မင်္ဂလာပါ ပျိုမေလေးတို့ရေ၊ မျက်တောင်မွှေးလေးတွေ တိုလို့ ပါးလို့ဆိုပြီး စိတ်ညစ်နေတယ်ဆိုရင် အခုဖော်ပြမယ့် နည်းလမ်းလေးတွေကို မှန်မှန်လိုက်လုပ်ပေးလိုက်ပါ။ ရှည်လျားထူထဲတဲ့မျက်တောင်မွှေးလေးတွေ ပိုင်ဆိုင်မှာ အမှန်ပါပဲ။

၁။ ပေါင်းစပ်ခြင်းနည်းလမ်း

မျက်တောင်မွှေးကော့တဲ့ ဘရက်ရှ်လေးနဲ့ ဗီတာမင်အီး အစက်လေးတွေကို ရောလိုက်ပြီး ၅ မိနစ်ခန့် တစ်ရက်ကို ၂ ကြိမ်ပြုလုပ်ပေးပါ။ ဒီနည်းလမ်းလေးက မျက်တောင်မွှေးလေးတွေကို သန်မာစေအောင် လှုံ့ဆော်ပေးပြီး သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပါတယ်။

၂။ သဘာဝအဆီ

အိပ်ရာမဝင်ခင်မှာ အုန်းဆီ (သို့) သံလွင်ဆီကို မိမိရဲ့လက်ချောင်းလေးနဲ့ပဲဖြစ်ဖြစ်၊ ဘရက်ရှ်အသုံးပြုပြီးတော့ပဲဖြစ်ဖြစ် သုတ်လိမ်းပေးပါ။ အုန်းဆီနဲ့ သံလွင်ဆီကို ရောစပ်ပြီးလည်း အသုံးပြုနိုင်ပါသေးတယ်။

၃။ ကျန်းမာရေးနဲ့ ညီညွှတ်စွာ စားသုံးခြင်း

ပရိုတိန်း၊ ဗီတာမင်၊ နဲ့ ဖက်တိအက်စက်တို့ကြွယ်ဝစွာပါဝင်တဲ့ အသား ငါး၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ လတ်ဆတ်သောသစ်သီးဝလံ ဟင်းသီးဟင်းရွက်များကို စားသုံးပေးခြင်းအားဖြင့် ဆံပင်ကျွတ်ခြင်း၊ မျက်တောင်မွှေးကျွတ်ခြင်းမှ ကာကွယ်နိုင်ပါတယ်။

၎။ ရှားစောင်းလက်ပတ်

အိပ်ရာဝင်ခါနီးအချိန်မှာ ရှားစောင်းလက်ပတ်ဂျယ်ကို မျက်တောင်မွှေးပေါ် သုတ်လိမ်းပေးပြီး မနက်ကျမှ မျက်နှာသစ်လိုက်ပါ။ ပိုပြီးအစွမ်းထက်ချင်တယ်ဆိုရင် ရှားစောင်းလက်ပတ်နဲ့သံလွင်ဆီကို ရောလိုက်လို့ရပါတယ်။

၅။ နှိပ်နယ်ပေးခြင်း

သင့်ရဲ့လက်ကို အရင်ဆုံးသန့်စင်သွားအောင် ဆေးကြောလိုက်ပါ။ ပြီးရင် အုန်းဆီ (သို့) သံလွင်ဆီ တစ်စက် နှစ်စက်ခန့်ကို လက်ချောင်းလေးတွေပေါ်မှာ သုတ်လိမ်းလိုက်ပြီး မျက်တောင်မွှေးနဲ့ မျက်ခွံအနီးတစ်ဝိုက်ကို ၅ မိနစ်ခန့်နှိပ်နယ်ပေးပါ။ ဒီလိုနှိပ်နယ်ပေးခြင်းအားဖြင့် သင့်မျက်တောင်မွှေးလေးတွေကို အာဟာရဓာတ်ရရှိအောင်ပြုလုပ်ပေးပြီး ရှည်လျားစေပါတယ်။

၆။ ကြက်ဥ

ကြက်ဥတစ်လုံးကို ဂလစ်စရင်းအလှဆီ လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ ရောမွှေလိုက်ပြီး မျက်တောင်မွှေးပေါ်သုတ်လိမ်းလိုက်ပါ။ တစ်ပတ်မှာ ၃ ကြိမ်ခန့်ပြုလုပ်ပေးမယ်ဆိုရင် မျက်တောင်မွှေးလေးတွေ ရှည်လျားလာတာကို သိသိသာသာတွေ့မြင်ရမှာပါ။

၇။ သန့်စင်ပေးခြင်း

မိတ်ကပ်များကို ပြောင်စင်အောင်ဖျက်ပေးပါ။ သံလွင်ဆီကဲ့သို့ ကောင်းမွန်သော သဘာဝဖျက်ဆေးများကို အသုံးပြုနိုင်ပါတယ်။ မိတ်ကပ်မဖျက်ဘဲအိပ်တဲ့အခါ မျက်တောင်ကော့ဆေးတွေက ခေါင်းအုံးနဲ့ ထိတွေ့မိတဲ့နောက်မှာ ပျက်စီးသွားနိုင်လို့ပါပဲ။

Source: Brightside.me