ခေါင်းလျှော်ပြီးလည်း ခဏပဲ ဦးရေပြားက ချွေးနံ့အရမ်းနံတယ်၊ အနံ့ဆိုးထွက်တယ်ဆိုတဲ့သူတွေအတွက် သဘာဝအိမ်တွင်းနည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။ အိမ်မှာလုပ်ရမယ့်နည်းလမ်းတွေဆိုတော့ ငွေကုန်ကြေးကျလည်း သက်သာစေပါတယ်။

Essential oils

Essential oils က ဦးရေပြားအနံ့အသက်ဆိုးထွက်တာကို သက်သာစေပါတယ်။ အထူးသဖြင့် tea tree oil ကို သုံးပေးနိုင်ပါတယ်။ ဦးရေပြားအနံ့နံတာအပြင် ဗောက်ပါ သက်သာပျောက်ကင်းစေပါတယ်။

Apple cider vinegar

Apple cider vinegar ကိုဦးရေပြားနဲ့ဆံသားအနှံ့ လိမ်းပေးခြင်းကလည်း ဦးရေပြားအနံ့ဆိုးထွက်တာကို သက်သာပျောက်ကင်းစေပါတယ်။ Sensitive ဖြစ်တဲ့သူဆိုရင် ရေနဲ့ရောသုံးနိုင်ပါတယ်။

ရှားစောင်းလက်ပတ်ဂျယ်လ်

ခေါင်းမလျှော်ခင်မှာ ဦးရေပြားအနံ့ ရှားစောင်းလက်ပတ်ဂျယ်လ်ကို ပွတ်ပေးတာမျိုးက ဦးရေပြားအနံ့ဆိုးထွက်တာကို သက်သာပျောက်ကင်းစေပါတယ်။

သံပယိုရည်

သံပုရာရည်က ဦးရေပြားအနံ့ဆိုးထွက်တာကို ပျောက်စေပါတယ်။ ဒါပေမယ့် အလွန်အကျွံသုံးတာမျိုးတော့ မဖြစ်မိပါစေနဲ့။ ဦးရေပြားစပ်တာ၊ ယားတာတွေ ဖြစ်တတ်ပါတယ်။ ဦးရေပြားအနှံ့ပွတ်ပြီး ၁၀ မိနစ်လောက်ပဲထားပါ။ တစ်ပတ်တစ်ကြိမ်ပဲ လုပ်ပေးပါ။

ခေါင်းလျှော်ရည်ပြောင်းသုံးပါ

ဦးရေပြားအနံ့ဆိုးထွက်တယ်ဆိုရင် အဲ့တာအတွက်သီးသန့်ထုတ်ထားတဲ့ ခေါင်းလျှော်ရည်တွေ ရှိပါတယ်။ အဲ့တာမျိုးကို ပြောင်းသုံးပေးပါ။

ခေါင်းပုံမှန်လျှော်ပါ

ဦးရေပြားအနံ့ဆိုးထွက်တာက ခေါင်းပုံမှန်မလျှော်ရင် ပိုဆိုးလာပါလိမ့်မယ်။ ဒါကြောင့် ဦးရေပြားအနံ့ဆိုးထွက်တဲ့သူက တစ်ပတ်ကို ၂ ကြိမ်လောက် ခေါင်းလျှော်ပေးသင့်ပါတယ်။