လက်ဆောင်ပေးတယ်ဆိုတာ အမှတ်တရတစ်ခု တည်ဆောက်တာ ဖြစ်သလို အလေးထားကြောင်း ဖော်ပြလိုက်တာလည်း ဖြစ်ပါတယ်။ သင်ပေးတဲ့ လက်ဆောင်ဟာ အမြဲလိုလို အမှတ်တရ ဖြစ်စေပြီး သင့်အ‌လေးထားမှုကို မြင်သာစေဖို့ လိုပါတယ်။ နာရီတစ်လုံးဟာ အမှတ်တရနဲ့ အလေးအနက် ထားမှုကို ဖော်ပြနိုင်တဲ့ လက်ဆောင်ဖြစ်ပါတယ်။ အထူးသဖြင့် အခုပြောမယ့် အချက်တွေကြောင့် နာရီတစ်လုံးဟာ အကောင်းဆုံး လက်ဆောင် ဖြစ်လာနိုင်ပါတယ်။

(၁) နာရီလက်ဆောင်ပေးတယ်ဆိုတာ အချိန်လက်ဆောင်ပေးတာ ဖြစ်လို့ပါ

Source : Business Insider

နာရီတွေရဲ့ အဓိက အလုပ်ဟာ အချိန်ကို ဖော်ပြဖို့ ဖြစ်ပါတယ်။ အချိန်ဆိုတာ ဘဝကို ဖွဲ့စည်းထားတဲ့ ကာလလေးတွေပါ။ တစ်နည်းအားဖြင့် နာရီတစ်လုံးကို လက်ဆောင်ပေးတယ်ဆိုတာ ဘဝရဲ့ အရေးပါတဲ့ အချိန်လေးတွေ လက်ဆောင်ပေးလိုက်တာ ဖြစ်ပါတယ်။ နာရီပေါ်က အချိန်တွေ ပြေးလွှားနေတာကို ကြည့်ရင်း အချိန်တွေ တရွေ့ရွေ့ကုန်ဆုံးသွားတာကို အလေးအနက် နားလည်တန်ဖိုးထားလာနိုင်ပါတယ်။

(၂) နာရီတွေက နေ့တိုင်း ဝတ်ဖြစ်တယ်

Source : Business Insider

နာရီဆိုတာ လူတိုင်းရဲ့ လက်မှာ အပြင်သွားတိုင်း အမြဲပါတဲ့ အသုံးအဆောင်ပါ။ နာရီတွေဟာ လက်ဆောင်ပေးလိုက်လို့ အလကားဖြစ်မသွားတဲ့ ပစ္စည်းထဲမှာ ပါပါတယ်။ နာရီတွေဟာ နှစ်ပေါင်းများစွာ ဝတ်ဆင်ထားလို့ရပြီး အမြဲတမ်း အသုံးဝင်တဲ့ လက်ဆောင်ပါ။

(၃) နာရီတွေက စိတ်အခံကို ပြောနိုင်တယ်

Source : Business Insider

လက်ဆောင်ပေးသူဟာ ဘယ်လိုလူမျိုးလဲဆိုတာကို သူပေးတဲ့ လက်ဆောင်ကြည့်ပြီး ခန့်မှန်းလို့ ရပါတယ်။ နာရီလက်ဆောင်ပေးသူဟာ အချိန်ကို တန်ဖိုးထားတတ်သူ ၊ စမတ်ကျကျ နေတတ်သူ နဲ့ လေးနက်မှုရှိသူ ဖြစ်တတ်ပါတယ်။ Classic Chronograph နာရီပေးတာလား ၊ လယ်သာကြိုးနဲ့ ဒီဇိုင်းရိုးရိုးရှင်းရှင်း နာရီလား ဒါမှမဟုတ် ခေတ်ပေါ် စမတ်နာရီပေးတာလား ကြည့်ပြီး နာရီပေးသူရဲ့ စိတ်နေစိတ်ထား နဲ့ သင့်အပေါ် သဘောထားကို မှန်းကြည့်လို့ရပါတယ်။

(၄) နာရီက လက်ဆောင်ပေးသူကို အမြဲသတိရစေတယ်

Source : Business Insider

လက်မှာ အမြဲပတ်ထားဖြစ်တာကြောင့် အချိန်သိဖို့ နာရီကြည့်တိုင်း ဒီနာရီ လက်ဆောင်ပေးသူကို သတိရဖြစ်မှာပါ။ နာရီလက်ဆောင်ပေးခြင်းဟာ တစ်ယောက်ယောက်ကို သင့်အကြောင်း အမြဲစဉ်းစားနေအောင် လုပ်လိုက်တာနဲ့ အတူတူပါပဲ။ နာရီဟာ နေ့စဉ်ဘဝမှာ အမြဲတမ်း အတူရှိနေတဲ့ အသုံးအဆောင်ဖြစ်လို့ လက်ဆောင်ပေးသူဟာ လက်ဆောင်လက်ခံသူရဲ့ အနားမှာ အမြဲ ရှိနေတော့မှာပါ။