိုင်တဲ့အရာကိုပြောခြင်း

မိန်းကလေးတွေက မှတ်ဉာဏ်ကောင်းကြပါတယ်။ ဒါပေမယ့် သုတေသနပြုချက်အရ ယောင်္ကျားလေးတွေက မိန်းကလေးတွေထက် မှတ်မိနိုင်မှုအားနည်းတယ်လို့ဆိုပါတယ်။ ဒီနေ့ကဘာနေ့၊ သူကိုယ့်ကို လက်ဆောင်ပေးခဲ့တာ ဘယ်နေ့ စသဖြင့်ကိုယ်က မှန်ထားနိုင်ပေမယ့် ကိုယ့်ချစ်သူ အမျိုးသားကတော့ အသေးစိတ်ကအစ မှတ်မိမှာမဟုတ်ပါဘူး။

၃။ သင့်ချစ်သူကြိုက်တဲ့အရာကို ဝေဖန်ခြင်း

ဂိမ်းဆော့တာကြိုက်တဲ့ သင့်ချစ်သူကို ဂိမ်းမကောင်းကြောင်း အနုတ်သဘောဆောင်တဲ့ ပြုမူ ဝေဖန်မှုကိုပဲ လုပ်မယ်ဆိုရင်တော့ သူ့ကို အနှောင့်အယှက်ဖြစ်စေမှာမလွဲပါပဲ။

၄။ ငါ့ကိုစိတ်ဆိုးနေတာလား

သူ့ဆီကို Message ၂ မိနစ်အကြာမှပြန်ရင် ဘယ်သွားနေတာလဲ၊ ဘာလုပ်နေတာလဲ။ ငါ့ကိုစိတ်ဆိုးနေတာလား စတဲ့မေးခွန်းမျိုးဟာ သူ့ကိုစိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။

၅။ ရှင့်သဘောပဲ

ရတယ်လေ။ ရှင့်သဘောပဲဆိုတာမျိုး မပြောပါနဲ့။

၆။ ရပါတယ်

ရတယ်။ ဘာမှမဖြစ်ဘူးဆိုတဲ့ စကားက သင့်ချစ်သူကို စိတ်အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ သင့်ရင်ထဲက စစ်မှန်တဲ့ စကားကို မကြားရလို့ သူ့ကို စိတ်ရှုပ်ထွေးစေမှာဖြစ်ပါတယ်။

၇။ ရှင်ဘာလို့ ကျွန်မပြောတာ အမြဲနားမထောင်တာလဲ

ရှင်ဘာလို့ ကျွန်မပြောတာ အမြဲတမ်းနားမထောင်တာလဲ၊ ဘာလို့ဂရုမစိုက်တာလဲလို့ အပြစ်တင်ပြီးမှ ဆောရီးလို့ ပြောဆာဟာ အဆင်ပြေမှာမဟုတ်ပါဘူး။

၈။ တခြားသူတွေအပေါ်ဝေဖန်ခြင်း

သူက ဘယ်လိုမကောင်းတာ၊ သူ့ဖက်ရှင်က ဘယ်လို စသဖြင့် တခြားသူတွေအပေါ် ဝေဖန်တဲ့စကားကလည်း သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။

၉။ သူမသိတဲ့သူတစ်ယောက်အကြောင်းပြောခြင်း

သင်မသိတဲ့ အလုပ်ကလူအကြောင်းပဲဖြစ်ဖြစ်၊ တခြားသူအကြောင်းပဲဖြစ်ဖြစ် သူ့ကိုပြောပြနေတာဟာ ဘယ်လိုမှမဆင်ပြေမှာမဟုတ်ပါဘူး။ သင့်ချစ်သူမှ မဟုတ်ပါဘူး။ တခြားသူတွေလည်း အဆင်ပြေမှာမဟုတ်ပါဘူးနော်။

By: MyStyle Myanmar