စာဖတ်သူတို့ရေ ဂျင်းဘောင်းဘီ ၀တ်ရတာ ကြိုက်ရဲ့လားရှင့်။

ခေတ်တွေဘယ်လောက်ပြောင်းပြောင်း မပြောင်းလဲတဲ့ ဖက်ရှင်တစ်ခုကို ပြပါဆိုရင် ဂျင်းဖက်ရှင်လို့ပြောရမှာပါ။ ဂျင်းဘောင်းဘီနဲ့ ဖက်ရှင်ကျကျဝတ်ဆင်ဖို့ဟာ အသင့်တော်ဆုံးဖြစ်ပါတယ်။

ဂျင်းဘောင်းဘီကျပ်ကျပ်ကို အပေါ်က အိကျီ င်္အပွနဲ့ ဘောင်းဘီထဲထည့်ပြီးဝတ်တာဖြစ်ဖြစ် Cowboy စတိုင်လ် ထုတ်ပြီးဝတ်တာပဲဖြစ်ဖြစ် အရင်ခေတ်အဆက်ဆက်ကနေ ဒီကနေ့ထိ အမျိုးမျိုး တီထွင်ဝတ်လာခဲ့ကြတာပါ။

ဂျင်းဘောင်းဘီကို ရှုးဖိနပ်အပါး၊ အမြင့်၊ ဒေါက်ဖိနပ် ဘာနဲ့ပဲတွဲဝတ်ဝတ် အဆင်ပြေပါတယ်။

သွားရလာရတာလည်း အဆင်ပြေပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ပိုစေတဲ့ ဂျင်းဖက်ရှင်နဲ့ လန်းလိုက်ရအောင်နော်။

နိုင်ငံတကာက အကျော်အမော်တွေ ၀တ်ဆင်ခဲ့တဲ့ ဂျင်းဖက်ရှင်တွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။