[Zawgyi]

ယံုၾကည္မႈ႐ွိတဲ့သူမ်ားက အရာအားလံုးကို ေအးေအးေဆးေဆးနဲ႔ ျဖစ္ခ်င္တဲ့အရာမ်ားကို ျဖစ္ေအာင္လုပ္ၿပီး ေခါင္း႐ွဳပ္ေစတဲ့အရာမ်ားကိုလည္း ဘဝထဲက အလြယ္တကူပဲ ဖယ္ထုတ္ပစ္တတ္ၾကပါတယ္။ ဒါ့ေၾကာင့္လည္း လူေတာ္ေတာ္မ်ားမ်ားက ယံုၾကည္မႈ႐ွိတဲ့သူမ်ားကို အားက်ၾကပါတယ္။ မိမိကိုယ္ကိုယံုၾကည္မႈ႐ွိတဲ့ သူေတြမွာ ဘယ္လိုအရည္အခ်င္းေတြ ႐ွိတတ္သလဲဆိုတာကို ဆက္ဖတ္ၾကည့္ၿပီး ယံုၾကည္မႈကို ကိုယ္တိုင္ေမြးျမဴၾကည့္လိုက္ပါေနာ္။

၁။ မိမိအရည္အခ်င္းကို သံသယမ႐ွိဘူး

Photo Source: www.her.ie

ယံုၾကည္မႈတည္ေဆာက္တဲ့ေနရာမွာ အေရးႀကီးဆံုးက မိမိအေကာင္းဆံုးလုပ္ႏိုင္တာကို သံသယမ႐ွိဖို႔ပါပဲ။ ကိုယ့္အရည္အခ်င္းကို သံသယမ႐ွိသလို အရာအာလံုးကိုလည္း အေကာင္းဆံုးလုပ္ႏိုင္မယ္လို႔ ယံုၾကည္ခ်က္ထားၾကပါတယ္။ မိမိ႐ုပ္ေခ်ာျခင္း မေခ်ာျခင္းကိုလည္း ဂ႐ုစိုက္ေနမွာ မဟုတ္သလို ကိုယ့္သြင္ျပင္နဲ႔ပတ္သက္ၿပီး အၿမဲတမ္းယံုၾကည္ခ်က္ ႐ွိၾကပါတယ္။

၂။ ေမာက္မာဝါႂကြားျခင္းမ႐ွိဘဲ ႏွိမ့္ခ်တဲ့ စိတ္ထား႐ွိျခင္း

Photo Source: www.wnycstudios.org

ေမာက္မာဝါႂကြားေနလို႔ ဘာအလုပ္မွ မျဖစ္ဘူးဆိုတာကို သူတို႔ေတြက သိေနၾကပါတယ္။ သူတို႔ရဲ႕ မိမိကုိယ္ကိုယံုၾကည္ခ်က္႐ွိျခင္းကပဲ လူအမ်ားနဲ႔ ေပါင္းသင္းဆက္ဆံေရးေကာင္းေအာင္ ႏွိမ့္ခ်တတ္တဲ့စိတ္ထား ႐ွိေအာင္ သင္ေပးသြားတာပါ။

၃။ လူအမ်ားနဲ႔ တမင္တကာလိုက္ၿပိဳင္မေနဘူး

Photo Source: employee-rights-atty.com

မိမိကိုယ္ကို ယံုၾကည္ခ်က္႐ွိသူမ်ားက မိမိလုပ္ႏိုင္စြမ္းနဲ႔ မိမိအဆင့္ကို သိတဲ့အတြက္ေၾကာင့္ သူမ်ားနဲ႔ လိုက္ယွဥ္ၿပိဳင္မေနေတာ့ဘဲ ကိုယ္လုပ္စရာ႐ွိတာကို အေျပာနဲ႔ မဟုတ္ဘဲ အလုပ္နဲ႔ပဲ သက္ေသျပသြားၾကပါတယ္။ ဒါ့အျပင္ ကိုယ့္ကိုယ္ကိုယံုၾကည္မႈရွိတဲ့သူက မိမိကိုယ္ကိုနဲ႔သာ ယွဥ္ၿပိဳင္ၾကပါတယ္။

၄။ ဘယ္အရာကိုမွ ႀကိဳတင္ပူပန္ေနျခင္း မ႐ွိဘူး

Photo Source: pepperfeed.in

မိမိကိုယ္ကိုယံုၾကည္ခ်က္႐ွိသူမ်ားက မွန္ကန္တဲ့ဆံုးျဖတ္ခ်က္ကို ခ်ႏိုင္တယ္လို႔ယံုၾကည္တဲ့အတြက္ေၾကာင့္ စိုးရိမ္ပူပန္ျခင္း၊ အေတြးလြန္ျခင္းေတြေၾကာင့္ ကိစၥေတြကို ႐ွဳပ္ေထြးေအာင္မလုပ္ေတာ့ပါဘူး။ ဒါ့ေၾကာင့္ အေတြးေပါင္းစံုနဲ႔ အေတြးလြန္တတ္တဲ့အက်င့္႐ွိရင္ ေဖ်ာက္ဖ်က္ပစ္လိုက္ၾကရေအာင္ေနာ္။

၅။ အစီအစဥ္ဆြဲတယ္၊ အစီအစဥ္အတိုင္း စနစ္တက်လုပ္တယ္

Photo Source: www.success.com

အစီအစဥ္တစ္ခု႐ွိတဲ့အတြက္ေၾကာင့္ မိမိအားနည္းခ်က္ကို သိၿပီး စနစ္တက်ျပင္ဆင္ၾကပါတယ္။ ဒီလိုကေနၿပီး ကိုယ့္ကိုယ္ကို ယံုၾကည္မႈေတြ ေပါက္ဖြားလာၾကတာပါ။

[Unicode]

ယုံကြည်မှုရှိတဲ့သူများက အရာအားလုံးကို အေးအေးဆေးဆေးနဲ့ ဖြစ်ချင်တဲ့အရာများကို ဖြစ်အောင်လုပ်ပြီး ခေါင်းရှုပ်စေတဲ့အရာများကိုလည်း ဘဝထဲက အလွယ်တကူပဲ ဖယ်ထုတ်ပစ်တတ်ကြပါတယ်။ ဒါ့ကြောင့်လည်း လူတော်တော်များများက ယုံကြည်မှုရှိတဲ့သူများကို အားကျကြပါတယ်။ မိမိကိုယ်ကိုယုံကြည်မှုရှိတဲ့ သူတွေမှာ ဘယ်လိုအရည်အချင်းတွေ ရှိတတ်သလဲဆိုတာကို ဆက်ဖတ်ကြည့်ပြီး ယုံကြည်မှုကို ကိုယ်တိုင်မွေးမြူကြည့်လိုက်ပါနော်။

၁။ မိမိအရည်အချင်းကို သံသယမရှိဘူး

Photo Source: www.her.ie

ယုံကြည်မှုတည်ဆောက်တဲ့နေရာမှာ အရေးကြီးဆုံးက မိမိအကောင်းဆုံးလုပ်နိုင်တာကို သံသယမရှိဖို့ပါပဲ။ ကိုယ့်အရည်အချင်းကို သံသယမရှိသလို အရာအာလုံးကိုလည်း အကောင်းဆုံးလုပ်နိုင်မယ်လို့ ယုံကြည်ချက်ထားကြပါတယ်။ မိမိရုပ်ချောခြင်း မချောခြင်းကိုလည်း ဂရုစိုက်နေမှာ မဟုတ်သလို ကိုယ့်သွင်ပြင်နဲ့ပတ်သက်ပြီး အမြဲတမ်းယုံကြည်ချက် ရှိကြပါတယ်။

၂။ မောက်မာဝါကြွားခြင်းမရှိဘဲ နှိမ့်ချတဲ့ စိတ်ထားရှိခြင်း

Photo Source: www.wnycstudios.org

မောက်မာဝါကြွားနေလို့ ဘာအလုပ်မှ မဖြစ်ဘူးဆိုတာကို သူတို့တွေက သိနေကြပါတယ်။ သူတို့ရဲ့ မိမိကိုယ်ကိုယုံကြည်ချက်ရှိခြင်းကပဲ လူအများနဲ့ ပေါင်းသင်းဆက်ဆံရေးကောင်းအောင် နှိမ့်ချတတ်တဲ့စိတ်ထား ရှိအောင် သင်ပေးသွားတာပါ။

၃။ လူအများနဲ့ တမင်တကာလိုက်ပြိုင်မနေဘူး

Photo Source: employee-rights-atty.com

မိမိကိုယ်ကို ယုံကြည်ချက်ရှိသူများက မိမိလုပ်နိုင်စွမ်းနဲ့ မိမိအဆင့်ကို သိတဲ့အတွက်ကြောင့် သူများနဲ့ လိုက်ယှဉ်ပြိုင်မနေတော့ဘဲ ကိုယ်လုပ်စရာရှိတာကို အပြောနဲ့ မဟုတ်ဘဲ အလုပ်နဲ့ပဲ သက်သေပြသွားကြပါတယ်။ ဒါ့အပြင် ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတဲ့သူက မိမိကိုယ်ကိုနဲ့သာ ယှဉ်ပြိုင်ကြပါတယ်။

၄။ ဘယ်အရာကိုမှ ကြိုတင်ပူပန်နေခြင်း မရှိဘူး

Photo Source: pepperfeed.in

မိမိကိုယ်ကိုယုံကြည်ချက်ရှိသူများက မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို ချနိုင်တယ်လို့ယုံကြည်တဲ့အတွက်ကြောင့် စိုးရိမ်ပူပန်ခြင်း၊ အတွေးလွန်ခြင်းတွေကြောင့် ကိစ္စတွေကို ရှုပ်ထွေးအောင်မလုပ်တော့ပါဘူး။ ဒါ့ကြောင့် အတွေးပေါင်းစုံနဲ့ အတွေးလွန်တတ်တဲ့အကျင့်ရှိရင် ဖျောက်ဖျက်ပစ်လိုက်ကြရအောင်နော်။

၅။ အစီအစဉ်ဆွဲတယ်၊ အစီအစဉ်အတိုင်း စနစ်တကျလုပ်တယ်

Photo Source: www.success.com

အစီအစဉ်တစ်ခုရှိတဲ့အတွက်ကြောင့် မိမိအားနည်းချက်ကို သိပြီး စနစ်တကျပြင်ဆင်ကြပါတယ်။ ဒီလိုကနေပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ ပေါက်ဖွားလာကြတာပါ။

Featured Image Source: www.murdochinstitute.wa.edu.au