မြန်မာနိုင်ငံတစ်ဝှမ်းရှိ တည်းခိုစရာ ဟိုတယ်များကို အကောင်ဆုံး အသက်သာဆုံးဈေးနှုန်းဖြင့် ရရှိနိုင်အောင် ဝန်ဆောင်မှုပေးနေသည့် Handler Myanmar OTA (Online Travel Agent) မှ ခရီးသွားပြည်သူများ အသုံးပြုနိုင်မည့် ၎င်းတို့၏ ဝက်ဘ်ဆိုဒ် နှင့် မိုဘိုင်း အပ်ပလီကေးရှင်း အား Lotte Hotel ၌ ယနေ့တွင် မိတ်ဆက်ပေးလိုက်ပါပြီ။ Handler Myanmar Travel Booking App အား ပြည်တွင်းကုမ္ပဏီတစ်ခုဖြစ်သော Myantel မှ ဖန်တီးပြုလုပ်ထားခြင်းဖြစ်ပြီး ဟိုတယ်ပိုင်ရှင်များ နှင့် ခရီးသွားခြင်းအား ကြိုက်နှစ်သက်သောသူများအတွက် ဟိုတယ်ဘိုကင်ပြုလုပ်ရာတွင် ကြုံတွေ့ရလေ့ရှိသော အခက်အခဲများကို ဖြေရှင်းပေးနိုင်သည့် App တစ်ခု အ‌ဖြစ် ဖန်တီးထားခြင်းဖြစ်ပါတယ်။

Handler Myanmar သည် “ONE VISION and ONE DREAM” ဆိုသည့် မျှော်မှန်းချက်ဖြင့် ပြည်တွင်းခရီးသွားလုပ်ငန်းကို မြှင့်တင်ရန် အတွက် သင့်တော်သော ဈေးနှုန်းများဖြင့် ရောင်းချပေးနိုင်မည့် ဟိုတယ်ဘိုကင်ပြုလုပ်ခြင်း လုပ်ငန်းစဉ်ကို အလွယ်တကူဆောင်ရွက်နိုင်ရန် ထောက်ပံ့ပေးနိုင်မည့် ပလပ်ဖောင်းတစ်ခု ဖန်တီးရန် ရည်ရွယ်ထားရှိပါတယ်။ အဆိုပါ မိတ်ဆက်ပွဲတွင် ခရီးသွားလုပ်ငန်းနယ်ပယ်ရှိ လုပ်ငန်းစု အသီးသီးမှ ထိပ်တန်းပုဂ္ဂိုလ်များ ၊ အနုပညာရှင်များ ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် စာနယ်ဇင်း မီဒီယာမှ လူကြီးမင်းများလည်း တက်ရောက်ခဲ့ပါတယ်။

“ကျွန်တော်တို့အနေနဲ့ ခရီးသွားသူအများစု ခရီးသွားခါနီး အလုပ်ရှုပ်ခံ ကြိုတင်ပြင်ဆင်နေရတဲ့ ကိစ္စမျိုးတွေ မရှိတော့အောင်ရယ် ခရီးသွားတဲ့အခါ လိုအပ်တဲ့အရာတွေကို ဈေးသက်သက်သာသာနဲ့ ဝန်ဆောင်မှုပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။ ကျွန်တော်တို့ရဲ့ အရည်အချင်းပြည့်‌ဝတဲ့ Handler Team နဲ့ မိတ်ဖက်ပါတနာတွေသာမရှိခဲ့ရင် အခုလိုမျိုး အချိန်တိုလေးအတွင်းမှာ ဒီလိုကောင်းမွန်တဲ့ App မျိုး ဖန်တီးနိုင်မှာမဟုတ်ပါဘူး။ အဲ့အတွက်ကြောင့် ဒီ App ဖြစ်လာဖို့ ပါဝင်ကူညီ ဆောင်ရွက်ပေးခဲ့တဲ့သူ တစ်ယောက်စီတိုင်းကို ကျေးဇူးတင်ရှိပါတယ်။ ဆက်လက်ပြီးတော့ ကျွန်တော်တို့ဘက်က အားအင်အပြည့် ယုံကြည်ချက်အပြည့်နဲ့ ပြည်တွင်းခရီးသွားပြည်သူတွေ အတွက် အကောင်းဆုံးဝန်ဆောင်မှုတွေ အသက်သာဆုံး‌ဈေးနှုန်းတွေကို ယူဆောင်လာပေးမှာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကြီး ဒီထက်မက ပိုပြီးတိုးတက်လာဖို့ကို ဆက်လက် လုပ်ဆောင်ကူညီသွားမှာပါ” ဟု Handler Myanmar ၏ တည်ထောင်သူ နှင့် CEO ဖြစ်သူ ကိုဓန မှ ပြောကြားခဲ့ပါတယ်။

Handler OTA (Online Travel Agent) တွင် ခရီးသွားများအတွက် အထူးသဖြင့် မိမိတို့ကိုယ်ပိုင် အစီအစဉ်ဖြင့် သွားရောက်လည်ပတ်သူ (Free Independent Traveler) များအတွက် များစွာသောကောင်းကျိုးများ ရရှိနိုင်မည်ဖြစ်ပြီး သုံးရလွယ်ကူစေမယ့် ပလပ်ဖောင်းတစ်ခုဖြစ်အောင် ဖန်တီးထားပါသည်။ ဤပလပ်ဖောင်းမှတစ်ဆင့် ပြည်တွင်းခရီးသွားများသည် ခရီးစဉ်များကို ကြိုတင်စီစဉ်ရာတွင် ဟိုတယ်များ နှင့် တိုက်ရိုက် ဆက်သွယ်နိုင်မည်ဖြစ်ပြီး လွယ်ကူစွာ ငွေပေးချေနိုင်ရန် အွန်လိုင်း‌ငွေချေစနစ်ဖြင့်သာမက ငွေသားဖြင့်ပါ ပေးချေနိုင်မည်ဖြစ်သည်။ ငွေပေးချေမှုများ အားလုံးကိုလည်း မြန်မာ ကျပ်ငွေ ဖြင့် ပေးချေနိုင်မည့်အပြင် မြန်မာနိုင်ငံသားများ အတွက် အကောင်းဆုံးဈေးနှုန်းဖြင့် ဝန်ဆောင်မှုပေးနေပြီး မြန်မာနိုင်ငံအတွင်းရှိ လူသုံးများ‌သည့် ငွေပေးချေမှုနည်းလမ်းများဖြစ်သော Visa ၊ Master ၊ MPU ၊ KBZPay ၊ Wave Money နှင့် M-Pitesan တို့ဖြင့် ပေးချေနိုင်မည့်အပြင် Grab & Go ၊ ABC စတိုးဆိုင် ၊ CityMart ၊ Denko Mart အစရှိသည့် အရောင်းဆိုင်များ၏ ကောင်တာတွေလည်း ငွေပေးချေနိုင်ရန် ဆောင်ရွက်ထားပါတယ်။

“ ကျွန်တော်တို့ ဒီ App ကို ဖန်တီးနေခဲ့တာ တစ်နှစ်ခွဲလောက်ရှိပါပြီ။ ကျွန်တော်တို့ App ကို အသုံးပြုသူတွေ သုံးရအဆင်ပြေအောင် ပြုလုပ်‌ပေးထားပြီးတော့ အဆင့် ၃ ဆင့်ထဲနဲ့ ဘိုကင်လုပ်နိုင်ခြင်း ၊ မြန်မာဘာသာ နဲ့ အင်္ဂလိပ်ဘာသာဆိုပြီး ဘာသာစကားရွေးချယ်နိုင်ခြင်း နဲ့ ဘိုကင်လုပ်နိုင်တဲ့ အခန်းလွတ်တွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးခြင်း စတဲ့ အားသာချက်တွေလည်း ရှိပါတယ်။ အသုံးပြုသူတွေအနေနဲ့ ဟိုတယ် အတွင်းခန်းပုံများကို အသေးစိတ်ကြည့်ရှူနိုင်မှာ ဖြစ်သလို Messenger မှတစ်ဆင့်လည်း ၂၄ နာရီ ဆက်သွယ်နိုင်တဲ့ customer service ကိုလည်း ဆက်သွယ်နိုင်မှာဖြစ်ပါတယ်။” ဟု Handler Myanmar ၏ တွဲဖက်တည်ထောင်သူ နှင့် COO ဖြစ်သူ ကိုအောင်နန်းမြင့် မှ ပြောကြားခဲ့ပါတယ်။

Handler အပ်ပလီကေးရှင်းကို iOS မှာသာမက Andriod ဖုန်းများတွင်ပါ ဒေါင်းလုတ်ဆွဲ၍ အသုံးပြုနိုင်မည်ဖြစ်ပြီး ဈေးကွက်အတွင်းရှိ အခြားသော အွန်လိုင်းခရီးသွားအေဂျင့်များ ၏ ဈေးနှုန်း ထက် ထက်ဝက်ခန့်အထိ သက်သာသော အကောင်းဆုံးဈေးနှုန်းများဖြင့် ဘိုကင်ပြုလုပ်နိုင်မည်ဖြစ်ပါတယ်။ လက်ရှိအချိန်တွင် Handler Myanmar မှ ‌မြို့နယ်ပေါင်း ၂၃ မြို့တွင် လွှမ်းခြုံထားပြီးဖြစ်၍ Hail အေးဂျင့် ဝန်ဆောင်မှု (မိနစ်သုံးဆယ်အတွင်း အကြောင်းပြန်ပေးသော ဝန်ဆောင်မှု) အား ထောက်ပံ့ပေးနိုင်သော ကိုယ်စားလှယ်ပေါင်း ၆၅၀ ကျော် နှင့် ‌Instant ဘိုကင်ဝန်ဆောင်မှု (ဘိုကင်ပြုလုပ်ပြီးသည်နှင့်တစ်ပြိုင်နက်အကြောင်း‌ပြန်ပေးမည့်ဝန်ဆောင်မှု) အား ထောက်ပံ့ပေးနိုင်သော ကိုယ်စားလှယ်‌ပေါင်း ၆၅ ခု တို့ဖြင့်ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။

Handler Myanmar သည် ဟိုတယ်ဘိုကင်ပြုလုပ်ရာတွင် အသက်သာဆုံးသောဈေးနှုန်းများဖြင့် ရရှိနိုင်အောင် ဝန်ဆောင်ပေးလျက်ရှိပြီး နောင်များတွင်လည်း လေယာဉ်လက်မှတ်များကို ဘိုကင်ပြုလုပ်နိုင်သည့် ဝန်ဆောင်မှုများ နှင့် ခရီးသွားကိုယ်စားလှယ်များအသုံးပြုနိုင်သည့် (ဝက်ဘ်ဆိုဒ်ဗားရှင်း နှင့် တက်ဘလက်ဗားရှင်း ဟူ၍ ဗားရှင်းနှစ်မျိုးဖြင့် ထောက်ပံ့ပေးမည့်) ဝန်ဆောင်မှုများကိုလည်း တိုးချဲ့ရန်အတွက် အကောင်အထည်ဖော်လျက်ရှိပါတယ်။ Handler အနေဖြင့် မြန်မာနိုင်ငံ၏ အလျင်မြန်ဆုံး ဟိုတယ်ဘိုကင်စနစ် ဖြစ်လာစေရန် အဆင့်မြှင့်တင်လျက်ရှိပြီး ပြည်တွင်းရှိ ခရီးသွားပြည်သူများအတွက် ရည်ရွယ်၍ ဖန်တီးထားသည့် App တစ်ခုဖြစ်သည်နှင့်အညီ ပြည်တွင်းခရီးသွားကဏ္ဍကိုလည်း ယခုထက် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ထောက်ပံ့ပေးသွားနိုင်ရန်လည်း ဆက်လက်၍ ကြိုးပမ်းသွားမည်ဖြစ်ပါတယ်။