ရာသီဥတုအပြောင်းအလဲမှာ ရောဂါဝင်ရောက်လွယ်သလိုပဲ သင့်မျက်နှာအရေပြားဟာလည်း အညစ်အကြေးကပ်ဖို့ လွယ်ကူပါတယ်။ အထူးသဖြင့် မိုးရာသီမှာ ပိုဆိုးပါတယ်။ အပူချိန်အပြောင်းအလဲမြန်တာ၊ စိုထိုင်းမှုတွေက မျက်နှာအသားအရေသာမက သင့်ဦးရေပြားအတွက်ပါ မကောင်းပါဘူး။ ဝက်ခြံထွက်တာ၊ ဗောက်ထတာနဲ့ ချွေးပေါက်ပိတ်တာတွေဖြစ်ဖို့ လွယ်ကူပါတယ်။

ဒါကြောင့် မိုးရာသီမှာလည်း အသားအရေချောမွေ့ပြီး အဖုကင်းစင်စေဖို့ ပြောင်းလဲရမယ့် ထိန်းသိမ်းနည်း ၄ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ရေဓာတ်အခြေခံထားတဲ့ အလှကုန်မျိုးရွေးပါ

Source: Her Prestige

သင့်ရဲ့ အစိုဓာတ်ထိန်းခရင်ကို သိပ်သည်းဆနည်းတာမျိုးကို ဦးစားပေးရွေးချယ်သင့်ပါတယ်။ အဆီဓာတ်ပါဝင်မှုများတဲ့ အစိုဓာတ်ထိန်းခရင်တွေထက် Hyaluronic Acid ပါဝင်တဲ့အလှကုန်မျိုး ဒါမှမဟုတ် ရေဓာတ်အခြေခံ Water-based Formula ပါဝင်တဲ့ အစိုဓာတ်ထိန်းခရင်ကို ရွေးချယ်ရပါမယ်။ ဘာလို့လဲဆိုတော့ စိုစွတ်တဲ့အချိန်မှာ အရေပြားဟာ ရေဓာတ်သိုလှောင်ထားတတ်ပါတယ်။ Oil Based Cream တွေကို သုံးလိုက်တဲ့အချိန်မှာ ချွေးပေါက်ပိတ်သွားစေပြီး နှာခေါင်းနဲ့ မေးစေ့နေရာတွေမှာ ဆားဝက်ခြံဖြစ်စေပါတယ်။ Make Up ရွေးချိန်မှာလည်း Oil Free အလှကုန်မျိုးကို ရွေးသင့်ပါတယ်။ Waterproof Type ကတော့ ဒီရာသီအတွက် အသင့်တော်ဆုံးပါ။ ဒါပေမဲ့ Waterproof Makeup တွေက ဖျက်ရခက်တာကြောင့် မျက်နှာကို အိပ်ရာမဝင်ခင် ဂရုတစိုက် သန့်ရှင်းပေးဖို့ လိုအပ်ပါတယ်။

၂။ မျက်နှာ ၂ ကြိမ်သစ်တဲ့ နိယာမကို ပြုလုပ်ပေးပါ

Source: Allure

စိုစွတ်မှုများခြင်းက ချွေးထွက်များပြီး အဆီပိုပြန်စေပါတယ်။ Waterproof Make Up ကို သုံးလိုက်ရင်တော့ မိတ်ကပ်ဖျက်ဆေးနဲ့ တစ်ကြိမ်ဖျက်ရုံနဲ့ မလုံလောက်ပါဘူး။ ဝက်ခြံတွေဟာ မိုးရာသီမှာ အဖြစ်ပိုများပါတယ်။ ဘတ်တီးရီးယားတွေ လွယ်ကူစွာ ခိုအောင်းနိုင်တာမို့ သင့်မျက်နှာကို ဂရုတစိုက် ဆေးကြောပေးဖို့ လိုအပ်ပါတယ်။ မဟုတ်ရင်တော့ ဝက်ခြံတွေကို Hello လို့ နှုတ်ဆက်ဖို့သာ ပြင်ထားပါတော့။

၃။ မှိုသတ်ပေးတဲ့ ပေါင်ဒါမှုန့်ကို ထည့်သုံးပေးပါ

Source: Etsy

မိုးရာသီမှာ ခန္ဓာကိုယ်ယားယံမှုဖြစ်စေပါတယ်။ ဒီအတွက် ရေပုံမှန်ချိုးပေးတာ၊ ချည်ထည် အင်္ကျီတွေကို ဝတ်ပေးတာမျိုး ပြုလုပ်ပေးရပါတယ်။ မှိုသတ်ပေးတဲ့ အမှုန့်ကို ရေချိုးပြီးနောက် သုံးဖို့လည်း ပညာရှင်တွေက အကြံပေးထားကြပါတယ်။ ရေချိုးတဲ့နေရာမှာလည်း ရေနွေးမသုံးမိဖို့ပါ။ ရေနွေးနဲ့ ရေချိုးခြင်းက pH ထိန်းညှိမှုကို ဂယောက်ဂယက်ဖြစ်စေပြီး အသားအရေခြောက်သွေ့စေပါတယ်။

၎။ ဦးရေပြားကို ဂရုစိုက်ပေးပါ

Source: Reader’s Digest

သင်သတိထားမိမှာပါ။ ခေါင်းလျော်တာ သိပ်မကြာသေးဘူး။ ခေါင်းက အနံ့ထွက်နေပြန်ပြီ။ ဒါတွေဟာ မိုးရာသီကြောင့်ပါ။ သင့်ရဲ့အလှအပတွက် မျက်နှာသာမက ဦးရေပြားကျန်းမာရေးကလည်းအရေးပါပါတယ်။ ဒါကြောင့် ရက်စိပ်စိပ်နဲ့ ခေါင်းလျော်ပေးတာ ဗောက်ပျောက်ရှန်ပူသုံးပေးတာမျိုး ပြုလုပ်ပေးရပါမယ်။

By MyStyle Myanmar