သွား တွေ ယိုယွင်းပျက်ဆီးခြင်းက သကြား၊ ကြံသကြာ စတဲ့ ကာဘွန်ဟိုက်ဒရိတ်များတဲ့ အစားအစာတွေ ခံတွင်းမှာ ကျန်ခဲ့လို့ဖြစ်ပါတယ်။ အဲဒီအစားအစာတွေက ဘက်တီးရီးယားတွေဟာ ကြီးထွားလာပြီး အက်ဆစ်တွေကို ထုတ်ပေးပါတယ်။ ဒါ့ကြောင့် သွားတွေကိုဖျက်ဆီးပြီး သွားခေါင်းပေါက်တွေ စြဖ်ပေါ်စေတာပါ။

အခုလို သွားခေါင်းပေါက်ဖြစ်တာတွေကို ပျောက်ကင်းစေဖို့ သဘာဝနည်းလမ်း ၄ သွယ်ကို မျှဝေပေးပါမယ်။

၁။ သကြားကိုရှောင်ပါ။

သကြားပါတဲ့ အစားအစာတွေ စားသုံးခြင်းကနေ ရှောင်ကျဉ်ပါ။

၂။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာတွေစားပါ။

အသီးအနှံ၊ အုန်းဆီ၊ ထောပတ်စတဲ့ သွားအတွက်ကောင်းမွန်တဲ့ အစားအစာတွေစားပေးပါ။

၃။ Phytic Acid တွေကိုဖယ်ရှားပါ။

Pytic Acid ဟာ အခွံမာအသီးတွေ၊ ပဲအမျိုးမျိုးတွေမှာ တွေ့ရလေ့ရှိပါတယ်။ အခုလို အစားအစာတွေကို စားပြီးရင်လည်း သွားတိုက်ပါ။

၄။ ကိုယ်ပုံမှန်သုံးနေတဲ့ သွားတိုက်ဆေးကို ပြောင်းသုံးပါ။

တစ်ချို့သွားတိုက်ဆေးတွေ Fluoride ပါဝင်ပေမယ့် ဈေးကြီးလွန်းပါတယ်။ ဈေးသက်သာတဲ့ သွားတိုက်ဆေးဝယ်သုံးပြန်ရင်လည်း Fluoride မပါဝင်ပါဘူး။

သဘာဝသွားတိုက်ဆေးကို ကိုယ်တိုင်လုပ်ရအောင်ပါ။

အုန်းဆီ လက်ဖက်ရည်ဇွန်း တစ်ဝက်

မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်

စတာတွေကို ရောပြီး သွားတိုက်ပေးပါ။

သွားပိုးစားခြင်း သွားခေါင်းပေါက်ဖြစ်ခြင်းတို့ကြောင့် သွားကိုက်နေရင်တော့

လေးညှင်းပွင့်ဆီကို ဝါဂွမ်းလေးနဲ့တို့ပြီး ကိုက်ထားပေးပါ။