ကိုယ်အလေးချိန်ကျဖို့ဆိုရင် လေ့ကျင့်ခန်းအပြင်းအထန်လုပ်ပြီး အားစိုက်ထုတ်မှုအမြောက်အမြားလိုအပ်တာ စာဖတ်သူတို့လည်း သိပြီးသားဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ လေ့လာချက်တွေအရ လူသားတွေက သူတို့ရဲ့အလေ့အထအချို့ကိုပြောင်းလဲပေးမယ်ဆိုရင် သိပ်အားစိုက်ထုတ်စရာမလိုဘဲ ကိုယ်အလေးချိန်ကျစေတယ်လို့ လေ့လာတွေ့ရှိရပါတယ်။ ဘယ်လို အလေ့အကျင့်လေးတွေဖြစ်မလဲဆိုတာ အတူတူဖတ်ကြည့်လိုက်ရအောင်နော်။

၁။ မတ်မတ်ထိုင်ပါ

အလုပ်လုပ်နေတဲ့အချိန်၊ အစားစားနေတဲ့အချိန်၊ တီဗွီကြည့်နေတဲ့အချိန်တွေမှာ ခါးမတ်မတ်ထားခြင်း၊ ပုခုံးမတ်မတ်ထားပြီးထိုင်ခြင်းက ဝိတ်ချဖို့အတွက် အထိရောက်ဆုံးနဲ့ အမြန်ဆုံးနီးလမ်းပါပဲ။

၂။ အစပ်စားပါ

အစပ်အစားအစာများက Capsaicin လို့ခေါ်တဲ့ ခန္ဓာကိုယ်ထဲကအဆီကို လောင်ကျွမ်းစေတဲ့ ဒြပ်ပေါင်းတစ်မျိုးပါဝင်ပါတယ်။ အစပ်စားပေးမယ်ဆို ခန္ဓာကိုယ်ဇီဝဖြစ်စဉ်ကို ၂၀ ရာခိုင်နှုန်းခန့်တိုးမြှင့်ပေးပါတယ်။ ဒါပေမဲ့ ညဘက်မှာ အစပ်စားခြင်းကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။ သင့်အစာအိမ်ကို ဒုက္ခပေးပြီး အိပ်ရေးပျက်စေနိုင်လို့ပါပဲ။

၃။ အစားအစာကို ဖြည်းဖြည်းဝါးစားပါ

အစားအစာကို ဖြည်းဖြည်းချင်းစားပေးမယ်ဆိုရင် သင့်ဦးနှောက်ကို ဘယ်ပမာဏလောက်စားရင် ဗိုက်ဝနေပြီလဲဆိုတာ အချက်လှမ်းပေးလို့ရပါတယ်။ သင့်ကို အစားအလွန်အကျွံစားမိခြင်းက ကာကွယ်ပေးပြီး ကယ်လိုရီပမာဏကိုလည်း လျော့ချပေးနိုင်ပါတယ်။

၄။ ဟင်းသီးဟင်းရွက်များကို မနက်စာအဖြစ်စားသုံးပါ

တစ်နေ့တာလုံးအတွက် စွမ်းအင်တွေပြည့်ဝနေဖို့အတွက် မနက်စာက ၂၅ ရာခိုင်နှုန်းခန့် ထောက်ပံ့ပေးနိုင်ပါတယ်။ စားရေးဆရာမ Judy Koutsky က မနက်စာကို ဟင်းသီးဟင်းရွက်တွေပဲ တစ်လလောက် ပုံမှန်စားပေးပြီးတဲ့နောက် သူမမှာ ကျစ်လျစ်လှပတဲ့ခန္ဓာကိုယ်လေး ပိုင်ဆိုင်ခဲ့ရပါတယ်။ ဟင်းသီးဟင်းရွက်မနက်စာက သင့်ရဲ့ကယ်လိုရီပမာဏကို လျော့ချပေးပြီး သင့်ရဲ့အူလမ်းကြောင်းကိုလည်း ကောင်းမွန်စေတဲ့အပြင် အစားအသောက်အလွန်အကျွံစားခြင်းမှလည်း ကာကွယ်ပေးပါတယ်။

၅။ လှေကားအသုံးပြုပါ

ဓာတ်လှေကားအသုံးပြုမယ့်အစား ရိုးရိုးလှေကားအသုံးပြုခြင်းက ကိုယ်အလေးချိန်ကျဖို့ကူညီပေးနိုင်ပါတယ်။ တစ်နေ့ကို လှေကားနှစ်ထစ်ပုံမှန်တက်ခြင်းက တစ်နှစ်ကြာတဲ့အခါ ကိုယ်အလေးချိန်ခြောက်ပေါင်ခန့် လျော့ချပေးနိုင်ပါတယ်။ ဒါ့ကြောင့် ရိုးရိုးလှေကားသာအသုံးပြုပါ။

၆။ အစားမစားခင် ရေ ၂ ခွက်သောက်ပါ

အစားမစားခင် ရေ ၂ ခွက်ခန့်သောက်ပေးမယ်ဆိုရင် အစားအလွန်အကျွံစားမိခြင်းမှ ကာကွယ်ပေးပြီး သင့်ကိုဗိုက်မြန်မြန်ပြည့်အောင် ကူညီပေးပါတယ်။

၇။ အသက်ပြင်းပြင်းရှူပါ

အသက်ပြင်းပြင်းရှူခြင်းအားဖြင့် သင့်ကိုစိတ်ဖိစီးစေပြီး ကိုယ်အလေးချိန်တက်စေတဲ့ Cortisol ပမာဏကို လျော့ချပေးနိုင်ပါတယ်။

၈။ မတ်တပ်ရပ်စောင့်ပါ

ဘတ်စ်ကားစောင့်တာပဲဖြစ်ဖြစ်၊ ရထားစောင့်တာပဲဖြစ်ဖြစ် မတ်တပ်ရပ်စောင့်ပါ။ တစ်နာရီ မတ်တပ်ရပ်ခြင်းက ထိုင်နေတာထက်စာရင် ကယ်လိုရီ ၅၀ ခန့် လောင်ကျွမ်းပေးနိုင်ပါတယ်။

Source : Brightside.me